Skip to main content

3ဂဏန်းသမားများအကြောင်း



3ဂဏန်းသမားဆိုတာက မည်သည့်လတွင်မဆို 3ရက်၊12ရက်၊21ရက်နှင့် 30ရက်တွေမှာမွေးဖွားကြသူ တွေဟာ 3ဂဏန်းသမားတွေပဲဖြစ်ကြပါတယ်။
3ဂဏန်းသမားတွေဟာ နေမင်းပြီးရင်ဒုတိယအကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ကြာသပတေး ဂြိုဟ်ရဲ့ သင်္ကေတပဲဖြစ် ပါတယ်။ ဓာတ်ရဲ့သဘောအရ အဖိုဓာတ်ဖြစ်ပြီးတော့ ၊မြေဓာတ်လဲ စိုးမိုးတာကိုတွေ့ရပါတယ်။ ကြာသပတေးဂြိုဟ် ဟာဂြိုဟ်အားလုံးမှာ အမြင့်မြတ်ဆုံး အတိသောမ ဂြိုဟ်အဖြစ်သတ်မှတ်ခံရတဲ့ဂြိုဟ်ပါပဲ။
စရိုက်လက္ခဏာ
ကြာသပတေးဂြိုဟ်ဟာတရားဥပဒေ၊ဘာသာရေး၊အတွေးအခေါ်ဒဿန၊ ကိုယ်ကျင့်တရားနှင့် ငွေကြေးဥစ္စာ ကို ကိုယ်စားပြုပါတယ်။ဒါကြောင့်ပဲ 3ဂဏန်းသမားတွေဟာ ကိုယ်ကျင့်တရားကောင်းသူတွေ ၊တရားဥပဒေကို လေးစားလိုက်နာကြသူတွေများပါတယ်။ ရှေးရိုးဆန်ကြတယ်။ ယဉ်ကျေးမှုရှိကြတယ်။ အသိဉာဏ်၊စဉ်းစားဉာဏ် ကြီးပြီးတော့ အရာရာကို လက်လွတ်စပယ်မလုပ်တတ်ကြပါဘူး။ ရှေ့ရေးကို ကြိုမြင်နိုင်ပါတယ်။ အနာဂတ်ကို သုံး သပ်အဖြေထုတ်ရာမှာ သူမတူအောင်တော်ကြသူတွေပါပဲ။ အများကမဖြစ်နိုင်ဘူးလို့ ဆိုပြီးတော့ လက်လျော့ထား တဲ့အလုပ်တွေကို မိမိက အောင်မြင်အောင်လုပ်ဆောင်နိုင်ကြတယ်။ ဇွဲရှိပြီး စိတ်ရှည်ကြတဲ့သူတွေများပါတယ်။ အောင်မြင်မှုကို ဖြတ်လမ်းကမလိုက်ဘဲ တဆင့်ထက်တဆင့်မြင့်မားအောင်လို့ လုပ်ဆောင်သွားချင်တဲ့သူမျိုးတွေပါ ပဲ။ အရာရာကို လွယ်လွယ်နဲ့အရှုံးပေးတာမျိုး လက်လျှော့တာမျိုးတွေမရှိကြဘူး။ လဲရင်ပြန်ထမယ်ဆိုတဲ့ စိတ်မျိုး ရှိကြတယ်။ အိန္ဒြေသိက္ခာလဲ ကြီးမားကြတဲ့သူတွေဖြစ်ပါတယ်။
ငွေကြေးကို ကြိုးစားရှာဖွေပေမဲ့ အသုံးအစွဲကတော့ ကျစ်လစ်ပါတယ်။ ငွေကြေးစုဆောင်းတဲ့နေ့ရာမှာတော့ အခြားဂဏန်းသမားတွေထက်ပိုတော်တာကိုတွေ့ရပါတယ်။ အချို့ဆို အရမ်းနှမြောတွန့်တိုတာမျိုးတွေကိုတွေ့ရပါတယ်။ မိမိရူးသွပ်တဲ့အလုပ်တွေအတွက်ဆိုရင်တော့ ငွေမနှ မြောဘဲ ပုံအောသုံးတတ်သူတွေပါ။ အများနဲ့မရောနှောဘဲ သီးသန့်နေလိုစိတ်ပြင်းထန်ကြတယ်။ တိတ်ဆိတ်တဲ့၊ အေးချမ်းတဲ့နေရာမှာ နေလိုစိတ်ရှိတယ်။ ဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းလိုတဲ့သူပဲဖြစ်ပါတယ်။ သူတစ်ပါး ကိုကူညီချင်စိတ်၊ နွမ်းပါးသူကိုသနားစိတ်ရှိကြတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကိုကြိုမြင်တတ်ကြသူတွေပဲဖြစ်ပါတယ်
စီးပွားရေးနှင့်အလုပ်အကိုင်
ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူများဖြစ်တာကြောင့် အလုပ်ခွင်ထဲမှာ မသမာနည်းနဲ့ငွေရှာရတာ၊အောက်ဆိုဒ် ရှာရတာကို ရွံမုန်းလေ့ရှိကြပါတယ်။ ဘဝအောင်မြင်ရေးမှာလဲ အမဲစက်အနေနဲ့မကျန်အောင်နေတတ်ကြသူတွေ ပါပဲ။ သူတစ်ပါးအပေါ်အုပ်ချုပ်လိုခြင်းများ၊စီမံရခြင်းများ၊ သြဇာပေးရခြင်းများကိုမြတ်နိုးကြတဲ့သူတွေပါပဲ။ စည်းကမ်းတင်းကျပ်လွန်းတာကြောင့် သူ့အောက်မှာ တာဝန်ထမ်းဆောင်ရတဲ့သူတွေကတော့ မစားသာပါဘူး။ ဒါ ကြောင့်လဲလူမှုဆက်ဆံရေးနယ်ပယ်မှာအံဝင်ခွင်ကျဖြစ်ဖို့ မလွယ်ပါဘူး။ ဝန်ထမ်းအလုပ်လဲ အဆင်ပြေဖို့မလွယ်ဘူး အထက်လူကြီးကအောက်ဆိုဒ်ရှာတာမျိုး ဖော်လံဖားလုပ်တာမျိုးဆို မိမိစိတ်နဲ့ကအဆင်ပြေဖို့မလွယ်ဘူး။ ဘဝမှာ အောင်မြင်ရေး ဟောပြောဆရာ၊ နည်းပေးလမ်းပြ guide line ချပေးရတဲ့အလုပ်တွေ၊ဘာသာရေးနှင့်နွယ်သော အလုပ်များ၊စာရေးဆရာ၊ဗေဒင်ဆရာ၊ အုပ်ချုပ်မှုအလုပ်များ၊ ဘဏ်လုပ်ငန်း၊စာရင်းကိုင်အလုပ်၊တရားရေးဆိုင်ရာ အလုပ်များ နှင့် အကျိုးပေးတတ်ပါတယ်။ ဒါအပြင်ပညာရေးလုပ်ငန်းများ၊ကျောင်းဆရာ၊ ကထိက၊ပါမောက္ခနှင့် အာမခံလုပ်ငန်းများ၊ အနုပညာသရုပ်ဆောင်လုပ်ငန်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကဏ္ဍ
အချစ်ရေးအိမ်ထောင်ရေးမျာတော့ သစ္စာတရားကိုအခြေခံတဲ့ အချစ်ရေးအိမ်ထောင်ရေးမျိုးကို တည်ဆောက် လိုကြပါတယ်။ မိမိကိုယ်တိုင်လဲ အိမ်ထောင်ရေးမှာသစ္စာရှိမယ်။ အိမ်ထောင်ဘက်ကလဲ မိမိအပေါ်သစ္စာရှိစေချင် တယ်။ ဒီလို3ဂဏန်းသမားတွေဟာ အချစ်ရေးအိမ်ထောင်ရေးထက်အရေးကြီးတဲ့အရာတွေကိုဦးစားပေးမိတာ ကြောင့် အိမ်ထောင်ရေးသုခနည်းတတ်ကြပါတယ်။ အမှတ်တရနေ့တွေ၊ ချစ်သူများနေ့တွေ၊အိမ်ထောင်နှစ်ပတ် လည်နေ့တွေမှာ အခြားသူတွေက surprise လုပ်ပေမဲ့ 3ဂဏန်းသမားတွေကတော့ ထိုအလုပ်တွေကိုအပိုအလုပ် တွေလို့ထင်နေတတ်ပါတယ်။ မိမိcarzy ဖြစ်တဲ့အလုပ်တွေအပေါ်မှာအချိန်ပြည့်ပေးထားတာကြောင့် မိသားစုအ ပေါ်ဂရုမစိုက်သလိုဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ဘက်ရဲ့စိတ်ကုန်ခြင်းကိုခံရတတ်ကြသူတွေပါပဲ။ ကံကောင်းတာတစ်ခုက ဒီဂဏန်းသမားတွေကို မိမိကိုနှစ်နှစ်ကာကာချစ်တဲ့သူတွေနဲ့ အထူးပဲဖူးစာဆုံတတ်ကြပါ တယ်။ ကံကောင်းတာပေါ့ဗျာ ။ မိမိတို့ကိုယ်တိုင်ကလဲ မိမိကိုတန်ဖိုးထားမဲ့သူကိုဦးစားပေးရွေးတတ်ကြသူတွေပါ။ စန်းအလွန်ကောင်းပါတယ်။ မိမိသာအချစ်ရေးအပေါ်မှာအာရုံစိုက်မဲ့သူဆို ချစ်သူများသွားနိုင်ပါတယ်။ ဒါပေမဲ့ အချစ်ရေး၊အိမ်ထောင်ရေးအပေါ်မှာတော့ သိပ်မလေးနက်ကြသူတွေပါပဲ။
အိမ်ထောင်ကျသွားရင်လဲ အိမ်ထောင် ဘက်အပေါ်မှာ သြဇာပေးခိုင်းစေတာမျိုးတွေအလွန်ပဲလုပ်လေ့ရှိပါတယ်။ မိမိလုပ်လို့ရတဲ့အလုပ်တွေကိုလဲ အိမ် ထောင်ဘက်ကိုခိုင်းစေတတ်ကြသူတွေပါပဲ။အချစ်ရေးမှာလဲ ချစ်သူကို အခြားသူတွေကိုအသိမပေးဘဲ လူမသိအောင်တွဲတတ်တဲ့အကျင့်လေးရှိတတ်ပါတယ်။ ချစ်သူက ချိန်းဆိုတဲ့အခါ အချိန်မှီမသွားတာမျိုး၊ ကတိပေးပြီးဖျက်လိုက်တာမျိုးတွေအလွန်ပဲလုပ်တတ်ကြသူတွေပါ။3ဂဏန်းသမားတွေက အိမ်ထောင်ဘက်နဲ့နီးနေရင်တော့ ဒီအိမ်ထောင်ဘက်အပေါ်မှာ သစ္စာရှိတတ်ကြပြီး ဝေးသွားရင်တော့ အသစ်အသစ်ဆိုတာမျိုးတွေ့ရတတ်ပါတယ်ဗျာ
ကျန်းမာရေး နှင့် အသက်ဇီဝ
3ဂဏန်းသမားတွေဟာ ကျန်းမာရေးနှင့်ပက်သက်ပြီးတော့လဲ ရာခိုင်နှုန်းအားဖြင့်၇၀%လောက်က အကောင်းများပါတယ်။ ဒါပေမဲ့ သတိထားရမဲ့ ကိစ္စတွေက ဒီဂဏန်းသမားတွေက အားကစားသမား၊ကျန်းမာရေး လိုက်စားသူအဖြစ်နဲ့မြင်တွေ့ရလေ့မရှိပါဘူး။ ကာယထက် ဉာဏကိုပဲဦးစားပေးပြီးလုပ်ကိုင်ကြသူတွေဖြစ်တာ ကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေနည်းပါးတတ်ပါတယ်။ ဒါကြောင့်ပဲ အဆီနဲ့ပက်သက်တဲ့ရောဂါတွေ အဝလွန်ရောဂါတွေ အဆီကြောင့်ဖြစ်တတ်တဲ့အကျိုးဆက်တွေကို သတိထားပါ။ ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးဖို့လဲမမေ့ပါနဲ့။ မျက်စေ့ရောဂါ၊အသည်း၊ကျောက်ကပ်၊ဆီးနှင့် ပက်သက်သောရောဂါများလဲ အလွန်ပဲဖြစ် တတ်ပါတယ်။ ဆေးကောင်းဝါးကောင်းမှီဝဲတတ်ပေမဲ့ အားကစားမလုပ်တာကြောင့် ထင်သလောက်ကျန်းမာရေး မကောင်းတာမျိုးဖြစ်ရတတ်ပါတယ်။ သွေးတိုးရောဂါလဲ သတိထားဖို့လိုအပ်တယ်လို့မြင်ပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
ဒီဂဏန်းသမားတွေက ကိုယ့်ဒူးကိုယ်ချွန်းကြိုးစားကြသူတွေများတယ်။ ဆင်းရဲမှု အဆင်မပြေမှုတွေကို တွန်းလှန်နိုင်ကြတယ်။ 12ရက်နေ့မွေးဖွားတဲ့သမ္မတကြီး အေဘရာဟမ်လင်ကွန်းလိုမျိုး သစ်လုံးအိမ်ကနေ အိမ်ဖြူတော်ထိတက်လှမ်းနိုင်တဲ့အထိကြိုစားခဲ့တာကို အထူးမြင်တွေ့ရပါလိမ့်မယ်။ 3ဂဏန်းသမားတွေဟာ သက်ငယ်ပိုင်းပထမအရွယ်မှာ အခက်အခဲများပေမဲ့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတွေမှာ ကံကောင်းကြတာများ ပါတယ်။ အချိန်ကိုအကျိုးရှိအောင်အသုံးချတတ်၊ဇွဲမလျော့တာ ၊အရှုံးမပေးတတ်တာတွေက ဘဝအောင်မြင်ဖို့ လမ်းစတွေပါပဲ။ တိကျပြတ်သားလွန်းတာ၊ အမှားမခံတတ်တာ၊စည်းကမ်းကြီးတတ်တာမျိုးကြောင့်လဲ လူမှုပေါင်း သင်းဆက်ဆံရေးနဲ့ပက်သက်တဲ့ကိစ္စများတွေကို ရှောင်သင့်ပါတယ်။ မိမိကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားမှုတွေ မိမိတတ်သိထားတဲ့ အသိပညာအတတ်ပညာတွေနဲ့ ပဲ အောင်မြင်မှုတွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ ၃ဂဏန်းသမား တော်တော်များများဟာ အပျော်အပါးလိုက်စားတာ သိပ်မတွေ့ရဘူး။ မိတ်ဆွေသူငယ်ချင်းဆိုလဲ မိမိနဲ့ကီးမကိုက် တာနဲ့ ချက်ချင်းမပေါင်းတော့ဘူး။ ဘယ်သူ့ကိုမှရေလိုက်ငါးလိုက် မဆက်ဆံတတ်ဘူး။ ဒါကြောင့်ပဲ အပေါင်းအသင်း မိတ်ဆွေနည်းပါးတာတွေ့ရပါတယ်။ 3ဂဏန်းသမားတွေဟာ ကပ်စေးနဲကြတယ်ဆိုပေမဲ့ မိမိ မိတ်ဆွေရင်းတွေ အခက်အခဲဖြစ်တယ်ဆိုရင်တော့ အလွန်ပဲငွေအားလူအားစိုက်ထုတ်ပြီး အကူအညီပေးတတ်တာကိုတွေ့ရပါတယ်။
3ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 12ရက်၊ 30ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 3ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေ လိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ 3ရက်နေ့မွေးသူတွေဟာ စည်းကမ်းကြီးကြတယ်။ လိုက်လျောညီထွေမနေတတ်ကြဘူး။ လူ့အောက်ကျို့လိုစိတ်လဲ မရှိကြဘူး။မိမိမှန်တယ် ထင်ရင်ဘယ်သူစကားကိုမှနားမဝင်တတ်တဲ့သူမျိုးတွေပါပဲ။
12ရက်နေ့မွေးဖွားသူတွေကတော့ အခြား3ဂဏန်းသမားတွေထက် ပိုမိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ရန်သူမျိုး ငါးပါးကြောင့်ရှာဖွေထားတာလေးတွေ ကုန်သွားတတ်တယ်။ အသက်အန္တရာယ်နဲ့ပက်သက်ပြီး accident ဆိုတာ မျိုးလဲဖြစ်လွယ်ကြတယ်။ ဒီဂဏန်းသမားတွေဟာ ဖြောင်းဖြပြောဆိုတာကို လက်မခံကြပါဘူး။ ရန်သူပေါများတတ် တယ်။ မိမိကိုမနာလိုမုန်းသူတွေနဲ့ကြုံရတတ်ပါတယ်။ မိမိကိုချောက်ချမဲ့သူတွေရှိနေတတ်တာကို မိမိကသိနား လည်ဖို့လိုအပ်ပါတယ်။
21ရက်နေ့မွေးဖွားကြသူတွေကတော့ ဘဝတည်ငြိမ်မှုတွေကိုရရှိကြတယ်။ ဒုက္ခကြီးကြီးကျယ်ကျယ်ဘယ် တော့မှမရောက်ဘူး။ ဒုက္ခရောက်မယ်ကြံတိုင်းကယ်မဲ့သူပေါ်တယ်။ ဘဝကြီးက ပရမ်းပတာဖြစ်သွားလေ့မရှိပါဘူး။ အိမ်ထောင်ဘက်ကောင်းရလွယ်ကြတယ်။ အထူးသဖြင့် 21ရက်နေ့မွေးတဲ့ မိန်းကလေးတွေကတော့ ကိုယ့်ထက် အဘက်ဘက်က သာလွန်တဲ့ အိမ်ထောင်ဘက်ကိုရလွယ်ကြပါတယ်။ အိမ်ထောင်ဘက်အပေါ်မှာလဲ မိမိသြဇာ ညောင်းတဲ့သူတွေပါပဲ။
30 ရက်နေ့မွေးဖွားကြသူတွေကတော့ သုညနဲ့တွဲလျက်ပါတာကြောင့် သတိထားသင့်တယ်။ နောက်မှာ သုညတွဲ လျက်ပါတဲ့ 10၊20၊30၊ရက်မွေးသူတွေဟာ ဘဝအတက်အကျအလွန်များတယ်။ သုညဟာအဝိုင်းရဲ့ သဘောတရား ကြောင့်လားတော့ မသိဘူး။ ဘဝကံက လှိုင်းလိုပဲအတတ်အကျအလွန်များတာကို သတိထား မိတယ်။ ဒီဂဏန်းသမားတွေက အတွေးအခေါ်မြင့်မားတယ်။ အကြံပေးရတဲ့ consultant အလုပ်တွေနဲ့ အလွန်မှပဲ သင့်တော်ပါတယ်။ ကျန်တော်ကိုယ်တိုင်လဲ 30ရက်နေ့ မွေးတာကြောင့် ဗေဒင်ဟောပြောယတြာပေးတာအပြင် အကြံပေးတဲ့သဘောမျိုးကို ဦးစားပေးပြောဖြစ်ပါတယ်။ အနုပညာစိတ်လေးတွေရှိကြတယ်။ ခံစားလွယ်တယ်။ အနု ပညာလမ်းကြောင်းပေါ်လျှောက်ရင်အောင်မြင်နိုင်ပါတယ်။ အလျော့မပေးဘဲ ဇွဲကြီးကြသူတွေပါ။
3ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊6ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 1ဂဏန်း၊8ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 3ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း1၊8၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 1၊8၊9ပါရင်၊ ပေါင်းခြင်း 1/8/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်း၊4ဂဏန်းနှင့် 5ဂဏန်း သမားတွေကတော့ 3ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
3ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695

Zawgyi font
3ဂဏန်းသမားများအကြောင်း
3ဂဏန်းသမားဆိုတာက မည်သည့်လတွင်မဆို 3ရက်၊12ရက်၊21ရက်နှင့် 30ရက်တွေမှာမွေးဖွားကြသူ တွေဟာ 3ဂဏန်းသမားတွေပဲဖြစ်ကြပါတယ်။
3ဂဏန်းသမားတွေဟာ နေမင်းပြီးရင်ဒုတိယအကြီးဆုံးဂြိုဟ်ဖြစ်တဲ့ ကြာသပတေး ဂြိုဟ်ရဲ့ သင်္ကေတပဲဖြစ် ပါတယ်။ ဓာတ်ရဲ့သဘောအရ အဖိုဓာတ်ဖြစ်ပြီးတော့ ၊မြေဓာတ်လဲ စိုးမိုးတာကိုတွေ့ရပါတယ်။ ကြာသပတေးဂြိုဟ် ဟာဂြိုဟ်အားလုံးမှာ အမြင့်မြတ်ဆုံး အတိသောမ ဂြိုဟ်အဖြစ်သတ်မှတ်ခံရတဲ့ဂြိုဟ်ပါပဲ။
စရိုက္လကၡဏာ
ကြာသပတေးဂြိုဟ်ဟာတရားဥပဒေ၊ဘာသာရေး၊အတွေးအခေါ်ဒဿန၊ ကိုယ်ကျင့်တရားနှင့် ငွေကြေးဥစ္စာ ကို ကိုယ်စားပြုပါတယ်။ဒါကြောင့်ပဲ 3ဂဏန်းသမားတွေဟာ ကိုယ်ကျင့်တရားကောင်းသူတွေ ၊တရားဥပဒေကို လေးစားလိုက်နာကြသူတွေများပါတယ်။ ရှေးရိုးဆန်ကြတယ်။ ယဉ်ကျေးမှုရှိကြတယ်။ အသိဉာဏ်၊စဉ်းစားဉာဏ် ကြီးပြီးတော့ အရာရာကို လက်လွတ်စပယ်မလုပ်တတ်ကြပါဘူး။ ရှေ့ရေးကို ကြိုမြင်နိုင်ပါတယ်။ အနာဂတ်ကို သုံး သပ်အဖြေထုတ်ရာမှာ သူမတူအောင်တော်ကြသူတွေပါပဲ။ အများကမဖြစ်နိုင်ဘူးလို့ ဆိုပြီးတော့ လက်လျော့ထား တဲ့အလုပ်တွေကို မိမိက အောင်မြင်အောင်လုပ်ဆောင်နိုင်ကြတယ်။ ဇွဲရှိပြီး စိတ်ရှည်ကြတဲ့သူတွေများပါတယ်။ အောင်မြင်မှုကို ဖြတ်လမ်းကမလိုက်ဘဲ တဆင့်ထက်တဆင့်မြင့်မားအောင်လို့ လုပ်ဆောင်သွားချင်တဲ့သူမျိုးတွေပါ ပဲ။ အရာရာကို လွယ်လွယ်နဲ့အရှုံးပေးတာမျိုး လက်လျှော့တာမျိုးတွေမရှိကြဘူး။ လဲရင်ပြန်ထမယ်ဆိုတဲ့ စိတ်မျိုး ရှိကြတယ်။ အိန္ဒေသြိက္ခာလဲ ကြီးမားကြတဲ့သူတွေဖြစ်ပါတယ်။
ငွေကြေးကို ကြိုးစားရှာဖွေပေမဲ့ အသုံးအစွဲကတော့ ကျစ်လစ်ပါတယ်။ ငွေကြေးစုဆောင်းတဲ့နေ့ရာမှာတော့ အခြားဂဏန်းသမားတွေထက်ပိုတော်တာကိုတွေ့ရပါတယ်။ အချို့ဆို အရမ်းနှမြောတွန့်တိုတာမျိုးတွေကိုတွေ့ရပါတယ်။ မိမိရူးသွပ်တဲ့အလုပ်တွေအတွက်ဆိုရင်တော့ ငွေမနှ မြောဘဲ ပုံအောသုံးတတ်သူတွေပါ။ အများနဲ့မရောနှောဘဲ သီးသန့်နေလိုစိတ်ပြင်းထန်ကြတယ်။ တိတ်ဆိတ်တဲ့၊ အေးချမ်းတဲ့နေရာမှာ နေလိုစိတ်ရှိတယ်။ ဘဝကိုအေးချမ်းစွာနဲ့ဖြတ်သန်းလိုတဲ့သူပဲဖြစ်ပါတယ်။ သူတစ်ပါး ကိုကူညီချင်စိတ်၊ နွမ်းပါးသူကိုသနားစိတ်ရှိကြတယ်။ ရည်ရွယ်ချက်ပန်းတိုင်ကိုကြိုမြင်တတ်ကြသူတွေပဲဖြစ်ပါတယ်
စီးပွားရေးနှင့်အလုပ်အကိုင်
ရိုးရိုးကျင့် မြင့်မြင့်ကြံကြသူများဖြစ်တာကြောင့် အလုပ်ခွင်ထဲမှာ မသမာနည်းနဲ့ငွေရှာရတာ၊အောက်ဆိုဒ် ရှာရတာကို ရွံမုန်းလေ့ရှိကြပါတယ်။ ဘဝအောင်မြင်ရေးမှာလဲ အမဲစက်အနေနဲ့မကျန်အောင်နေတတ်ကြသူတွေ ပါပဲ။ သူတစ်ပါးအပေါ်အုပ်ချုပ်လိုခြင်းများ၊စီမံရခြင်းများ၊ သြဇာပေးရခြင်းများကိုမြတ်နိုးကြတဲ့သူတွေပါပဲ။ စည်းကမ်းတင်းကျပ်လွန်းတာကြောင့် သူ့အောက်မှာ တာဝန်ထမ်းဆောင်ရတဲ့သူတွေကတော့ မစားသာပါဘူး။ ဒါ ကြောင့်လဲလူမှုဆက်ဆံရေးနယ်ပယ်မှာအံဝင်ခွင်ကျဖြစ်ဖို့ မလွယ်ပါဘူး။ ဝန်ထမ်းအလုပ်လဲ အဆင်ပြေဖို့မလွယ်ဘူး အထက်လူကြီးကအောက်ဆိုဒ်ရှာတာမျိုး ဖော်လံဖားလုပ်တာမျိုးဆို မိမိစိတ်နဲ့ကအဆင်ပြေဖို့မလွယ်ဘူး။ ဘဝမှာ အောင်မြင်ရေး ဟောပြောဆရာ၊ နည်းပေးလမ်းပြ guide line ချပေးရတဲ့အလုပ်တွေ၊ဘာသာရေးနှင့်နွယ်သော အလုပ်များ၊စာရေးဆရာ၊ဗေဒင်ဆရာ၊ အုပ်ချုပ်မှုအလုပ်များ၊ ဘဏ်လုပ်ငန်း၊စာရင်းကိုင်အလုပ်၊တရားရေးဆိုင်ရာ အလုပ်များ နှင့် အကျိုးပေးတတ်ပါတယ်။ ဒါအပြင်ပညာရေးလုပ်ငန်းများ၊ကျောင်းဆရာ၊ ကထိက၊ပါမောက္ခနှင့် အာမခံလုပ်ငန်းများ၊ အနုပညာသရုပ်ဆောင်လုပ်ငန်းများလဲ အထူးဆောင်ရွက်လို့ကောင်းပါတယ်။
ချစ်မှုရေးရာနှင့် အိမ်ထောင်ရေးကဏ္ဍ
အချစ်ရေးအိမ်ထောင်ရေးမျာတော့ သစ္စာတရားကိုအခြေခံတဲ့ အချစ်ရေးအိမ်ထောင်ရေးမျိုးကို တည်ဆောက် လိုကြပါတယ်။ မိမိကိုယ်တိုင်လဲ အိမ်ထောင်ရေးမှာသစ္စာရှိမယ်။ အိမ်ထောင်ဘက်ကလဲ မိမိအပေါ်သစ္စာရှိစေချင် တယ်။ ဒီလို3ဂဏန်းသမားတွေဟာ အချစ်ရေးအိမ်ထောင်ရေးထက်အရေးကြီးတဲ့အရာတွေကိုဦးစားပေးမိတာ ကြောင့် အိမ်ထောင်ရေးသုခနည်းတတ်ကြပါတယ်။ အမှတ်တရနေ့တွေ၊ ချစ်သူများနေ့တွေ၊အိမ်ထောင်နှစ်ပတ် လည်နေ့တွေမှာ အခြားသူတွေက surprise လုပ်ပေမဲ့ 3ဂဏန်းသမားတွေကတော့ ထိုအလုပ်တွေကိုအပိုအလုပ် တွေလို့ထင်နေတတ်ပါတယ်။ မိမိcarzy ဖြစ်တဲ့အလုပ်တွေအပေါ်မှာအချိန်ပြည့်ပေးထားတာကြောင့် မိသားစုအ ပေါ်ဂရုမစိုက်သလိုဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ဘက်ရဲ့စိတ်ကုန်ခြင်းကိုခံရတတ်ကြသူတွေပါပဲ။ ကံကောင်းတာတစ်ခုက ဒီဂဏန်းသမားတွေကို မိမိကိုနှစ်နှစ်ကာကာချစ်တဲ့သူတွေနဲ့ အထူးပဲဖူးစာဆုံတတ်ကြပါ တယ်။ ကံကောင်းတာပေါ့ဗျာ ။ မိမိတို့ကိုယ်တိုင်ကလဲ မိမိကိုတန်ဖိုးထားမဲ့သူကိုဦးစားပေးရွေးတတ်ကြသူတွေပါ။ စန်းအလွန်ကောင်းပါတယ်။ မိမိသာအချစ်ရေးအပေါ်မှာအာရုံစိုက်မဲ့သူဆို ချစ်သူများသွားနိုင်ပါတယ်။ ဒါပေမဲ့ အချစ်ရေး၊အိမ်ထောင်ရေးအပေါ်မှာတော့ သိပ်မလေးနက်ကြသူတွေပါပဲ။
အိမ်ထောင်ကျသွားရင်လဲ အိမ်ထောင် ဘက်အပေါ်မှာ သြဇာပေးခိုင်းစေတာမျိုးတွေအလွန်ပဲလုပ်လေ့ရှိပါတယ်။ မိမိလုပ်လို့ရတဲ့အလုပ်တွေကိုလဲ အိမ် ထောင်ဘက်ကိုခိုင်းစေတတ်ကြသူတွေပါပဲ။အချစ်ရေးမှာလဲ ချစ်သူကို အခြားသူတွေကိုအသိမပေးဘဲ လူမသိအောင်တွဲတတ်တဲ့အကျင့်လေးရှိတတ်ပါတယ်။ ချစ်သူက ချိန်းဆိုတဲ့အခါ အချိန်မှီမသွားတာမျိုး၊ ကတိပေးပြီးဖျက်လိုက်တာမျိုးတွေအလွန်ပဲလုပ်တတ်ကြသူတွေပါ။3ဂဏန်းသမားတွေက အိမ်ထောင်ဘက်နဲ့နီးနေရင်တော့ ဒီအိမ်ထောင်ဘက်အပေါ်မှာ သစ္စာရှိတတ်ကြပြီး ဝေးသွားရင်တော့ အသစ်အသစ်ဆိုတာမျိုးတွေ့ရတတ်ပါတယ်ဗျာ
ကျန်းမာရေး နှင့် အသက်ဇီဝ
3ဂဏန်းသမားတွေဟာ ကျန်းမာရေးနှင့်ပက်သက်ပြီးတော့လဲ ရာခိုင်နှုန်းအားဖြင့်ရ၀%လောက်က အကောင်းများပါတယ်။ ဒါပေမဲ့ သတိထားရမဲ့ ကိစ္စတွေက ဒီဂဏန်းသမားတွေက အားကစားသမား၊ကျန်းမာရေး လိုက်စားသူအဖြစ်နဲ့မြင်တွေ့ရလေ့မရှိပါဘူး။ ကာယထက် ဉာဏကိုပဲဦးစားပေးပြီးလုပ်ကိုင်ကြသူတွေဖြစ်တာ ကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေနည်းပါးတတ်ပါတယ်။ ဒါကြောင့်ပဲ အဆီနဲ့ပက်သက်တဲ့ရောဂါတွေ အဝလွန်ရောဂါတွေ အဆီကြောင့်ဖြစ်တတ်တဲ့အကျိုးဆက်တွေကို သတိထားပါ။ ကိုယ်လက်လှုပ်ရှားမှုအတွက် အချိန်ပေးဖို့လဲမမေ့ပါနဲ့။ မျက်စေ့ရောဂါ၊အသည်း၊ကျောက်ကပ်၊ဆီးနှင့် ပက်သက်သောရောဂါများလဲ အလွန်ပဲဖြစ် တတ်ပါတယ်။ ဆေးကောင်းဝါးကောင်းမှီဝဲတတ်ပေမဲ့ အားကစားမလုပ်တာကြောင့် ထင်သလောက်ကျန်းမာရေး မကောင်းတာမျိုးဖြစ်ရတတ်ပါတယ်။ သွေးတိုးရောဂါလဲ သတိထားဖို့လိုအပ်တယ်လို့မြင်ပါတယ်။
ဘဝကံကြမ္မာနှင့် ဂဏန်းတစ်ခုချင်းစီရဲ့ဝိသေသလက္ခဏာများ
ဒီဂဏန်းသမားတွေက ကိုယ့်ဒူးကိုယ်ချွန်းကြိုးစားကြသူတွေများတယ်။ ဆင်းရဲမှု အဆင်မပြေမှုတွေကို တွန်းလှန်နိုင်ကြတယ်။ 12ရက်နေ့မွေးဖွားတဲ့သမ္မတကြီး အေဘရာဟမ်လင်ကွန်းလိုမျိုး သစ်လုံးအိမ်ကနေ အိမ်ဖြူတော်ထိတက်လှမ်းနိုင်တဲ့အထိကြိုစားခဲ့တာကို အထူးမြင်တွေ့ရပါလိမ့်မယ်။ 3ဂဏန်းသမားတွေဟာ သက်ငယ်ပိုင်းပထမအရွယ်မှာ အခက်အခဲများပေမဲ့ သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတွေမှာ ကံကောင်းကြတာများ ပါတယ်။ အချိန်ကိုအကျိုးရှိအောင်အသုံးချတတ်၊ဇွဲမလျော့တာ ၊အရှုံးမပေးတတ်တာတွေက ဘဝအောင်မြင်ဖို့ လမ်းစတွေပါပဲ။ တိကျပြတ်သားလွန်းတာ၊ အမှားမခံတတ်တာ၊စည်းကမ်းကြီးတတ်တာမျိုးကြောင့်လဲ လူမှုပေါင်း သင်းဆက်ဆံရေးနဲ့ပက်သက်တဲ့ကိစ္စများတွေကို ရှောင်သင့်ပါတယ်။ မိမိကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားမှုတွေ မိမိတတ်သိထားတဲ့ အသိပညာအတတ်ပညာတွေနဲ့ ပဲ အောင်မြင်မှုတွေကိုဖန်တီးနိုင်ပါလိမ့်မယ်။ ၃ဂဏန်းသမား တော်တော်များများဟာ အပျော်အပါးလိုက်စားတာ သိပ်မတွေ့ရဘူး။ မိတ်ဆွေသူငယ်ချင်းဆိုလဲ မိမိနဲ့ကီးမကိုက် တာနဲ့ ချက်ချင်းမပေါင်းတော့ဘူး။ ဘယ်သူ့ကိုမှရေလိုက်ငါးလိုက် မဆက်ဆံတတ်ဘူး။ ဒါကြောင့်ပဲ အပေါင်းအသင်း မိတ်ဆွေနည်းပါးတာတွေ့ရပါတယ်။ 3ဂဏန်းသမားတွေဟာ ကပ်စေးနဲကြတယ်ဆိုပေမဲ့ မိမိ မိတ်ဆွေရင်းတွေ အခက်အခဲဖြစ်တယ်ဆိုရင်တော့ အလွန်ပဲငွေအားလူအားစိုက်ထုတ်ပြီး အကူအညီပေးတတ်တာကိုတွေ့ရပါတယ်။
3ရက်နေ့မွေးသူတွေဟာထီးတည်းဂဏန်းလို့ဆိုစမှတ်ပြုကြပါတယ်။ အခြား 12ရက်၊ 30ရက်မွေးသူတွေကို ဘေးမှာတွဲလုံးမရှိတဲ့အတွက် ဒီလိုခေါ်ကြတာပါ။ ဒါကြောင့်ပဲ 3ရက်နေ့မွေးသူ တွေ ဟာတစ်ယောက်ထဲနေ လိုစိတ်ပြင်းထန်ကြတယ်။ အပျိုကြီးလူပျိုကြီးတွေလဲ များတယ်။ အထီးကျန်ဆန်တယ်။ 3ရက်နေ့မွေးသူတွေဟာ စည်းကမ်းကြီးကြတယ်။ လိုက်လျောညီထွေမနေတတ်ကြဘူး။ လူ့အောက်ကျို့လိုစိတ်လဲ မရှိကြဘူး။မိမိမှန်တယ် ထင်ရင်ဘယ်သူစကားကိုမှနားမဝင်တတ်တဲ့သူမျိုးတွေပါပဲ။
12ရက်နေ့မွေးဖွားသူတွေကတော့ အခြား3ဂဏန်းသမားတွေထက် ပိုမိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ရန်သူမျိုး ငါးပါးကြောင့်ရှာဖွေထားတာလေးတွေ ကုန်သွားတတ်တယ်။ အသက်အန္တရာယ်နဲ့ပက်သက်ပြီး accident ဆိုတာ မျိုးလဲဖြစ်လွယ်ကြတယ်။ ဒီဂဏန်းသမားတွေဟာ ဖြောင်းဖြပြောဆိုတာကို လက်မခံကြပါဘူး။ ရန်သူပေါများတတ် တယ်။ မိမိကိုမနာလိုမုန်းသူတွေနဲ့ကြုံရတတ်ပါတယ်။ မိမိကိုချောက်ချမဲ့သူတွေရှိနေတတ်တာကို မိမိကသိနား လည်ဖို့လိုအပ်ပါတယ်။
21ရက်နေ့မွေးဖွားကြသူတွေကတော့ ဘဝတည်ငြိမ်မှုတွေကိုရရှိကြတယ်။ ဒုက္ခကြီးကြီးကျယ်ကျယ်ဘယ် တော့မှမရောက်ဘူး။ ဒုက္ခရောက်မယ်ကြံတိုင်းကယ်မဲ့သူပေါ်တယ်။ ဘဝကြီးက ပရမ်းပတာဖြစ်သွားလေ့မရှိပါဘူး။ အိမ်ထောင်ဘက်ကောင်းရလွယ်ကြတယ်။ အထူးသဖြင့် 21ရက်နေ့မွေးတဲ့ မိန်းကလေးတွေကတော့ ကိုယ့်ထက် အဘက်ဘက်က သာလွန်တဲ့ အိမ်ထောင်ဘက်ကိုရလွယ်ကြပါတယ်။ အိမ်ထောင်ဘက်အပေါ်မှာလဲ မိမိသြဇာ ညောင်းတဲ့သူတွေပါပဲ။
30 ရက်နေ့မွေးဖွားကြသူတွေကတော့ သုညနဲ့တွဲလျက်ပါတာကြောင့် သတိထားသင့်တယ်။ နောက်မှာ သုညတွဲ လျက်ပါတဲ့ 10၊20၊30၊ရက်မွေးသူတွေဟာ ဘဝအတက်အကျအလွန်များတယ်။ သုညဟာအဝိုင်းရဲ့ သဘောတရား ကြောင့်လားတော့ မသိဘူး။ ဘဝကံက လှိုင်းလိုပဲအတတ်အကျအလွန်များတာကို သတိထား မိတယ်။ ဒီဂဏန်းသမားတွေက အတွေးအခေါ်မြင့်မားတယ်။ အကြံပေးရတဲ့ consultant အလုပ်တွေနဲ့ အလွန်မှပဲ သင့်တော်ပါတယ်။ ကျန်တော်ကိုယ်တိုင်လဲ 30ရက်နေ့ မွေးတာကြောင့် ဗေဒင်ဟောပြောယတြာပေးတာအပြင် အကြံပေးတဲ့သဘောမျိုးကို ဦးစားပေးပြောဖြစ်ပါတယ်။ အနုပညာစိတ်လေးတွေရှိကြတယ်။ ခံစားလွယ်တယ်။ အနု ပညာလမ်းကြောင်းပေါ်လျှောက်ရင်အောင်မြင်နိုင်ပါတယ်။ အလျော့မပေးဘဲ ဇွဲကြီးကြသူတွေပါ။
3ဂဏန်းသမားတွေရဲ့ မိတ်ဖက်ဂဏန်းတွေကတော့ 2ဂဏန်း၊6ဂဏန်းနှင့် 7ဂဏန်းသမားတွေပဲဖြစ်ပါတယ်။ 1ဂဏန်း၊8ဂဏန်းနှင့် 9ဂဏန်းသမားတွေကတော့ 3ဂဏန်းသမားတွေကို ဆိုးကျိုးပေးနိုင်တဲ့ ဂဏန်းပိုင်ရှင်တွေပါ။ ပေါင်းခြင်း1၊8၊9ရတဲ့အသက်တွေ၊ခုနှစ်တွေကိုဂရုစိုက်ပေါ့ဗျ၊ကားနံပါတ်အိမ်နံပါတ်တွေဆိုလဲ 1၊8၊9ပါရင်၊ ပေါင်းခြင်း 1/8/9ဖြစ်ရင်ရှောင်ပေါ့ဗျ။ဉာဏ်နဲ့ချဲ့တွေးသွားနိုင်မယ်လို့ထင်ပါတယ်ဗျ။ 3ဂဏန်း၊4ဂဏန်းနှင့် 5ဂဏန်း သမားတွေကတော့ 3ဂဏန်းသမားတွေအတွက် အကောင်းအဆိုးမျှတဲ့ဂဏန်းတွေဆိုတာကို ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။
3ဂဏန်းသမားများအားလုံး တွေးရာမှကုသိုလ်၊ပြောရာမှာကုသိုလ်၊လုပ်ကိုင်ဆောင်ရွက်ရာမှကုသိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)
09775555695/09445555695

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...