Skip to main content

မဟာဘုတ် အကြွင်းဖွားအသီးသီး၏ ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများ

 


မြန်မာ မွေးသက္ကရာဇ်ကို ၇နဲ့စားလိုက်ပါက ရလာတဲ့အကြွင်းတွေကို တွက်ချက်ပြီးဟောပေးထားတာမျိုးပါပဲ။ ယေဘုယျသဘောလောက်လို့ပဲ ဆိုရမှာပါ။ ဥပါဒါန်ကြီး စွဲနေဖို့ မလိုပါဘူး၊ ဘာဖြစ်လို့လဲဆို
တော့တစ်ဦးချင်းစီရဲ့ မွေးလ မွေးရက် မွေးချိန် အပြင် ..ပေးထားတဲ့ နာမည်တွေမတူညီတာကြောင့်အနုစိပ်ကွဲပြားမှုတွေ ရှိနေလို့ပါပဲ။
တွက်နည်းလေး ဥပမာပြောပြရအောင်….
ကိုယ်က မြန်မာခုနှစ် ၁၃၅၃ခုနှစ်မှာမွေးဖွားလာသူဆိုပါစို့။
၁၃၅၃÷၇=၂ ကြွင်းပါတယ်ဗျ။ ဒါဆို ၂ကြွင်းအဟောကိုကြည့်ရုံပါပဲ။ နားလည်မယ်ထင်ပါတယ်။
ဖြစ်တတ်တာတွေ သိထားတော့ ရှောင်နိုင်အောင်လို့ စေတနာရှေ့ထားပြီးဟောပေးထားတာပါ။
၁ကြွင်း
၁ကြွင်းသမားတွေကတော့ ယေဘုယျအနေနဲ့သုံးသပ်ရရင်တော့ ကျန်းမာရေးအားကောင်း
သူတွေပါပဲ။မဖြစ်ရင်လဲ ဘာမှမဖြစ်ဘူးဖြစ်ပြီဆိုရင်လဲ အသည်းအသန်ဆိုတာမျိုးဖြစ်တတ်ပါတယ်။
ဖြစ်တတ်တဲ့ ရောဂါတွေကတော့ လေရောဂါ၊ ဝမ်းဗိုက်နဲ့ပက်သက်သောရောဂါများ၊ ဝမ်းကိုက်
ရောဂါ၊ လိပ်ခေါင်းရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊အစာအိမ်ရောဂါ၊ အူအတတ်ပေါက်ခြင်း၊ ကျောက်
တည်ခြင်း၊ ကင်ဆာဖြစ်လွယ်သော အဖုအကြိတ်များ၊ အဆုတ်ရောင် အဆုတ်ပွလွယ်ခြင်း၊ လေဖြတ်တတ်ခြင်း၊အာရုံကြောနဲ့ပက်သက်သောရောဂါများ၊ချော်လဲခြင်း၊ခွေးကိုက်ခံရခြင်း ၊ခလုတ်တိုက်ခြင်းစတဲ့အသေးစားထိခိုက်မှုလေးတွေလဲဖြစ်တတ်ကြောင်းပါဗျာ၊
၂ကြွင်း
၂ကြွင်းဖွားတွေကို ယေဘုယျသုံးသပ်ရရင်တော့ ကျန်းမာရေးအားပျော့ကြသူတွေများပါတယ်။ တရှောင်ရှောင်ဖြစ်လွယ်သူတွေပါပဲ။အရေးအကြီးဆုံးကတော့ နှလုံးရောဂါတွေပါပဲ။
နှလုံးသွေးကြောကျဉ်းခြင်း ကျယ်ခြင်း၊ Heart attack ဖြစ်ခြင်း မျိုးတွေကြုံရတတ်ပါတယ်။ ဒီအကြွင်းဖွားတွေဟာအင်မတန်မှသတိမေ့လွယ်ပါတယ်။ သက်လတ်ပိုင်း သက်ကြီးပိုင်းတွေမှာ
အထူးမေ့လွယ်ကြသူတွေပါပဲ။အသည်းနဲ့ပက်သက်သောရောဂါများ ၊ ဦနှောက် အာရုံကြောနဲ့ပက်သက်သောရောဂါများ၊ ကင်ဆာရောဂါစတဲ့ ရောဂါဗေဒတွေပါပဲ။ နောက်ပြီးလက်နက်ခဲယမ်း
ထိမိခိုက်မိတာမျိုးလဲ အချို့သော ၂ကြွင်းဖွားတွေကြုံရတွေ့ရတတ်ပါတယ်။
၃ကြွင်း
၃ကြွင်းဖွားတွေဟာအထူးသဖြင့် ကျန်းမာရေးနဲ့ပက်သက်ရင်အထူးပဲ ဇီဇာကြောင်ကြသူတွေ
ပါပဲ။ သွားနှင့်ခံတွင်းပိုင်းဆိုင်ရာ ရောဂါများအထူးဂရုစိုက်အပ်ပါတယ်။ မိန်းကလေးများ ဓမ္မတာ
သွေးလေမမှန်ခြင်း၊ မီးယပ်သွေးဆုံးကိုင်ခြင်းများသတိထားပါ။ ခြေလက်ထိခိုက်လွယ်ပါတယ်။
ဒါကြောင့် accident ဆိုတာမျိုး မဖြစ်အောင်ဂရုစိုက်ပါ။အစားအသောက် အရမ်းရှောင်တာမျိုး
ကလဲ လိုအပ်တာအာဟာရ မရနိုင်တာမျိုးကို ဖြစ်စေပါတယ်။နောက်ပြီး မျက်စိထိခိုက်မိရင်
တိမ်စွဲတတ်တဲ့အတွက် အထူးဂရုစိုက်ပါ။ အချို့ ၃ကြွင်းဖွားတွေဟာ လိင်ကိစ္စ ရှုပ်ထွေးတတ်ခြင်း
ကြောင့် လိင်နဲ့ပက်သက်သောရောဂါတွေ အထူးဂရုစိုက်ပါ။
၄ကြွင်း
၄ကြွင်းဖွားတွေဟာ လူအတော်များများ မဖြစ်ဘူးတဲ့ ရောဂါမျိုးတွေဖြစ်လွယ်ပါတယ်။ သွေးနဲ့ပက်သက်သောရောဂါများ ၊အသည်းခြောက်ခြင်း ၊သွေးတိုးရောဂါ၊ သားအိမ်အားနည်းခြင်း၊ ကိုယ်ဝန်ပျက်လွယ်ခြင်း၊ သားအိမ်ခေါင်းကင်ဆာ၊ ဓမ္မတာမမှန်ခြင်း ၊အဖြူ ဆင်းခြင်းမျိုးတွေဖြစ်လွယ်ပါတယ်။ ရောဂါဟောင်း ဝေဒနာဟောင်းတွေ ခဏခဏပြန်ပေါ်တတ်ပါတယ်။ ဘယ်ရောဂါဖြစ်ဖြစ် အမြစ်ပြတ်အောင်ကုသပါ။ အရိုးပွခြင်းမျိုး အထူးသတိထားပါ။ နှာခေါင်းသွေးယိုခြင်းမျိုးလဲ ခဏခဏဖြစ်တတ်ပါတယ်။ ခေါင်းခဏခဏကိုက်ခြင်းနဲ့ ကြီးမားတဲ့ ခွဲစိပ်ရခြင်းမျိုးလဲ တွေ့ရကြုံရတတ်ပါတယ်။
၅ကြွင်း
၅ကြွင်းဖွားတွေဟာ ငယ်ရွယ်စဉ်မှာ ကျန်းမာရေးကောင်းကြတာများပါတယ်။ အဲလို ငယ်ရွယ်စဉ်ကျန်းမာရေးကောင်းသူတွေဟာလဲ အသက်ကြီးပိုင်း
စုဖြစ်တတ်ပါတယ်။ သွေးတိုးရောဂါအထူးသတိထားပါ။ ခေါင်းခဏခဏကိုက်တာမျိုးလဲ ဖြစ်တတ်ပါတယ်။ မျက်စိအားနည်းတတ်တဲ့အတွက် သတိထားပါ။ ဆီးရောဂါ တွေဖြစ်ရတတ်ပါတယ်။ ကျောက်ကပ်လဲ အားနည်းကြသူတွေပါ။ သက်ကြီးပိုင်အဝလွန်ရောဂါမဖြစ်အောင်လဲ သတိထားဖို့လိုပါတယ်။ လိင်အင်္ဂါနဲ့ပက်သက်သော ရောဂါတွေဂရုစိုက်ပါ။ အရက်လုံးဝမသောက်ပါနဲ့ ။ အခြားအကြွင်းဖွားတွေအတွက်မသိသာပေမဲ့ ၅ကြွင်းဖွားတွေသာ အရက်သောက်မယ်ဆို သေချာပေါက် အသက်တိုပါတယ်။
၆ကြွင်း
ဒီအကြွင်းဖွား အများစုဟာ ကျန်းမာရေးက အိမ်မှာထိုင်နေရင်ရောဂါများရတတ်ပြီး သွားလာလှုပ်ရှားပြီး ခရီးများနေရင်တော့ ကျန်းမာရေးကောင်းနေတတ်သူပါပဲ။ အထူးသဖြင့် သွေးအားနည်းရောဂါများလဲ အဖြစ်များတတ်ပါတယ်။ ဆီးလမ်းကြောင်း ကျောက်တည်ခြင်း ၊သည်းခြေကျောက်တည်ခြင်းမျိုးတွေလဲ ဖြစ်ရတတ်သူပါပဲ။ အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲခြင်း ၊ကိုယ်လက်ကိုက်ခဲခြင်းတွေလဲ ဖြစ်လွယ်တဲ့သူတွေပါ။ အစာမကြေတာ ရင်ပြည့်ရင်ကယ်ဖြစ်တာမျိုးလဲ ခဏခဏဖြစ်ရတတ်ပါတယ်။ ချောင်းဆိုးတာ အဆုတ်ပွတာမျိုးလဲ ဖြစ်ရတတ်သူတွေပါပဲ။ အူလမ်းကြောင်းနဲ့ ပက်သက်သောရောဂါမျိုးလဲ ဂရုစိုက်အပ်ပါတယ်ဗျ
၀ကြွင်း
၀ကြွင်းဖွားသူတွေဟာ မူလဇာတာအရ ကျန်းမာရေးအားနည်းသူတွေပါပဲ။ နည်းနည်းလေးအပင်ပန်းခံလိုက်တာနဲ့ ဖျားတတ်နာတတ်သူတွေများပါတယ်။
ကျန်းမာရေးကတော့ လေးဘက်နာရောဂါများ၊ လိပ်ခေါင်းရောဂါများ ဂရုစိုက်ဖို့ လိုပါတယ်။ ဝမ်းပျက်လွယ်သူတစ်ယောက်ပါပဲ။ ဆီးချို ၊သွေးချို ဖြစ်လွယ်ကြပါတယ်။ ရေဖျဉ်းစွဲခြင်း နှင့် ကင်ဆာရောဂါတွေလဲ ဖြစ်ပွားလွယ်ပါတယ်။ စက်ပစ္စည်းများနဲ့ ကိုင်တွယ်အသုံးပြုရသူများကလဲ ထိခိုက်လွယ်တဲ့ အကြွင်းဖွားတွေဖြစ်တာကြောင့် ဂရုစိုက်အပ်ပါတယ်။ သားအိမ်ကျခြင်း အူကျခြင်းမျိုးတွေ ဖြစ်လွယ်ပါတယ်။ အသည်းအဆီဖုံးခြင်း ၊နှလုံးအဆီဖုံးခြင်းမျိုး မဖြစ်အောင် လေ့ကျင့်ခန်းများများလုပ်ပေးကြပါ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...