5ဂဏန်းသမားများအကြောင်း 5ဂဏန်းသမားဆိုတာကမည်သည့်လတွင်မဆို 5ရက်၊14ရက်၊23ရက်နေ့တွေမှာ မွေးဖွားသူတွေ ဟာ 5ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 5ဂဏန်းသမားဆိုတာ နေစင်္ကြာဝဠာအတွင်း ဗုဒ္ဓဟူးဂြိုဟ်ပိုင်တဲ့ ဂဏန်းတစ်ခုပါပဲ။ ဓာတ်သဘောအရ ဒွေးဒဟ ဓာတ်၊ လေ ဓာတ်လဲဖြစ်ပါတယ်။ 5ဂဏန်းဟာ ဂဏန်း ၉လုံးမှာ အလယ်တည့်တည့်က ဂဏန်းဖြစ်ပါတယ်။ သူ့ရှေ့မှာ 1ကနေ 4ရှိသလို သူ့အနောက်မှာလဲ 6ကနေ 9အထိရှိတာကိုတွေ့ရပါလိမ့်မယ်။ စရိုက်လက္ခဏာ ဒီဂဏန်းသမားတွေကို အခြားဂဏန်းတွေရဲ့ ဗဟိုချက်မှာရှိတဲ့ဂဏန်းဖြစ်တာကြောင့် သမာသမတ်ကျခြင်း၊ မျှတခြင်း၊ဟန်ချက်ညီခြင်းနှင့်ဘက်မလိုက်ခြင်းစတဲ့ အချက်တွေကိုအခြေခံပါတယ်။ ဗုဒ္ဓဂြိုဟ် မာကျူရီပိုင်စိုးတာ ကြောင့် 5ဂဏန်းသမားတော်တော်များများက လွတ်လပ်မှုကိုကြိုက်တယ်။ အချုပ်ချယ်ခံဘ၀ သူများလက်အောက် ခံဘဝကိုမနေလိုကြဘူး။ ဒါကြောင့်ပဲ စည်းကမ်းတွေ၊ဖိအားတွေများတဲ့ကိစ္စတွေဆိုရှောင်ပြေးကြတာများပါတယ်။ ဆင်းရဲအပင်ပန်းခံပြီးဇွဲကြီးကြီးနဲ့လုပ်ရမယ်ဆိုရင်တော့ သူတို့က ထိုကိစ္စတွေကိုစိတ်မဝင်စားတတ်ကြဘူး။ မျှတတဲ့ စိတ်အခြေခံရှိကြပါတယ်။ ဉာဏ်ပညာမြင့်မားပြီး သိလွယ်တတ်လွယ်ပါတယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ အောင်မြင်ထင်ရှားသူတွေပါပဲ။ ဉာဏ်ကောင်းပေမဲ့ ...
ဗေဒင်ဆိုင်ရာအကြောင်းအရာများတင်ပေးပါ့မယ်။