Skip to main content

Posts

Recent posts
  ''အိမ်ထောင်ရေးအတွေးမမှားရလေအောင်'' ဒီနေ့တော့ ခုနှစ်ရက်သားသမီးများအတွက် အိမ်ထောင်ရေးနဲ့ပက်သက်တဲ့သိသင့်တဲ့အချက်လေးတစ်ချို့ကိုတင်ပြချင်ပါတယ်။လက်မထပ်ရသေးပေမယ့် အနာဂတ်အချစ်ရေး အိမ်ထောင်ရေးအတွက်ပူပင်ကြောင့်ကျနေ ရ တဲ့သူတွေအတွက်ပါ။ ဘာတွေ ပြောပြချင်လဲဆိုတော့လက်ထပ်တဲ့အခါမှာ ဘယ်လိုနေ့သားတွေကို ရှောင်သင့်လဲ ဆိုတာပြောချင်ပါတယ်။ ဆရာအစဉ်အဆက်မှတ်သားဖူးတာက မိမိရဲ့ မူလမဟာဘုတ်မှာ ဘင်္ဂအိမ် ပုတိအိမ်တွေမှာ ရပ်တည်နေတဲ့ နေနံတွေကိုအိမ်ထောင်ဘက် အဖြစ်မရွေးချယ်သင့်ဘူးလိုဆိုပါတယ်။ ဆရာတွေပြောတဲ့စကားအရမ်းမှန်ပါတယ်။ ဗေဒင်ပညာနဲ့ဟောပြောအကြံဉာဏ်ပေးလာခဲ့တဲ့သက်တမ်းတလျှောက် ဗေဒင် လာမေးကြ သူတွေရဲ့ အိမ်ထောင်ဘက်နေ့နံ တွေ ဟာ ဇာတာရှင်ရဲ့မူလမဟာဘုတ်မှာ ဘင်္ဂအိမ် ပုတိအိမ်တွေမှာရှိနေကြတဲ့ သူတွေဆိုရင် အိမ်ထောင်ရေးအဆင်မပြေတာတွေ သဘောထားမတိုက်ဆိုင်လို့ကွဲသွားကြသူ တွေ နှစ်ဖက်အသိုင်းအဝိုင်းကြောင့် လင်မယားချင်း တကျက်ကျက် ဖြစ်နေတာ တွေကို အမြဲပဲမြင်တွေ့နေရပါတယ်။ သည်တော့ကာ မိမိရဲ့မွေးသက္ကရာဇ်ကို ခုနှစ်ဖြင့်စားပါ။ဥပမာ ၁၃၅၅ ခုနှစ်မှာမွေးတဲ့သူ ဆိုပါစို့။ ၁၃၅၂÷၇=၁ ကြွင်းပါတယ်။ အောက်မှာအကြွင်းအတိုင်းရှောင်ရမဲ့နေ့ ...
  ''အိမ်အရောင်းထွက်အောင် ဓာတ်ရိုက်နည်း'' အိမ်ဓာတ်ရိုက်မည်ဆိုရင်တော့ အိမ်သားတွေထဲမှာ တနင်္ဂနွေသားရှိမရှိ အရင်ကြည့်ရပါမယ်။ တနင်္ဂနွေသားသားသမီး ရှိခဲ့မယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်းစီရင်ကြပါ။ အိမ်ဂရန်စာရွက်(သို့)အိမ်ပိုင်ဆိုင်ကြောင်းပြသည့်စာရွက်တစ်ရွက်အား ဘုရားဆောင်ပေါ်တွင်ပလပ်စတစ် အိတ်ဖြင့်ထည့်၍တင်ထားပါ။ ထိုစာရွက်ပေါ်တွင် ငွေလာပန်းအိုးတစ်အိုးတင်ထားပါ။ငွေလာပန်းညှိုးရင်လဲ ပေးပါ။ ထိုနောက်တစ်ပတ်တကြိမ်လုပ်ရန်မှာ ဘုရား ဆောင်ရှေ့တွင်ခုံတစ်လုံးချပါ။ထိုခုံပေါ်တွင် ပုလင်းအလွတ်တစ်လုံးတင် အဲဒီထဲကို အမွှေးတိုင်ခုနှစ် တိုင်ထွန်းညှိပြီး ''ဤအိမ်နှင့်သက်ဆိုင်သော ပုဂ္ဂိုလ်များအား အမွှေးနံ့သာနှင့်ဒါနပြုပါတယ်။ သင်တို့မှတဆင့်ဘုရားရှင်ကိုပူဇော်ပါ။ကျွန်တော်တို့သည် ဒီအိမ်ကိုရောင်းတော့မှာဖြစ်၍ ဤအိမ်တွင်နေသင့်နေထိုက်သည့်ပုဂ္ဂိုလ်များ သင်တို့နှင့် ပဋ္ဌာန်းဆက်ရှိသည့်သူများအား မေတ္တာဖြင့်အမြန်ဆုံး ခေါ်ယူပါ ''ဟူသောစကားကိုခုနှစ်ခေါက်ရွတ်ပါ။ နံနက်ဝေလီဝေလင်း(သို့)ည ၁၁နာရီတွင်ပြောပါ။ အမွှေးတိုင်ထွန်းနေစဉ်သတ္တဝါများကိုအမျှအတန်းပေးဝေပါ။မေတ္တာပို့ပါ။ တနင်္ဂနွေသားသမီးများမ...

''ကားလုပ်ငန်းနှင့် ပါတ်သက်၍ အောင်မြင်စေသောယတြာ ''

ဤpost ကိုရေးမယ် ရေးမယ်နဲ့ အလုပ်မအားတာရယ် လိုင်းပေါ်ကမေးတဲ့သူတွေကိုပြန်ဟောပေးဖြစ်နေတာရယ်ကြောင့် တစ်ဝက်တစ်ပျက်နဲ့ အဆုံးမသတ်ဖြစ်ခဲ့ပါဘူး။ တမြန်နေ့က ကား accident မိမိရှေ့မှာဖြစ်တာမြင်လိုက်တော့မှ ဒီpostကိုအမြန်ရေးတင်လိုက်တာပါ။ ဒီစာကိုဖတ်မိတဲ့သူတွေလဲတတ်နိုင်သလောက်ပြန် Shareပေးပါ။ ကားနဲ့ပက်သက်သူတွေအတွက် အန္တရာယ်ကင်းပြီးကောင်းကျိုးတွေအလွန်ပေးတာမို့ပါ။ '' ဆရာရေ ကားတွေစျေးချိုလာတာနဲ့ ကျွန်တော်လဲကားလေးတစ်စီးဝယ်စီးဖြစ်တယ်ဆရာ ကျွန်တော်ကားကိုဝပ်ရှော့ခဏခဏမပို့ရအောင်နဲ့ လမ်းခရီးမှာအန္တရာယ်တွေကင်းအောင် အစီအရင်တွေလုပ်ပေးပါဦး'' ''ဆရာရေ အိမ်စီးပွားရေးကmini bus လေးနှစ်စီးဝယ်ပြီး လိုင်းဆွဲတယ်ဆရာရေ အဲဒါ ကားတွေအထိအခိုက်အပျက်အစီးနည်းအောင်နဲ့ ခေါက်ကြေးများများရအောင် ယတြာလေးစီရင်ပေးပါဦး'' ''ဆရာ ..ညီမအမျိုးသားကလိုင်းကားမောင်းတယ်ဆရာ လိုင်းကားဆိုတဲ့အတိုင်း တစ်စီးနဲ့တစ်စီး ကျော်တာ ခွတာ လုမောင်းတာတွေရှိတယ် ဆရာ..ညီမမှာညကျရင် သူချောချောမောမောပြန်ရောက်ပါ့မလား ဆိုပြီးအမြဲစိတ်ပူနေရတယ် သူအန္တရာယ် ကင်းအောင်စီရင်ပေးပါဦး'' စသည့်စသည့် ကိစ္စတွေကအပြင်မှာရော လိုင်းပေါ်မှာ...

ဓမ္မအမြင်နှင့်အင်္ဂဝိဇ္ဇာညှပ်သတ်ကိန်း

  အင်္ဂဝိဇ္ဇာလေ့လာဖူးသူတော့သိလိမ့်မယ်။ သာမန်လူကတော့ နည်းနည်းခေါင်းရှုပ်မလား မသိဘူး ဗုဒ္ဓဘာသာကျမ်းဂန်များအဆိုအရ ဤကမ္ဘာသည် ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟုခေါ်သည်။ မည်သို့ပင်ဖြစ်စေ ဤစာစုကိုဖတ်ရကုန်သောသူတို့သည် လေးဆူမြောက်ဘုရှားရှင်ဖြစ်သော ဂေါတမဗုဒ္ဓ၏သာသနာတော်ကိုသာ ကြုံဆုံခွင့်ရှိတော့သည်။ ထို့ကြောင့် ဂေါတမဗုဒ္ဓ၏ ဘဝဖြစ်တော်စဉ်သည် ပညတ်လောကီနယ်မှ ပရမတ်လောကုတ္တရာနယ်သို့ကူးပြောင်းခြင်း၏ သံသရာထွက်ရပ်လမ်းပြယုဂ် သို့မဟုတ် ဧကံသနမိတ်ပင် ဖြစ်တော့သည်။ သောကြာနံသား ဂေါတမဗုဒ္ဓ၏ဘဝဖြစ်တော်စဉ်ကို (မသိကြလျှင်တွေးဆဦး)ဟု အတိုကောက်ခေါ်သည်။ သိဒ္ဓတ္ထမင်းသားဘဝမှ ဘုရားအဖြစ်သို့ရောက်တော်မူခဲ့သော ဂေါတမမြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ်ကို ကြည့်လျှင်..... မ-ကြာသပတေးနေ့(အမြစ်နေ့)တွင် လူ့ပြည်၌ ပဋိသန္ဓေ ခံယူတော်မူသည်။ သိ-သောကြာနေ့(မူလ၊ရုပ်၊ကံ၊အချာ-ပင်စည်)နေ့တွင် ဖွားမြင်တော်မူသည်။ ကြ- တနင်္လာနေ့(စတုရန်း) တွင် နိမိတ်ကြီးလေးပါးမြင်၍ တောထွက်တော်မူသည်။ လျှင်- ဗုဒ္ဓဟူးနေ့(ဆပွတ်) တွင် ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ တွေး- စနေနေ့(အညွန့်)တွင် ဓမ္မစကြာ တရားဦး ဟောတော်မူသည်။ ဆ- အင်္ဂါနေ့(ပ ဉ္စပွတ်) တွင် နိဗ္ဗာန်ရောက်ရာ ပရိနိဗ္ဗာန် ပြု...

''နာမည်အဖျားစာလုံးတနင်္ဂနွေနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း''

ကျွန်တော်အခုရေးချင်တာက နာမည်(အဆုံးသတ်)အဖျားစာလုံးတွေရဲ့ ယေဘုယျ စရိုက်လက္ခဏာတွေအကြောင်းပါ။အဆုံးသတ် စာလုံးအရဆိုရင်တော့ အားလုံးပေါင်း ရာဟုစာလုံးပါ အပါအဝင် ရှစ်မျိုးရေးရမှာပါ။ ကျွန်တော်အနေနဲ့အားရင်အားသလို ရေးတင်သွားပါ့မယ်။ ယေဘုယျဆိုတဲ့အတိုင်းအကုန်လုံးဒီလိုအတိအကျကြီးပဲလို့ မဆိုလိုပါဘူး။နာမည်မှာအဖျားစာလုံးဆိုတော့အချို့ ကမသိဘဲနေဦးမယ်။ ဥပမာဗျာ ''ဝင်းမင်းအောင် '' ဆိုပါတော့ 'ဝင်း' ကအရင်းစာလုံး။ '' အောင်''ကအဖျားစာလုံးပေါ့ ကျွန်တော် အနေနဲ့အခုအကြောင်းအရာက ိုရေးဖို့ အတွက် အများကြီးစဉ်းစားခဲ့ရပါတယ်။ ကျွန်တော်ထက်ပညာဉာဏ်အတွေ့အကြုံ မြင့်မားကြတဲ့ ဆရာသမားတွေ ပညာရှင်တွေ အနေနဲ့နှာခေါင်းရှုပ်လေမလား အပြစ်များတင်ကြမလားလို့ စိုးရိမ်မိတာအမှန်ပါ။ ကျွန်တော်အနေနဲ့ ရေးသားတဲ့အခါမှာ အမှားများပါရင်ဆရာများအနေနဲ့ထောက်ပြပါ။ ဝေဖန်အကြံပေးကြပါလို့ပြောချင်ပါတယ်။ ကျွန်တော် ဆန်းဗေဒင်သင်ရတုန်းက နာမည်ရဲ့အဖျားစာလုံးစိတ်ကိုဖော်ညွှန်းတယ်လို့ သင်ခဲ့ရဖူးပါတယ်။ (ဇနီးကိုရည်ညွှန်းတယ်လို့လဲဆိုပါတယ်။အဲဒီအကြောင်းအရာကိုတော့သပ်သပ်တင်ပြပါ့မယ်။) အဲဒီတော့နာမည်အဖျားစာလုံးတွေ ွအကြောင်းပြောမယ်...

နာမည်အဖျားစာလုံးတနင်္လာနံဖြင့်မှည့်ခေါ်ထားသော နာမည်ရှင်များအကြောင်း

ကျွန်တော်အခုပြောချင်တာက နာမည်အဖျားစာလုံးက တနင်္လာနံ ဖြစ်တဲ့ ''က ခ ဂ ဃ င'' နဲ့ အဆုံးသတ်မှည့်ထားတဲ့နာမည်ရှင်တွေအကြောင်းပဲ။ ဥပမာ ရဲကျော် အောင်ခန့် မျိုးမင်းကျော် အေးအေးငြိမ်း ကျော်ဂေါင် သန္တာချို စသည်ဖြစ်ပေါ့ဗျ။ အဖျားစလုံးတနင်္လာနဲ့ပေးထားတဲ့နာမည်ရှင်တွေက အရာရာပေါ့ပေါ့ပါးပါးနေတတ်တဲ့သူတွေများတယ်။ ဘာမှအလေးအနက်သိပ်မထားကြဘူးဗျ။ နောက်ပြီးသူတို့တွေဟာစိတ်ကူးယဉ်အရမ်းဆန်ကြတယ်။ လက်တွေဘဝကိုစိတ်ကူးနဲ့ အရင်ပုံဖော်တတ်ကြတယ်။ စိတ်ကူသာများပြီးလက်တွေ့အကောင်အထည်ဖော်တာ တော့ အားနည်းတာမျိုးတွေ့ရတတ်တယ်။ တစ်ခုခုကို ဆုံးဖြတ်ချက်ချရာမှာတွေဝေ ဒွိဟဖြစ်လွန်း စဉ်းစားလွန်းတဲ့သူတွေပါ။ သူတို့တွေဟာအများကိစ္စဖြစ်တဲ့ ပရဟိတတွေ။ လူအများကောင်းကျိုးတွေ ။ တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေအောင်စေ့စပ် ချိတ်ဆက်ပေးတဲ့နေရာမှာတော့ တော်ကြတယ်။ ဒါကြောင့်သူတို့တွေဟာစိတ်ကူးအသားပေး လုပ်ရတဲ့အနုပညာအလုပ်တွေ media လုပ်ငန်းတွေ communication နဲ့ပက်သက်တဲ့ အလုပ်တွေမှာအံ့ဝင်ဂွင်ကျဖြစ်ကြတာများတယ်ဗျ။ နောက်တစ်ခုက သူတို့တွေကစိတ်နုကြတယ်ဗျ။ လောကဓံရဲ့ကြီးကြီးမားမားရိုက်ပုတ်တဲ့ဒဏ်တွေကို မခံနိုင်ကြပါဘူး။ သူတို့တွေဟာ စည်ကမ်းတင်ကြပ်တာတွေ ကြီးမားတဲ့တာဝန်တွ...