Skip to main content

ဒသာကောက်ကိန်းအရ စနေသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

 ဒသာကောက်ကိန်းအရ စနေသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ


အရင်နေ့က သောကြာသားသမီးတွေရဲ့ ဒသာအပိုင်းအခြားတွေကို ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ စနေသားသမီး တွေရဲ့ တစ်သက်တာ ကံကောင်း၊ကံညံ့ဒသာကာလ လေးတွေကိုပြောပေးလိုက်ပါမယ်။ လူငယ် လူရွယ် တွေအနေနဲ့ မိမိရဲ့ ကောင်းတဲ့ဒသာတွေကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ ကံညံ့တဲ့ ဒသာ နှစ်ပိုင်းတွေ ဖြတ်သန်း ချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့ အထူးရည်ရွယ်ပါတယ်။
ကဲစကြရအောင်
စနေသားသမီးတွေရဲ့ကံကောင်းချိန်တွေက
အသက် ၇နှစ် ၆လမှစ၍ အသက် ၈နှစ် ၉လအထိကာလ
အသက် ၂၁နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၂၄နှစ် ၃လအထိကာလ
အသက် ၃၅နှစ်တင်းတင်းပြည့်ချိန်မှစ၍ အသက် ၃၆နှစ် ၆လအထိကာလ
အသက် ၄၈နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၅၁နှစ် ၆လအထိကာလ
အသက် ၆၃နှစ် ၆လမှစ၍ အသက်၆၄နှစ် ၃လအထိကာလ
အသက် ၆၉နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၇၁နှစ် ၉လအထိ ကာလများဟာ ၇၀%သော စနေ သားသမီး များအတွက် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် တဲ့ကာလပဲဖြစ်ပါတယ်။ အထက်ပါအသက်အပိုင်းအခြားတွေက မိမိတို့ အလိုရှိရာပန်းတိုင်ကို ဆုပ်ကိုင်နိုင်မယ့်ကာလတွေပါပဲ။ ကောင်းသောအသက်အပိုင်းအခြားတွေမှာ အချိန်မဖြုန်းဖို့ အထူး လိုအပ်ပါတယ်။
စနေသားသမီးများရဲ့တစ်သက်တာ ကံညံ့ချိန်အသက်အပိုင်းအခြားကတော့
အသက် ၁နှစ် ၃လမှစ၍ အသက် ၂နှစ် ၆လအထိကာလ
အသက် ၁၀နှစ် မှစ၍ အသက် ၁၂နှစ် ၄လ ၁၅ရက်အထိကာလ
အသက် ၃၉နှစ် ၆လမှစ၍ အသက် ၄၁နှစ်တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၅၆နှစ် ၉လမှစ၍ အသက် ၅၉နှစ် ၄လ ၁၅ရက်အထိကာလ
အသက် ၆၅နှစ် ၉လမှစ၍ အသက် ၆၆နှစ် ၆လအထိကာလ
အသက် ၇၅နှစ် ၆လမှစ၍ အသက် ၇၇နှစ် ၄လ ၁၅ရက်အထိ အတွင်းကာလများဟာ စနေသားသမီးတွေ အတွက် ကံညံ့နေချိန်တွေပဲဖြစ်ပါတယ်။ ကံညံ့နေချိန်မှာ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ပါနဲ့။ အရာရာကိုချင့်ချိန်ပြီး ဆောင်ရွက်ပါ။ မိမိလုပ်ချင်တာကို မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ နားလည်သူတွေကို တိုင်ပင်လိုက် ပါ။ တတ်နိုင်သမျှ ပရဟိတ ကုသိုလ်တွေ၊ ဝေယျာ၀စ္စ ကုသိုလ်တွေ များများလုပ်ပေးပါ။တစ်ခုသိထားစေချင်တာက စနေသားသမီးတွေရဲ့ ကံအပြောင်းအလဲက ရုတ်တရတ်ထဖြစ်လေ့ရှိပါတယ်။ ဒီလ စီးပွားရေးတွေကောင်းပေမဲ့ နောက်လမွဲချင်မွဲသွားတာမျိုး၊ ဒီနေ့ ကျန်းကျန်းမာမာလမ်းလျှောက်နေမဲ့ နောက်နေ့ အိပ်ရာထဲလဲနေတာမျိုးတွေ၊ ဒီနေ့မွဲနေပေမဲ့ နောက်နေ့အမွေရတာမျိုး စသည်ဖြင့် ကံတွေက ရုတ်တရက်ပြောင်းလဲတတ်တာကိုတွေ့ရပါတယ်။ သတိထားဆင်ခြင်နိုင်ဖို့ ပြောပေးထားတာပါ။
၇ရက်သားသမီးများအားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေ။
ငြိမ်းအေးလူ
၀၉၇၇၅၅၅၅၆၉၅
၀၉၄၄၅၅၅၅၆၉၅
#Zawgyi font
ဒသာကောက်ကိန်းအရ စနေသားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ
အရင်နေ့က သောကြာသားသမီးတွေရဲ့ ဒသာအပိုင်းအခြားတွေကို ပြောခဲ့ပါတယ်။ ဒီနေ့မှာတော့ စနေသားသမီး တွေရဲ့ တစ်သက်တာ ကံကောင်း၊ကံညံ့ဒသာကာလ လေးတွေကိုပြောပေးလိုက်ပါမယ်။ လူငယ် လူရွယ် တွေအနေနဲ့ မိမိရဲ့ ကောင်းတဲ့ဒသာတွေကျရောက်နေချိန်မှာ ပိုမိုအားထည့်ပြီး ကြိုးစားနိုင်ဖို့နဲ့ ကံညံ့တဲ့ ဒသာ နှစ်ပိုင်းတွေ ဖြတ်သန်း ချိန်မှာတော့ သတိ၊ ဉာဏ်ပညာဦးဆောင်ပြီး ဖြတ်သန်းသွားနိုင်ဖို့ အထူးရည်ရွယ်ပါတယ်။
ကဲစကြရအောင်
စနေသားသမီးတွေရဲ့ကံကောင်းချိန်တွေက
အသက် ၇နှစ် ၆လမှစ၍ အသက် ၈နှစ် ၉လအထိကာလ
အသက် ၂၁နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၂၄နှစ် ၃လအထိကာလ
အသက် ၃၅နှစ်တင်းတင်းပြည့်ချိန်မှစ၍ အသက် ၃၆နှစ် ၆လအထိကာလ
အသက် ၄၈နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၅၁နှစ် ၆လအထိကာလ
အသက် ၆၃နှစ် ၆လမှစ၍ အသက်၆၄နှစ် ၃လအထိကာလ
အသက် ၆၉နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၇၁နှစ် ၉လအထိ ကာလများဟာ ၇၀%သော စနေ သားသမီး များအတွက် ကြံတိုင်းအောင် ဆောင်တိုင်းမြောက် တဲ့ကာလပဲဖြစ်ပါတယ်။ အထက်ပါအသက်အပိုင်းအခြားတွေက မိမိတို့ အလိုရှိရာပန်းတိုင်ကို ဆုပ်ကိုင်နိုင်မယ့်ကာလတွေပါပဲ။ ကောင်းသောအသက်အပိုင်းအခြားတွေမှာ အချိန်မဖြုန်းဖို့ အထူး လိုအပ်ပါတယ်။
စနေသားသမီးများရဲ့တစ်သက်တာ ကံညံ့ချိန်အသက်အပိုင်းအခြားကတော့
အသက် ၁နှစ် ၃လမှစ၍ အသက် ၂နှစ် ၆လအထိကာလ
အသက် ၁၀နှစ် မှစ၍ အသက် ၁၂နှစ် ၄လ ၁၅ရက်အထိကာလ
အသက် ၃၉နှစ် ၆လမှစ၍ အသက် ၄၁နှစ်တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၅၆နှစ် ၉လမှစ၍ အသက် ၅၉နှစ် ၄လ ၁၅ရက်အထိကာလ
အသက် ၆၅နှစ် ၉လမှစ၍ အသက် ၆၆နှစ် ၆လအထိကာလ
အသက် ၇၅နှစ် ၆လမှစ၍ အသက် ၇၇နှစ် ၄လ ၁၅ရက်အထိ အတွင်းကာလများဟာ စနေသားသမီးတွေ အတွက် ကံညံ့နေချိန်တွေပဲဖြစ်ပါတယ်။ ကံညံ့နေချိန်မှာ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ပါနဲ့။ အရာရာကိုချင့်ချိန်ပြီး ဆောင်ရွက်ပါ။ မိမိလုပ်ချင်တာကို မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။ နားလည်သူတွေကို တိုင်ပင်လိုက် ပါ။ တတ်နိုင်သမျှ ပရဟိတ ကုသိုလ်တွေ၊ ဝေယျာဝစ္စ ကုသိုလ်တွေ များများလုပ်ပေးပါ။တစ်ခုသိထားစေချင်တာက စနေသားသမီးတွေရဲ့ ကံအပြောင်းအလဲက ရုတ်တရတ်ထဖြစ်လေ့ရှိပါတယ်။ ဒီလ စီးပွားရေးတွေကောင်းပေမဲ့ နောက်လမွဲချင်မွဲသွားတာမျိုး၊ ဒီနေ့ ကျန်းကျန်းမာမာလမ်းလျှောက်နေမဲ့ နောက်နေ့ အိပ်ရာထဲလဲနေတာမျိုးတွေ၊ ဒီနေ့မွဲနေပေမဲ့ နောက်နေ့အမွေရတာမျိုး စသည်ဖြင့် ကံတွေက ရုတ်တရက်ပြောင်းလဲတတ်တာကိုတွေ့ရပါတယ်။ သတိထားဆင်ခြင်နိုင်ဖို့ ပြောပေးထားတာပါ။
၇ရက်သားသမီးများအားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေ။
ငြိမ်းအေးလူ
၀၉၇၇၅၅၅၅၆၉၅
၀၉၄၄၅၅၅၅၆၉၅

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...