Skip to main content

Posts

Showing posts from October, 2021

သရဏံဂုံ ( ၃၀ )မန္တာန် နှင့် ကျွန်တော်ကိုယ်တွေ့

------------------------- ပဲခူးမြေကိုအခြေပြန်ချဖြစ်တာသိပ်မကြာသေးပါ။ အလုပ်နဲ့ပက်သက်ပြီးနေရာအနှံ့အပြားကိုခြေဆန့်ခဲ့သည်။ မြို့...တော်တော်စုံစုံရောက်သလို တောတောင်တွေထဲလဲရောက်ခဲ့ရသည်။ အခုတော့ခရီးသွားရမဲ့ကိစ္စတွေ ၊ဗျာများပြီးတည်ငြိမ်မှုကင်းတဲ့အလုပ်တွေကို ကျောခိုင်းထားချင်ပြီ။ ဇာတိမြေအိမ်ကိုပြန်ရောက်တိုင်း ပထမဆုံးရောက်ဖြစ်တာက ရွှေမော်ဓောစေတီတော်မြတ်ကြီးပါ။ ကလေးဘဝကတည်းက အမြဲလိုလိုရောက်ဖြစ်သည့်စေတီတော်။ ရင်ပြင်တော်ကျယ်၍ မိမိတို့ကြိုက်နှစ်သက်ရာ အာရုံခံတန်ဆောင်းတွင် ဘုရားရှိခိုး၊ ဂုဏ်တော်ပွား ၊မေတ္တာပို့၊အမျှဝေပြီးအေးချမ်းစွာ တရားနှလုံးသွင်းလို့ရသည်။ ကျွန်တော်ကတော့ဘုရားဝတ်ပြုပြီးတိုင်းအင်္ဂါထောင့်နားရှိခရေပင်ကြီးအောက်မှာထိုင်ပြီး ဘုရားရှင်၏ဉာဏ်တော်ကို ဖူးမဝဖြစ်ရသည်။ ရာသီချိန်မဟုတ်၍ ခရေပန်းတွေမပွင့်သေး။ မိုးနံ့ကလေးကျန်သေး၍ ခရေရွက်တွေစိမ်းစိုနေသည်။ ရွက်ခြေက်တွေမရှိ။ ခရေပင်ကြီးအောက်ရောက်တိုင်းလွန်ခဲ့သော ဆယ်စုနှစ်ကျော်အချိန်ကအဖြစ်အပျက်လေးကိုပြန်တွေးမိရင်း....သတိရရင်းနှင့်........... --------------------------------------------------------- ရာသီက ဆောင်းရာသီကုန်ခါနီ...

ကျန်းမာခြင်း (သို့)သက်တော်မြဲဂါထာ

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ ကာလံ၊ ကရောန္တော အတိဒုက္ကရာနိ။ ခေဒံ ဂတော လောကဟိတာယ နာထော၊ နမော မဟာကာရုဏိကဿ တဿ ။ ယောနာထော - ဝေနေယျများစွာ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊ နာထမည်ငြား၊ အကြင် ရှင်တော်မြတ်ဘုရားသည်၊ ကပ္ပကောဋီဟိပိ - ကုဋေကမ္ဘာ၊ အရေအတွက် သင်္ချာတို့ဖြင့်သော်လည်း၊ အပ္ပမေယျ - ရေတွက်တိုင်းတာ၊ ဖော်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊ ကာလံ - လေးအသင်္ချေ၊ သိန်းနေကမ္ဘာ၊ ရှည်ကြာသော ကာလပတ်လုံး၊ လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊ အတိဒုက္ကရာနိ - ဥစ္စာအသက်၊ ခြေ လက် အင်္ဂါ၊ မေတ္တာကြီးမား၊ သမီးသားနှင့်၊ သက်ထားဇနီး၊ စွန့်ခြင်းကြီးဟု၊ ကြက်သီးထဖွယ် ငါးသွယ်အစု၊ အလွန်ခဲယဉ်းသောအမှုတို့ကို၊ ကရောန္တော - ဘုရား ဖြစ်ရန်၊ ရည်သန်ကြိုးကုတ်၊ အားထုတ်တော်မူရသည်ဖြစ်၍၊ ခေဒံ - လက် ခြေ မျက်လုံး၊ အသက်ဆုံးလျက်၊ နှလုံးစိတ်ဝမ်း၊ ကိုယ်တော်၏ ပင်ပန်းခြင်းသို့၊ ဂတော - ဘဝတန်တန်၊ ကြိမ်ဖန်များစွာ၊ ရောက်တော်မူခဲ့ရရှာလေပြီ၊ မဟာကရုဏိကဿ - သတ္တဝါများ၊ ရင်ဝယ်သားကဲ့သို့၊ သနားချစ်ခင်၊ မဟာကရုဏာရှင်ဖြစ်တော်မူသော၊ တဿ နာထဿ - ဝေနေယျများစွာ၊ သတ္တဝါ၏၊ ချမ်းသာစီးပွား၊ လိုလားတောင့်တ၊ ဂုဏ်ပေါင်းခသဖြင့်၊ နာထမည်ငြာ...

ကျွန်တော် မှတ်သားခဲ့ဖူးသော ရုက္ခစိုး ယတြာ

လွန်ခဲ့သောနှစ်များစွာက....။ ကဆုန်လပြည့်နေ..။ လူအများသိကြတဲ့ ကဆုန်ညောင်ရေသွန်းပွဲနေ့။ ကဆုန်လထဲ ရောက်ပေမဲ့ ကောင်းကင်တွင် မိုးရိပ်တိမ်ရိပ်ပင်မမြင်ရသေး။ နွေလေရူးက တဖြူ းဖြူ း တိုက်ခတ်ပေမဲ့ လေပူကြီးတွေသာ။ ရွှေမော်ဓောဘုရားရှိ ဗေဓိညောင်ပင်မှာ ညောင်ရေသွန်းဖို့အတွက် ရွှေမောဓောဘုရားနှင့် ဟင်္သာကုန်း ဘုရားကို ဆက်သွယ်ထားတဲ့ ဦးခန္တီတန်ဆောင်းအတိုင်း တရွေ့ရွေ့ လမ်းလျှောက်လာခဲ့သည်။ ရွှေမောဓောဘုရားရင်ပြင် အရှေ့ဘက်မုခ်အနီး ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းသူတွေနဲ့ စည်ကားနေသည်။ လူတွေကြိတ်ကြိတ်တိုးနေတာကြောင့် ချက်ချင်းညောင်ရေမသွန်းသေးဘဲ အရှေ့ဘက်မုခ်ရှိ ကကုဿ န်ဘုရားတန်ဆောင်းတွင် ဘုရားဝတ်ပြု ပြီး ပရိတ်ပဌာန်းရွတ်နေမိလေသည်။ လူအနည်းငယ်ရှင်းသွားမှပဲ ညောင်ရေသွန်းဖြစ်သည်။ ဝေယျဝစ္စအဖွဲ့တွေ ဂေါပကလူကြီးတွေရဲ့ ကျေးဇူးကြောင့် အဆင်သင့် ညောင်ရေသွန်းခွင့်ရလေသည်။ ညောင်ရေသွန်းပြီး ရင်ပြင်တော်ကို လက်ယာရစ် ပတ်ပြီး ဂုဏ်တော်ပွားနေမိသည်။ "ငါတူ ဘုရားလာတာလားကြဲ.." အသံလာရာဘက်ကြည့်လိုက်တော့ အဘမင်းသိုက် ။ "ဟာ အဘရောက်နေတာ ကြာပြီလား " "ကြာပြီပဲ ဆိုပါတော့ကွယ်" "ညောင်ရေရော သွန်းခဲ့...