Skip to main content

ဒသာကောက်ကိန်းအရ အင်္ဂါသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

 ဒသာကောက်ကိန်းအရ အင်္ဂါသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ



ဒီနေ့ အလှည့်ကျတာကတော့ အင်္ဂါသားသမီးတွေအတွက် ပဲဖြစ်ပါတယ်။ ဒီဒသာကောက်ကိန်းတွေဟာ လူတော်တော်များများ အတွက် ၇၀% မှန်ကန်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အင်္ဂါနေ့ဖွားဖြစ်တာမို့ ကံကောင်းချိန်၊ ကံညံ့ချိန်တွေအလိုက် ချိန်ဆပြီးဆောင်ရွက်လေ့ရှိပါတယ်။ ကံကောင်းခါနီးအချိန်တွေမှာ ဘာ တွေကြိုပြင်ထားမလဲ…. ကံကောင်းချိန်မှာ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်။ မိုးတော့ရွာပါရဲ့ ခံစရာအိုးမရှိသလိုမျိုး၊ နေတော့ပူပါရဲ့ စပါးလှန်ဖို့ အဆင်သင့်မလုပ်ထားရင်လဲ အဆင်မပြေသလိုပါပဲ။
ဒီလိုပါပဲ…ကံညံ့တော့မယ့် ကာလတွေ ရောက်ခါနီးမှာ လောဘ၊ဒေါသ၊မောဟနည်းအောင် ကြိုတင် ပြင် ဆင်ထားဖို့လိုတယ်။ ငွေတွေမလိုအပ်ရင် မသုံးစွဲဖို့လိုတယ်… ၊ခရီးရှည်ထွက်ဖို့ပြင်ဆင်ရသူလိုပဲ။ကံညံ့ချိန်တွေမှာ အဓိဌာန်တွေ ကြိုဝင်ထားခြင်းဖြင့်…အညံ့အဆိုးတွေလဲ သိသာစွာလျော့ပါးသွားစေနိုင်ပါတယ်…။
ဇာတာရှင်အင်္ဂါနေ့ဖွားတွေအတွက်
အသက် ၅နှစ် တင်းတင်းပြည့်ချိန်မှ…အသက် ၆နှစ်တင်းတင်းပြည့်ချိန် အတွင်းကာလ
အသက် ၁၆နှစ် ၆လ မှစ၍ …အသက် ၁၈နှစ် ၇လ ၁၅ရက် အတွင်းကာလ
အသက်၂၈နှစ် ၉လမှစ၍... အသက် ၃၀တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက်၃၉နှစ် ၉လ မှစ၍....အသက်၄၂နှစ် ၁လ ၁၅ရက် အတွင်းကာလ
အသက်၅၅နှစ် ၆လမှစ၍ .. အသက်၅၇နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက်၆၆နှစ်တင်းတင်းပြည့်ပြီးချိန်မှ.....၆၈နှစ် ၇လ ၁၅ရက် အတွင်းကာလများသည် အင်္ဂါသားသမီးတွေအတွက် ယေဘုယျအားဖြင့်ကံကောင်းချိန်တွေပါ..။ ကံကောင်းချိန်မှာ ကောင်းတဲ့စိတ်နဲ့ ကောင်းတဲ့ ကာယကံ၊ဝစီကံတွေဖြစ် ဖို့လိုပါတယ်။
ဇာတာရှင်အင်္ဂါနေ့ဖွားတွေအတွက် ကံအားနည်းချိန်အသက်အပိုင်းအခြားတွေကတော့
အသက် ၆နှစ်တင်းတင်းပြည့်ပြီးချိန်မှ...အသက်၇နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက် ၁၈နှစ် ၇လ ၁၅ရက်အတွင်းမှ....အသက် ၂၀နှစ် ၉လ အတွင်းကာလ
အသက် ၃၀ တင်းတင်းပြည့်ချိန် မှ...အသက်၃၁နှစ် ၃လ အတွင်းကာလ
အသက် ၄၂ နှစ် ၁လ ၁၅ရက်အတွင်း မှ...အသက်၄၄ နှစ် ၆လ အတွင်းကာလ
အသက် ၅၇နှစ်တင်းတင်းပြည့်ချိန် မှ...အသက် ၅၈နှစ် ၆လ အတွင်းကာလ
အသက် ..၆၈နှစ် ၇လ ၁၅ရက်အတွင်း မှ ..အသက်၇၁ နှစ် ၃လ အတွင်းကာလများသည်လဲ
အင်္ဂါနေ့ဖွားတွေ အတွက် သတိနဲ့ယှဉ်ပြီးနေထိုင်ရမဲ့ နှစ်အပိုင်းအခြားတွေပါပဲ..။ သတိထားမိလားမသိဘူး… အင်္ဂါ သားသမီးတွေဟာ ကံကောင်းချိန်တွေပြီးရင် ကပ်လျက်ပဲ ကံညံ့ချိန်က တွဲပါလာတာပါ။ ဒါဟာ ယူတတ်ရင်အခွင့် ကောင်းတစ်ခုပါပဲ…။ ကံကောင်းချိန်တွေကို သေချာစီမံထားနိုင်ရင် ကံညံ့ချိန်တွေကို လျော့ပါးသက်သာအောင် အထူး ဆောင်ရွက်လို့ရတယ်ဆိုတာပါပဲ….။ အသေးစိပ်တော့ မပြောပြတော့ပါဘူး…ကိုယ်တိုင်ကိုယ်ကျတွေးဆဆင်ခြင် နိုင်လိမ့်မယ် ထင်ပါတယ်..။
အင်္ဂါသားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ…။
ငြိမ်းအေးလူ
09775555695
09445555695
#Zawgyi font
ဒသာကောက်ကိန်းအရ အင်္ဂါသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ
ဒီနေ့ အလှည့်ကျတာကတော့ အင်္ဂါသားသမီးတွေအတွက် ပဲဖြစ်ပါတယ်။ ဒီဒသာကောက်ကိန်းတွေဟာ လူတော်တော်များများ အတွက် ၇၀% မှန်ကန်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အင်္ဂါနေ့ဖွားဖြစ်တာမို့ ကံကောင်းချိန်၊ ကံညံ့ချိန်တွေအလိုက် ချိန်ဆပြီးဆောင်ရွက်လေ့ရှိပါတယ်။ ကံကောင်းခါနီးအချိန်တွေမှာ ဘာ တွေကြိုပြင်ထားမလဲ…. ကံကောင်းချိန်မှာ အဆင်သင့်ဖြစ်ဖို့ လိုပါတယ်။ မိုးတော့ရွာပါရဲ့ ခံစရာအိုးမရှိသလိုမျိုး၊ နေတော့ပူပါရဲ့ စပါးလှန်ဖို့ အဆင်သင့်မလုပ်ထားရင်လဲ အဆင်မပြေသလိုပါပဲ။
ဒီလိုပါပဲ…ကံညံ့တော့မယ့် ကာလတွေ ရောက်ခါနီးမှာ လောဘ၊ဒေါသ၊မောဟနည်းအောင် ကြိုတင် ပြင် ဆင်ထားဖို့လိုတယ်။ ငွေတွေမလိုအပ်ရင် မသုံးစွဲဖို့လိုတယ်… ၊ခရီးရှည်ထွက်ဖို့ပြင်ဆင်ရသူလိုပဲ။ကံညံ့ချိန်တွေမှာ အဓိဌာန်တွေ ကြိုဝင်ထားခြင်းဖြင့်…အညံ့အဆိုးတွေလဲ သိသာစွာလျော့ပါးသွားစေနိုင်ပါတယ်…။
ဇာတာရှင်အင်္ဂါနေ့ဖွားတွေအတွက်
အသက် ၅နှစ် တင်းတင်းပြည့်ချိန်မှ…အသက် ၆နှစ်တင်းတင်းပြည့်ချိန် အတွင်းကာလ
အသက် ၁၆နှစ် ၆လ မှစ၍ …အသက် ၁၈နှစ် ၇လ ၁၅ရက် အတွင်းကာလ
အသက်၂၈နှစ် ၉လမှစ၍... အသက် ၃၀တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက်၃၉နှစ် ၉လ မှစ၍....အသက်၄၂နှစ် ၁လ ၁၅ရက် အတွင်းကာလ
အသက်၅၅နှစ် ၆လမှစ၍ .. အသက်၅၇နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက်၆၆နှစ်တင်းတင်းပြည့်ပြီးချိန်မှ.....၆၈နှစ် ၇လ ၁၅ရက် အတွင်းကာလများသည် အင်္ဂါသားသမီးတွေအတွက် ယေဘုယျအားဖြင့်ကံကောင်းချိန်တွေပါ..။ ကံကောင်းချိန်မှာ ကောင်းတဲ့စိတ်နဲ့ ကောင်းတဲ့ ကာယကံ၊ဝစီကံတွေဖြစ် ဖို့လိုပါတယ်။
ဇာတာရှင်အင်္ဂါနေ့ဖွားတွေအတွက် ကံအားနည်းချိန်အသက်အပိုင်းအခြားတွေကတော့
အသက် ၆နှစ်တင်းတင်းပြည့်ပြီးချိန်မှ...အသက်ရနှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက် ၁၈နှစ် ၇လ ၁၅ရက်အတွင်းမှ....အသက် ၂၀နှစ် ၉လ အတွင်းကာလ
အသက် ၃၀ တင်းတင်းပြည့်ချိန် မှ...အသက်၃၁နှစ် ၃လ အတွင်းကာလ
အသက် ၄၂ နှစ် ၁လ ၁၅ရက်အတွင်း မှ...အသက်၄၄ နှစ် ၆လ အတွင်းကာလ
အသက် ၅၇နှစ်တင်းတင်းပြည့်ချိန် မှ...အသက် ၅၈နှစ် ၆လ အတွင်းကာလ
အသက် ..၆၈နှစ် ၇လ ၁၅ရက်အတွင်း မှ ..အသက်ရ၁ နှစ် ၃လ အတွင်းကာလများသည်လဲ
အင်္ဂါနေ့ဖွားတွေ အတွက် သတိနဲ့ယှဉ်ပြီးနေထိုင်ရမဲ့ နှစ်အပိုင်းအခြားတွေပါပဲ..။ သတိထားမိလားမသိဘူး… အင်္ဂါ သားသမီးတွေဟာ ကံကောင်းချိန်တွေပြီးရင် ကပ်လျက်ပဲ ကံညံ့ချိန်က တွဲပါလာတာပါ။ ဒါဟာ ယူတတ်ရင်အခွင့် ကောင်းတစ်ခုပါပဲ…။ ကံကောင်းချိန်တွေကို သေချာစီမံထားနိုင်ရင် ကံညံ့ချိန်တွေကို လျော့ပါးသက်သာအောင် အထူး ဆောင်ရွက်လို့ရတယ်ဆိုတာပါပဲ….။ အသေးစိပ်တော့ မပြောပြတော့ပါဘူး…ကိုယ်တိုင်ကိုယ်ကျတွေးဆဆင်ခြင် နိုင်လိမ့်မယ် ထင်ပါတယ်..။
အင်္ဂါသားသမီးများအားလုံး ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ…။
ငြိမ်းအေးလူ
09775555695
09445555695

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...