Skip to main content

မဟာဘုတ် ၀ ကြွင်းကြသူများ၏ အချစ်ရေး အိမ်ထောင်ရေးအကြောင်း

 


မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၀ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၀ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။
၀ ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။
မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ ၀ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။
၁၃၂၃ခု၊ ၁၃၃၀ခု၊ ၁၃၃၇ခု၊ ၁၃၄၄ခု၊ ၁၃၅၁ခု၊ ၁၃၅၈ခု၊ ၁၃၆၅ခု၊ ၁၃၇၂ ခု၊ ၁၃၇၉ ခု တွေမှာ မွေးဖွားကြသူတွေကတော့ ၀ ကြွင်းဖွားတွေပါပဲ။
၀ကြွင်းဖွားတွေရဲ့အချစ်ရေးအိမ်ထောင်ရေးအကြောင်းကို ပြောရရင်တော့ဒီအကြွင်းဖွားတွေဟာ အချစ်ရေးအပေါ်မှာ အစွဲအလမ်းအလွန်ကြီးကြပါတယ်။ တစ်ဦးတစ်ယောက်ကို ချစ်မိပြီဆိုရင် မေ့ဖျောက်ဖို့ခက်ကြပါတယ်။ ချစ်သူနဲ့ အတူသွားဖူးတဲ့နေရာတွေ အတူတိုင်ဖူးတဲ့ဆိုင်တွေရောက်တိုင်းလဲ နှစ်ဘယ်လောက်ကြာကြာလွမ်းဆွတ်သတိရနေဆဲပါပဲ။
ဝကြွင်းဖွားတွေအနေနဲ့ကလဲ ကံဆိုးစွာနဲ့ပဲ ဘဝမှာ မိမိကတစ်ဦးတစ်ယောက်ကို အရမ်းချစ်မိပြီ အရမ်းတန်ဖိုးထားမိပြီဆိုရင် ထိုသူနဲ့ အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲရဖို့ ဖြစ်လာတတ်ပါတယ်။အရမ်းချစ်လေ ကွဲကွာဖို့အကြောင်းဖန်လေပေါ့ဗျာ။ ၀ကြွင်းဖွားတွေဟာ ရုတ်တရက် မထင်မှတ်ဘဲ မရည်ရွယ်ထားသူနဲ့ အိမ်ထောင်ကျတတ်ပါတယ်။ နှစ်ရှည်လများ ချစ်ခဲ့သူနဲ့မညားဘဲ လပိုင်းလောက်ချစ်တဲ့သူနဲ့ လက်ထပ်ရတတ်တာမျိုး ကြုံကြရသူတွေပါ။ ၀ကြွင်းဖွားတွေဟာ အချစ်ရေးကိစ္စတွေမှာ နူးညံ့သိမ်မွေ့ကြတာများပါတယ်။ ငယ်ရွယ်စဉ်မှာ "စန်း"အလွန်ပွင့်ကြသူတွေပါ။ ဒါကြောင့်ပဲ ၀ကြွင်းဖွားတွေဟာ ဆန့်ကျင်ဘက်လိင်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံကြရပါတယ်။ ၀ကြွင်းဖွားတွေဟာ အချစ်ရေးအိမ်ထောင်ရေးမှာ အရှက်အကြောက်ကြီးတာများပါတယ်။ ဒါကြောင့်ပဲ အိမ်ထောင်တစ်ခုကို မပြို ကွဲအောင် ထိန်းသိမ်းနေကြတာများပါတယ်။
ဒါပေမဲ့ ၀ကြွင်းဖွားတွေမှာ ယောကျာ်းလေးတွေနဲ့ မိန်းကလေးတွေ အိမ်ထောင်ရေးကံကြမ္မာ ကွဲပြားကြပါတယ်။ ၀ကြွင်းဖွား ယောကျာ်းလေးတွေဟာ အိမ်ထောင်ရေးကံကောင်းကြပါတယ်။ အိမ်ထောင်ရေးသောက နည်းကြတာများပါတယ်။ ၀ကြွင်းဖွားမိန်းကလေးတွေကတော့ အိမ်ထောင်ရေးကံညံ့ကြတာ ရာခိုင်နှုန်းများပါတယ်။ အိမ်ထောင်ဆက်များတာ ၊တစ်ခုလပ်၊မုဆိုးမဖြစ်ကြတာမျိုးတွေရှိတတ်ပါတယ်။
၀ကြွင်းဖွားမိန်းကလေးတိုင်းအိမ်ထောင်ရေးကံညံ့တာတော့ မဟုတ်ပါဘူး။ နေနံအရရော နာမည်အရရော အကောင်းအဆိုး ကွဲပြားနေပါတယ်။
ဝကြွင်းဖွား မိန်းကလေးတွေဟာ တိတ်တိတ်ပုန်းမယားဖြစ်တာ ၊ လူမသိသူမသိ လက်ထပ်ဖို့ကမ်းလှမ်းခံရတာ လူသိရှင်ကြားလက်ထပ်ခံနီးမှ အခက်အခဲပြဿ နာကြုံရတာ နှစ်ဖက်မိဘအဆင်မပြေတာ စတာလေးတွေတော့ ရှိတတ်ပါတယ်ဗျာ။
ဝကြွင်းဖွားတွေဟာ အိမ်ထောင်ဘက်ရဲ့ အပြစ်တင်ခြင်းကိုအများဆုံးခံကြရတဲ့သူတွေပါပဲ။ နည်းနည်းပျင်းရိတာ ၊ အာရုံမစိုက်တာ၊ ပေါ့ပျက်ပျက်နိုင်တာ စတဲ့အချက်တွေကြောင့် အိမ်ထောင်ဘက်က
မိမိကို အချိန်ဖြုန်းတယ်၊ မိသားစုကိုဂရုမစိုက်ဘူး၊
အားလုံးကိုလျစ်လျူ ရှုထားတယ်...စတဲ့ ပြစ်တင်ပြောဆိုခြင်း ကို ခံရပါလိမ့်မယ်။
၀ကြွင်းဖွားတွေ အနေနဲ့ ဘဝလက်တွဲဖော်/အိမ်ထောင်ဘက်ရွေးချယ်မယ်ဆိုရင်တော့ စနေသားသမီးနဲ့တနင်္ဂနွေသားသမီးကို ရှောင်ပြီး ဘဝကြင်ဖော်ရှာမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲဗျ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...