Skip to main content

Posts

Showing posts from April, 2022
  #၁၃၈၄ခုနှစ်အတွက်တနင်္ဂနွေသားသမီးတစ်နှစ်စာဟောကိန်း တနင်္ဂနွေသားသမီးတွေက ဒီနှစ်ကံကို မျက်စိထဲမြင်အောင်ပြောရရင် တစ်ခုခုထမ်းပိုးပြီး လမ်းလျှောက် ဈေးရောင်းတဲ့ ခေါင်းရွက်ဖျက်ထိုးသည်နဲ့ တူပါတယ်။ မပေါ့ပါးဘူး။ တစ်ခုခုကိုလေးလံစွာ ထမ်းပိုးပြီး လျှောက်နေရ တဲ့နှစ်မျိုးပါပဲ။ မိသားစုထဲမှာဆိုလဲ မိသားစုတာဝန်တွေက မိမိပေါ်ကျလာတာမျိုး၊ ဝန်ထမ်းဆိုလဲ မိမိကို တာဝန် အလုပ်တွေပိုခိုင်းပြီး အချိန်ပြည့်အလုပ်များနေတာမျိုးဖြစ်တတ်တဲ့နှစ်ပါ။ အချို့အလုပ်ကြော်ငြာတွေလို ဖိအားတွေ အောက်မှာ လုပ်ကိုင်နိုင်သူဖြစ်ရမယ် ဆိုတဲ့စကားက ဒီနှစ်တနင်္ဂနွေသားသမီးတွေကို တင်စားပြောဆိုရမဲ့ နှစ်ပဲဖြစ်ပါတယ်။ ပင်ပန်းလိမ့်မယ်ပေါ့ဗျ။ ဒီနှစ်မျိုးဟာ တနင်္ဂနွေသားသမီးကံကြမ္မာက ဉာဏ်၊ဝီရိယဆိုတာထက် ကံကြမ္မာကသာ အလေးသာပြီးကံစီမံ ရာကို လွန်ဆန်ဖို့ ခက်ခဲနေတဲ့နှစ်လဲဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်တရားတွေကို အမြဲတမ်းထုံမွှန်းထားသူတွေက တော့ဒီနှစ်မှာ ‌ကောင်းသောကံတွေဖြစ်လာပေမဲ့ ရတနာသုံးပါးကို မေ့နေသူတွေ အကုသိုလ်များသူတွေကတော့ဒီနှစ် မှာ အဆိုးများအညံ့များနိုင်တာကိုတွေ့ရပါတယ်။ #အလုပ်စီးပွားကံ အလုပ်ကံတွေကောင်းနေပေမဲ့ ပင်ပန်းမှုတွေနဲ့ တွဲပါနေတတ်တဲ့နှစ်ပါပဲ။ န...