Skip to main content

''ကားလုပ်ငန်းနှင့် ပါတ်သက်၍ အောင်မြင်စေသောယတြာ ''






ဤpost ကိုရေးမယ် ရေးမယ်နဲ့ အလုပ်မအားတာရယ်
လိုင်းပေါ်ကမေးတဲ့သူတွေကိုပြန်ဟောပေးဖြစ်နေတာရယ်ကြောင့်
တစ်ဝက်တစ်ပျက်နဲ့ အဆုံးမသတ်ဖြစ်ခဲ့ပါဘူး။
တမြန်နေ့က ကား accident မိမိရှေ့မှာဖြစ်တာမြင်လိုက်တော့မှ ဒီpostကိုအမြန်ရေးတင်လိုက်တာပါ။
ဒီစာကိုဖတ်မိတဲ့သူတွေလဲတတ်နိုင်သလောက်ပြန် Shareပေးပါ။ ကားနဲ့ပက်သက်သူတွေအတွက် အန္တရာယ်ကင်းပြီးကောင်းကျိုးတွေအလွန်ပေးတာမို့ပါ။
'' ဆရာရေ ကားတွေစျေးချိုလာတာနဲ့ ကျွန်တော်လဲကားလေးတစ်စီးဝယ်စီးဖြစ်တယ်ဆရာ
ကျွန်တော်ကားကိုဝပ်ရှော့ခဏခဏမပို့ရအောင်နဲ့ လမ်းခရီးမှာအန္တရာယ်တွေကင်းအောင်
အစီအရင်တွေလုပ်ပေးပါဦး''
''ဆရာရေ အိမ်စီးပွားရေးကmini bus လေးနှစ်စီးဝယ်ပြီး လိုင်းဆွဲတယ်ဆရာရေ
အဲဒါ ကားတွေအထိအခိုက်အပျက်အစီးနည်းအောင်နဲ့
ခေါက်ကြေးများများရအောင် ယတြာလေးစီရင်ပေးပါဦး''
''ဆရာ ..ညီမအမျိုးသားကလိုင်းကားမောင်းတယ်ဆရာ
လိုင်းကားဆိုတဲ့အတိုင်း တစ်စီးနဲ့တစ်စီး ကျော်တာ ခွတာ
လုမောင်းတာတွေရှိတယ် ဆရာ..ညီမမှာညကျရင် သူချောချောမောမောပြန်ရောက်ပါ့မလား ဆိုပြီးအမြဲစိတ်ပူနေရတယ် သူအန္တရာယ် ကင်းအောင်စီရင်ပေးပါဦး''
စသည့်စသည့် ကိစ္စတွေကအပြင်မှာရော လိုင်းပေါ်မှာပါ
အမေးများတဲ့ အဖြစ်အပျက်တွေပါ။
ကျွန်တော်ကိုယ်တိုင်ကလဲ ကားလောကနဲ့အမြဲလက်ပွန်းတသီရှိနေတတ်တော့
အဲဒီအတွက်ယတြာတွေ အမျိုးမျိုးစီရင်ပေးခဲ့ပါတယ်။
ထိုအထဲကမှအထိရောက်ဆုံး အစွမ်းအထက်ဆုံးနည်းလေးပေးချင်ပါတယ်။
ယခုလဲကားကိစ္စဆို ဒီနည်းပဲ ပေးဖြစ်ပါနေပါတယ်။
တစ်နေ့တစ်ခြားကားတွေထူထပ်လာသလို
ကားလုပ်ငန်းနဲ့အသက်မွေးတဲ့သူတွေကလဲ
တစ်နေ့တစ်ခြားတိုးပွားလာပါတယ်။
အဲဒီတော့
ကားလုပ်ငန်းနဲ့ပက်သက်ပြီး
ကိုယ်ပိုင်ကားမောင်းပြီး သွာလာလှုပ်ရှားနေတဲ့သူတွေ
ကားထောင်စားတဲ့ ownerတွေ ကားမောင်းပြီးအသက်မွေးကျတဲ့ driverများအားလုံးအပြင် ကားနဲ့ဆက်စပ်ပက်သက်နေတဲ့သူတွေအတွက်
အကျိုးပြုစေမဲ့ ယတြာလေးကို ဖော်ပြပေးပါမယ်။
''ကားလုပ်ငန်းနှင့် ပါတ်သက်၍
အောင်မြင်စေသောယတြာ ''
ပထမဦးစွာ ကားပေါ်စတတ်တာနဲ့
ရတနာသုံးပါးကိုအာရုံပြုရှစ်ခိုးလိုက်ပါ။ နောက်ပြီးရင် ''ဤကားကို စောက်ရှောက်နေသော မမြင်အပ်သောပုဂ္ဂိုလ်ရှိပါက ထိုသူသည်ချမ်းသာပါစေကျန်းမာပါစေ။
ဒီကားကိုမောင်းနှင်မည့်ကျွန်ုပ်ကို စောင့်ရှောက်သည့် ကိုယ်စောင့်နတ်နှင့်တကွ ယာဉ်နောက်လိုက်၏ကိုယ်စောင့်နတ်လဲချမ်းသာကျန်းမာပါစေ။ဤကားကိုစီးနှင်းလိုက်ပါကြမည့် နတ်လူသတ္တဝါအပေါင်း ဘေးရန်ကြောင့်ကြဆင်းရဲကင်းပြီးကျန်းမာချမ်းသာပါစေ။
ဤကားသွားမည့် လမ်းမတစ်လျှောက်တွင် ခရီးနှင်နေကြသော မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်များနှင့်
ခရီးသွားများအပေါင်းဘေးရန်ကင်းပြီး ကျန်းမာချမ်းသာကြပါစေ။
ဤလမ်းမတစ်လျှောက်၏ဝဲယာနှစ်ဖက်မှာ နေထိုင်ကြကုန်သော မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်များနှင့်နတ်လူသတ္တဝါအပေါင်းချမ်းသာကျန်းမာကြပါစေ''လို့မေတ္တာပို့ပါ။
ဒုတိယကဘာလုပ်ရမလဲ ဆိုတော့ ကားခေါင်းထဲကနောက်ကြည့်မှန်မှာ
ဘုရားပွဲစျေးများတွင် ရောင်းလေ့ရှိသော နှစ်လက်မအရွယ် အိုးစည်သေးသေးလေး တစ်လုံးကို ချိတ်ဆွဲထားလိုက်ပါ။အချို့နိဗ္ဗာန်ကုန်ဆိုင်တွေမှာလဲရှိပါတယ်။ အဲဒီ အိုးစည်ကအမြဲတမ်းချိတ်ဆွဲထားရမှာပါ။
တတိယတစ်ခုကချွန်ပြီးသား ခဲတန်တစ်ချောင်းကို ကားစတီယာရင်ရှေ့ က ဒက်စ်ဘုတ်ပေါ်မှာ တင်ထားပါ။ ကားထွက်တာနဲ့ အဲဒီခဲတံနဲ့ ကားရဲ့ ဒက်စ်ဘုတ်ကို ၇ချက်ခန့် ခေါက်ပါ။ ခဲတံကိုလဲ ဒက်စ်ဘုတ်မှာအမြဲထားပေးရပါမယ်။
အထက်ပါယတြာများကို ကားလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသောမည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ ခရီးသည်တင်လိုင်းကားပဲ ဖြစ်ဖြစ်၊ တက္ကစီကားပဲဖြစ်ဖြစ်၊ ဘုရားဖူးခရီးပို့ဆောင်ရေး ကားပဲဖြစ်ဖြစ်၊ အော်ဒါလိုက်တဲ့ ကားပဲ ဖြစ်ဖြစ်၊ ကားပိုင်ရှင်ပဲ ဖြစ်ဖြစ်၊ ယဉ်မောင်း (သို့) စပယ်ယာပဲ ဖြစ်ဖြစ် မည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ အပျက်အစီးနည်းပြီး ငွေရှာလို့ အောင်မြင်စေတဲ့ ၊ အန္တရာယ်ကင်းစေတဲ့ ယတြာဖြစ်သောကြောင့် စိတ်ချလက်ချ ယုံကြည်စွာ ဆောင်ရွက်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ် ။ ။
ဗေဒင်သုတေသီ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...