Skip to main content

မဟာဘုတ် ၄ ကြွင်းကြသူများ၏ အချစ်ရေး၊အိမ်ထောင်ရေးအကြောင်း



မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇နဲ့စားလို့ ၄ကြွင်းကြသူတွေရဲ့အချစ်ရေး အိမ်ထောင်ရေးအကြောင်းလေးတွေ ပြောပြပေးမှာပါ။ ၄ကြွင်းဖွားတွေတိုင်း ယေဘုယျအနေနဲ့ ကြုံတွေ့ရမဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကံကြမ္မာနဲ့ အချစ်ရေး ၊အိမ်ထောင်ရေးအပေါ် ထားရှိတဲ့သူတို့ရဲ့ စိတ်အခြေအနေလေးတွေကို ဒီကနေ တင်ပြသွားမှာပါ။

၄ကြွင်းဖွားတွေတိုင်း ဒီကံကြမ္မာအတိုင်းကြုံ လာရမယ်လို့တော့ မဆိုလိုပါဘူး။ နေ့သားတစ်ဦးချင်းစီအလိုက် ကံအနေအထားကွာခြားမှုလေးတွေ ရှိနိုင်သလို ပေးထားတဲ့နာမည်အရလဲ ကံကြမ္မာအပြောင်းအလဲ ၊စိတ်ဓာတ်အပြောင်းအလဲလေးတွေလဲရှိနေအုံးမှာပါ။ ကဲစကြပါစို့ဗျာ။


မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ဟာ အောက်ပါခုနှစ်တွေထဲမှာ ပါမယ်ဆိုရင်တော့ မိမိဟာ ၄ကြွင်းဖွားတွေလို့ မှတ်ယူလိုက်ပါ။

၁၃၂၀ခု၊ ၁၃၂၇ခု၊ ၁၃၃၄ခု၊ ၁၃၄၁ခု၊ ၁၃၄၈ခု၊ ၁၃၅၅ခု၊ ၁၃၆၂ခု၊ ၁၃၆၉ခု၊ ၁၃၇၆ခု တွေမှာ မွေးဖွားကြသူတွေကတော့ ၄ကြွင်းဖွားတွေပါပဲ။

----------------------------------------------------------


လေးကြွင်းဖွားတွေရဲ့အချစ်ရေးဟာ ရှုပ်ထွေးလွန်းလှပါတယ်။ ဘဝပေးအခြေအနေအရ အချစ်ရေးကို လုံးဝဦးစားမပေးတဲ့သူကလွဲရင် ချစ်သူရည်းစားများတတ်တဲ့သူတွေပါပဲ။ တစ်ပြိုင်နက် ချစ်သူရည်းစား ၂ယောက်/၃ယောက် ပြိုင်ထားတာမျိုးလဲ ခဏခဏတွေ့ရပါတယ်။ ဒီအကြွင်းဖွားတွေဟာအချစ်ရေးမှာ စိတ်အလိုကို ဦးစားပေးကြပါတယ်။ စိတ်ချမ်းသာမှု စိတ်စေရာကိုဦးစားပေးတတ်သူပါ။ ဒါကြောင့်ပဲ ချစ်သူဘဝစိတ်ညစ်စိတ်ဆင်းရဲလာပြီဆိုရင်လဲချစ်သူကိုလမ်းခွဲဖို့ ဝန်မလေးပါဘူး။ ဒါကြောင့်ပဲ ချစ်သူများသွားတတ်ပါတယ်။


လေးကြွင်းဖွားတွေလူရည်တော့လည်ပါတယ်။

ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတဲ့ အကျိုးဆက်ကိုတော့သိပါတယ်။ တစ်ခုအားနည်းတာကငွေကြေး ဂုဏ် ပကာသနကို မက်မောတဲ့သူများပါတယ်။ လောဘကို အတောမသတ်နိုင်ဖြစ်တတ်ပါတယ်။ ဘယ်လောက်ချမ်းသာချမ်းသာ မရောင်ရဲနိုင်ပါဘူး။ ငွေကြေးမက်မောမှုကြောင့်ပဲ ၄ကြွင်းသမားတွေဟာ တိတ်တိတ်ပုန်းမယားတွေ / ယောကျာ်းပိုင်းလုံးတွေ ဖြစ်လွယ်တတ်ပါတယ်။ ဒါကြောင့်ပဲ လေးကြွင်းဖွားတွေမှာ ရွှေရှိမှလူရာဝင်တယ်လို့ တွေးနေမိတဲ့သူတိုင်း အမှားများနေအုံးမှာပါပဲ။


လက်မထပ်ရသေးဘဲ တိတ်တိတ်ပုန်းအခြေအနေမျိုးလဲ ဖြစ်ရတတ်ပါတယ်။ လေးကြွင်းဖွားတိုင်းဒီလိုကြီးဖြစ်မယ်မဆိုလိုပါဘူး။ ရောင်ရဲနိုင်တဲ့ လေးကြွင်းဖွားတွေအနေနဲ့ သာယာတဲ့ အချစ်ရေးအိမ်ထောင်ရေးကို ဖန်တီးနိုင်တာအများအပြားတွေရပါတယ်။ ချစ်သူကို အပေါ်ယံကြည့်ပြီးမချစ်ပါနဲ့။ စိတ်ထဲနှစ်နှစ်ကာကာချစ်မှလက်တွဲပါ။ အဲလိုမှမဟုတ်ရင် ချစ်သူကလဲမိမိကိုထားသွားပါလိမ့်မယ်။


အိမ်ထောင်ရေးကံကတော့ လေးကြွင်းဖွား မိန်းကလေးတွေအနေနဲ့ မိမိထက် ဂုဏ်၊ငွေကြေး၊ပညာ မြင့်မားတဲ့သူမျိုးနဲ့ လက်ဆက်ရတတ်ပါတယ်။ ပြည့်စုံထက်မြက်တဲ့အိမ်ထောင်ဘက်ကိုရပေမဲ့ အိမ်ထောင်ဘက်ဟာ ရှုပ်ထွေးဖောက်ပြန်တဲ့သူမျိုးနဲ့ကြုံရတတ်ပါတယ်။ " သူတောင်ဖောက်ပြန်တာပဲ ငါလဲ အိမ်ထောင်ရေးအပေါ်သစ္စာမရှိနိုင်ဘူး" ဆိုတဲ့ အတွေးမျိုးတွေးမိ လုပ်မိတတ်ပါတယ်။ လေးကြွင်းဖွား ယောကျာ်းလေးတွေအနေနဲ့ အေးဆေးတည်ငြိမ်တဲ့ အိမ်ထောင်ဘက်မျိုးနဲ့ လက်ဆက်ရတတ်ပါတယ်။ ဒါပေမဲ့ မိမိရဲ့ အသုံးအဖြုန်းကြီးခြင်း ငွေကြေးလက်ဖွာခြင်းတွေကြောင့် အိမ်ထောင်ဘက်က မိမိအပေါ် စိတ်ပျက်စိတ်ကုန်လွယ်ပါတယ်။


လေးကြွင်းဖွားတွေအနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတတ်ပါတယ်။ မထင်မှတ်ဘဲ မရည်ရွယ်ဘဲ ကျတတ်ပါတယ်။ အိမ်ထောင်ရေးမှာ အိမ်ထောင်ပြုခါနီး မိမိရှုပ်ခဲ့ထားဖူးမျိုး အရင်ကအမှားမျိုးရှိခဲ့ရင် မိမိရဲ့လက်တွဲဖော်ကို တစ်ခါထဲပြောပြထားပါ။ ယူပြီးမှ ပြဿ နာဟောင်းတွေရှင်းရတတ်လို့ပါ။ လေးကြွင်းဖွားတွေ စိတ်ညစ်တဲ့ဒဏ် ၊စိတ်ဆင်းရဲတဲ့ ဒဏ်ကို လုံးဝမခံနိုင်တဲ့သူတွေပါပဲ။

ဒါကြောင့်ပဲ အိမ်ထောင်ရေးမှာ စိတ်ညစ်စရာကြုံလာပြီဆိုရင် ထွက်ပေါက်ရှာလေ့ရှိတဲ့ အကြွင်းဖွားတွေပါပဲ။


လေးကြွင်းဖွားတွေဟာ ဗုဒ္ဓဟူးသားသမီး

ကြာသပတေးသားသမီးတွေကို အိမ်ထောင်ဘက်အဖြစ်မရွေးချယ်ပါနဲ့။


လေးကြွင်းဖွားတွေသတိထားရမဲ့ အချက်တွေက နာမည်အပျက်မခံပါနဲ့ ။နာမည်ပျက်ရင်အဖတ်ဆယ်လို့မရဖြစ်ရလိမ့်မယ်။


အရာရာတိုင်းကို ငွေကြေးရလိုမှုတစ်ခုထဲအတွက် ဦးစားပေးပြီးမကြည့်ပါနဲ့ ။


သစ္စာတရားကိုလက်ကိုင်ထားပါ။ သီလရှိအောင်နေပါ။


၇ရက်သားသမီးအပေါင်း

ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။


ငြိမ်းအေးလူ (ဗေဒင်သုတေသီ)


Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...