Skip to main content

သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ

 


သစ္စာခိုင်မြဲ မယိုင်လဲတဲ့ ချစ်ခြင်းတွေ 

(ချစ်သူ ရည်းစားရှိသူတိုင်းအတွက်    ယတြာအစီအရင်နှင့်ဆောင်ရန်ရှောင်ရန် အကြံပြုချက်ဆောင်းပါး)

  လူငယ်တွေ နဲ့တွေ့ရဆုံရပြီဆိုရင် အများဆုံးကြားရတာကအချစ်ရေးအကြောင်းပင်။ သစ္စာရားရှိပါလျက်နဲ့...တစ်ယောက်ဆိုတစ်ယောက်လက်တွဲမယ်လို့ဆုံးဖြတ်ထားပါလျက်နဲ့......

ချစ်သူက ....အတွေ့မခံဘဲရှောင်နေတာ

ချစ်သူက ...ဖုန်းအဆက်အသွယ်မလုပ်တာ

ချစ်သူနဲ့  ...စကားများပြီးလမ်းခွဲမလို ဖြစ်နေတာ

ချစ်သူက...ကြားစကားတွေယုံပြီးကိုယ့်အပေါ်အထင်လွဲနေတာ

ချစ်သူက ...အခြားတစ်ယောက်အပေါ်

               စိတ်ရောက်နေတာ 

အစရှိတဲ့မဆုံးနိုင်တဲ့အချစ်ရေးသောကတွေ ကြားနေရမြဲပါပဲ။

   ဘာပဲဖြစ်ဖြစ်အချစ်ရေးအတွက် အခက်ခဲတွေကြုံလာပြီဆိုရင်တော့ စိတ်ဓာတ်ခိုင်မာသူတွေအနေနဲ့တည်ငြိမ်စွာဖြတ်သန်းနိုင်ပေမဲ့ 

စိတ်.. ဓာတ်ခံအားနည်းသူတွေအနေနဲ့က ဖြေမဆည်နိုင်အောင်ခံစားရပါတယ်။ အချိုဆိုရင်မိမိ ခန္ဓာကိုယ်ကိုထိခိုက်အောင်

ထိပြုလုပ်ကြတာမြင်နေရပါတယ်။

   လူငယ်ဆိုလဲ လူငယ်အလျောက် ချစ်သူဘဝမှာ

အချစ်ရေးသောကတွေရှိတတ်စမြဲပါပဲ။

မာနတရားတွေ၊အူတိုခြင်းတွေ၊စိတ်ကောက်ခြင်းတွေအထင်လွဲခြင်းတွေက ချစ်သူတို့သဘာဝပင်။

 တစ်ခုသတိထားရမှာက ကိုယ့်ချစ်ဟာလူကောင်းလား ၊လူဆိုးလားဆိုတာခွဲခြားတတ်ဖို့လိုသည်။ချစ်သူကိုအမှန်အတိုင်းမြင်ဖို့လိုသည်။အချို့ကအရမ်းချစ်မိပြီဆို မြင့်မိုရ်တောင်လောက်ရှိတဲ့အပြစ်ကိုမမြင်ကြ။ဇီးစေ့လောက်ရှိတဲ့ ကောင်းကွက်လေးကိုအဟုတ်ထင်နေကြသည်။ 

     စရိုက်မကောင်းမှန်းသိသိကြီးကို"ရအောင်ပြုပြင်မယ်"ဆိုတဲ့စိတ်နဲ့ လက်တြွဲကသည်။နောက်တော့ စရိုက်ကပြင်မရ၊ ကိုယ့်ရဲ့အသွေးအသားတွေပေးလိုက်ရသည်သာအဖတ်တင်သည်။ မိန်းကလေးတွေအထူးဆင်ခြင်ပါ။

    ရောဂါကျွမ်းမှ ဆရာဝန်ဆီရောက်လာတဲ့ လူနာကို ဆရာဝန်ကခေါင်းခါသလို ၊ ကျူ းလွန်ပြီးမှ ပြန်ပြင်မရတဲ့အမှားတွေလုပ်ပြီးမှ "ကယ်ပါအုံးဆရာ"ဆိုလို့ ဘာမှတတ်နိုင်မည်မဟုတ်ပါ။

 ကြိုက်ခဲ့သည်က မလွတ်လပ်တဲ့သူ ၊ အိမ်ထောင်သည်။

"လူပျိုပါ"ဆိုတဲ့စကားလေးတစ်ခွန်းကို ယုံမှတ်ကြတာတွေ ခဏခဏမြင်နေတွေ့နေရသည်။သတိထားစေချင်သည်။ 

      အချစ်ရေးပြဿ     နာတွေကြောင့် ရောက်လာကြတဲ့ကောင်မလေးတွေ ကောင်လေးတွေကို မိမိဉာဏ်စွမ်းရှိသလောက် ယတြာအစီအရင်တွေနဲ့ကူညီပေးခဲ့သည်။ ဖြေရှင်းပေးခဲ့သည်။

 သူတို့အဆင်ပြေလို့စိတ်ချမ်းသာတာမြင်ရင် 

ကိုယ်လဲပျော်ရွှင်ရသည်သာ။

    အချစ်ရေးအတွက် ဒုက္ခများနေသူအတွက် ဒီကနေ အစီအရင်လေးတွေပြောပေးချင်သည်။ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြချင်သည်။ အချစ်ရေးသောက မကြုံချင်သူတွေ ကြို လုပ်ထားနိုင်သလို ၊ ကြံုနေရသူတွေအတွက်လဲ သောကတွေငြိမ်းအေးစေပါလိမ့်မည်။

    တစ်ခုမှာချင်တာက အခုကျွန်တော်ပြောမဲ့အစီအရင်က သစ္စာရှိတဲ့သူတွေအတွက်သာအစွမ်းထက်ပါလိမ့်မည်။ "ဒီတစ်ယောက်ကိုလဲ 

မပြတ်နိုင်ဘူး နောက်တစ်ယောက်နဲ့လဲ အဆင်ပြေချင်တယ် " ဆိုသူတွေအတွက် အစွမ်းထက်မည်မဟုတ်ပါ။

   ကိုယ်ကျင့်တရားကောင်းသူ ၊ချစ်သူပေါ်သစ္စာရှိတဲ့သူတွေသာ အကျိုးထူးအစွမ်းထက်ပါလိမ့်မယ်။

............................................................

                   ယတြာ -၁

 အစီအရင်စပြောပါ့မယ်။ ပထမဦးစွာ ညဘက်အိပ်ရာဝင်ခါနီး ဘုရားရှိခိုးမေတ္တာပို့ပြီးတာနဲ့ ကိုယ့်အိမ်ရာခေါင်းရင်းတစ်နေရာမှာ ဖန်ခွက်လေးတစ်လုံးထဲရေထည့်ပါ။ ပြီးရင်ကျောက်စရစ်ခဲလှလှလေးတစ်လုံးကို ရေဖန်ခွက်ထဲထည့်လိုက်ပါ။ ထိုကျောက်စရစ်ခဲလေးကို ကိုယ့်ချစ်သူလို့ 

စိတ္ထဲမွာ သေဘာထား၍

ကျောက်စရစ်ခဲလေးကိုကြည့်ပြီး မေတ္တာပို့ပေးပါ။

  ကိုယ့်ချစ်သူနာမည်ကိုစိတ်ထဲကရွတ်ဆိုပြီး သူကျန်းမာပါစေ ၊ချမ်းသာပါစေ ၊ကောင်းသောလိုအင်ဆန္ဒပြည့်ဝပါစေ စသည်ဖြင့်မေတ္တာပို့ပေးပါ။ ညစဉ် အနည်းဆုံး ၁၅မိနစ်ခန့်မေတ္တာပို့ပေးပါ။

************************************

                       ယတြာ -၂

  နီးစပ်ရာစေတီပုထိုးတွေရောက်တဲ့အခါမှာ ကိုယ့်ချစ်သူရဲ့ မွေးနံပန်း၊မိမိရဲ့မွေးနံပန်းနှစ်မျိုးပေါင်းပြီးဘုရားကပ် လှူပေးပါ။ 

   ဥပမာ သူကသောကြာနေ့ဖွားဆို သစ္စာပန်းပေါ့။ ကိုယ်က ကြာသပတေးဆို မေမြို့ပန်းပေါ့ ။ သစ္စာပန်းနဲ့မေမြို့ပန်းနှစ်မျိုးပေါင်း ဘုရားကပ်ပေါ့။ အရေအတွက်မလိုပါဘူး။

 ပန်းနှစ်မျိုးပေါင်းလက်တစ်ဆုပ်ခန့်ဆိုရပါပြီ။  

တနင်္ဂနွေ          -အုန်းပန်း

တနင်္လာ           - ကံကော်ပန်း ၊ငွေပန်း၊ခရေပန်း

အင်္ဂါ                -ဇီဇဝါ ၊စိန်ခြယ်၊စံပယ်

ဗုဒ္ဓဟူး              -ရွက်လှ၊ရွှေပန်း

ကြာသပတေး     -မေမြို့ပန်း၊ပိန်းပန်း

သောကြာ         -သစ္စာပန်း၊သစ်ခွပန်း၊သဇင်ပန်း

စနေ                -နှင်းဆီပန်း၊ဒေါနပန်း

***********************************

                   ယတြာ-၃

  တနင်္လာနံသတ္တဝါလေးတွေကို အာဟာရဒါနပြုပါ။ ဌက်ကလေးတွေ၊ခိုလေးတွေ ၊ငါးလေးတွေ ၊လမ်းဘေးခွေးလေခွေးလွင့်လေးတွေကို အစာကျွေးပါ။  

ကျွေးရမဲ့နေ့ကတော့ အင်္ဂါနေ့ သောကြာနေ့ စနေနေ့လေးတွေမှာကျွေးပေးပါ။ စိတ်ထဲဘာမှဆုမတောင်းပါနဲ့။ သဒါ္ဓတရားထက်သန်စွာကျွေးရင်ရပါပြီ။ ရွေးပေးထားတဲ့နေ့တိုင်း မပျက်မကွက်ကျွေးရမည်ဟု

မဆိုလိုပါ။ မိမိအားတဲ့နေ့မှကျွေးဖို့ပါပဲ။ 

  အထက်ပါအစီအရင်တွေကို လုပ်မယ်ဆိုရင်တော့

ချစ်သူနဲ့အဆင်မပြေတဲ့သူတိုင်းအဆင်ပြေလာပါလိမ့်မယ်။ အဆင်ပြေနေတဲ့သူတွေက ချစ်ခြင်းတွေခိုင်မြဲမယ်။ တစ်ဦးနဲ့တစ်ဦးအချစ်တွေ ဆထက်ပွားလာပါလိမ့်မယ်။

*************************************

ယတြာအစီအရင်တွေပြောပြီးပြီဆိုတော့ ...

ရှောင်ရန်ကိစ္စလေးတွေထပ်ပြောပါ့မယ်ဗျ။

 ချစ်သူရည်းစားဘဝ အားလပ်ရက်လေးတွေမှာ 

တွေကြဆုံကြတာမျိုးတွေရှိကြမှာပါ။ 

အဲဒီမှာပြောချင်တာက ကိုယ့်ချစ်သူနဲ့တွေ့ဖို့date

လုပ်ထားတဲ့နေ့ကတနင်္ဂနွေနေ့ဆိုရင်တော့ 

ထိုနေ့အနက်ရောင်လုံးဝမဝတ်သွားပါနဲ့။

တနင်္လာနေ့ဆို အနီရောင်မဝတ်ပါနဲ့။

အင်္ဂါနေ့ဆို အဖြူ ရောင်မဝတ်ပါနဲ့။

ဗုဒ္ဓဟူးနေ့ဆို အစိမ်းရောင်မဝတ်ပါနဲ့။

ကြာသပတေးနေ့ဆို အဝါရောင်မဝတ်ပါနဲ့

သောကြာနေ့ဆို  အရောင်ဖျော့များ၊အရောင်မှိုင်းများမဝတ်ပါနဲ့

စနေနေ့ဆို အရောင်ရောများ အရောင်ပြေးများ၊ပြောက်ကျား ကွက်ကျားအရောင်များ မဝတ်ပါနဲ့။ 

ဒီလောက်ဆို ဘယ်နေ့ ဘာအရောင်ရှောင်ရမယ်ဆိုတာသိလောက်ပါပြီ။ ထိုအရောင်တွေကထိုနေ့တွေအတွက် ကံအားညံ့သွားစေတဲ့အရောင်တွေမို့လို့ပါ။

   နောက်ထပ်ပြောချင်တာက စကားအပြောအဆို ဆင်ခြင်ရမဲ့နေ့လေး၂နေ့ကို ပြောချင်ပါတယ်။

အင်္ဂါနဲ့ ကြာသပတေးပါ။ 

    အင်္ဂါနေ့ ၊ကြာသပတေးနေ့တွေမှာ ကိုယ့်ချစ်သူနဲ့တွေ့မယ်ဆို တတ်နိုင်သလောက်စကားနည်းပါစေ။ အပိုစကားတွေမပြောမိပါစေနဲ့။

ချစ်သူအချင်းချင်း တီတီတာတာစကားကလွဲလို့ ဟိုအကြောင်းဒီအကြောင်း စပ်မိစပ်ရာဘာတစ်ခုမ

ှမပြောမိပါစေနဲ့။ စကားအမှားတွေကြောင့်ပြဿ     နာအထူးတတ်တဲ့နေ့တွေမို့လိုပါ။  

  " အသံကြောင့်ဖားသေတယ်" ဆိုတဲ့စကားပုံအသက်ဝင်တဲ့နေ့ပါပဲ။ 

      ကဲအဲလောက်ဆိုရင်...ရှောင်ရန်အတွက်တော့

ရပါၿပီ။ 

.............................................................

ဆောင်ရန်လေးတွေထပ်ပြောပါအုံးမည်။ ဆောင်ရန်ဆိုတာတော့ မိမိလက်ထဲမှာဆောင်ထားရမဲ့ဟာတွေ ပြောပေးမှာမဟုတ်ပါဘူး။ 

မိမိ ချစ်သူကိုချစ်သက် လက်ဆောင်အဖြစ်ပေးရမဲ့ဆောင်ရန်တွေပါ။ 

    ကျွန်တော်တို့လူငယ်ဘဝမှာ

 ပန်းပေးရင်အလှမ်းဝေးတယ်...

 နာရီလက်ဆောင်ပေးရင်ကွဲတတ်တယ်...

လက်ကိုင်ပဝါပေးရင် အချစ်အတွက်ငိုရလိမ့်မယ်...

စသည်ဖြင့်ကြားဖူးခဲ့ကြမှာပါ။ 

အဲဒါတွေယူဆချက်တွေပါ။မမှန်ကန်ဘူးဆိုတာသိကြမယ်ထင်ပါတယ်။

အခုပြောချင်တာက ချစ်သူကိုလက်ဆောင်ပေး

ခြင်းဖြင့် ချစ်သူက ကိုယ့်ကို ပိုပြီးချစ်မြတ်နိုးလာစေဖို့ ၊ပိုပြီးတန်ဖိုးထားလာစေဖို့ အထောက်အကူဖြစ်စေမဲ့ လက်ဆောင်တွေပါ။ ကဲစရအောင်......

  ကိုယ့်ချစ်သူက တနင်္ဂနွေသားသမီးဆိုရင်တော့သစ်သီးလေးတွေခဏခဏလက်ဆောင်ပေးပါ။

ဘယ်သစ်သီးဖြစ်ဖြစ်ပါ။ အသင့်စားလို့ရမဲ့ပန်းသီး စတော်ဘယ်ရီ ၊လိမ္မော်သီး စသည်ဖြင့်ပေးလို့ရပါတယ်။

ကိုယ့်ချစ်သူက တနင်္လာသားသမီးဆိုရင်တော့ 

အောင်ပါလေထီလက်မှတ်လေးလက်ဆောင်ပေးလိုက်ပါ။ 

ကိုယ့်ချစ်သူက အင်္ဂါသားသမီးဆိုရင်တော့ သူ့အတွက်လက်ဆောင်ပစ္စည်းမဝယ်ပေးပါနဲ့။  သူ့မိဘတွေ၊သူရဲ့ အုပ်ထိန်းသူတွေအတွက် လက်ဆောင်ပစ္စည်းတစ်ခုဝယ်ပေးလိုက်ပါ။ ဘာလက်ဆောင်ပဲဖြစ်ဖြစ်ပါ။သူ့မိဘတွေအသုံးတည့်မဲ့ပစ္စည်းဆိုရပါပြီ။

ကိုယ့်ချစ်သူက ဗုဒ္ဓဟူးသားသမီးဆိုရင် ငွေရောင်အဆင်းရှိတဲ့ ဖန်စီပစ္စည်းလေးတွေဝယ်ပေးလိုက်ပါ။ 925 လိုမျိုး ၊ငွေထည်အသုံးအဆောင်လိုမျိုး လက်ဆောင်ပေးလဲရပါတယ်။

ကိုယ့်ချစ်သူက ကြာသပတေးသားသမီးဆိုရင်တော့ 

ဆံနွယ်ကို ပြုပြင်ထိန်းသိမ်းပေးမဲ့ လက်ဆောင်လေးတွေပေးပါ။ ဥပမာ ခေါင်းလျှော်ရည် ၊ဆံပင်ပျော့ဆေးအရည် ၊ခေါင်းလိမ်းဆီ စသည်ဖြင့်ပေးလို့ရပါတယ်။

ကိုယ့်ချစ်သူက သောကြာသားသမီးဆိုရင်တော့

ရေမွှေးတစ်ပုလင်းလက်ဆောင်ပေးလိုက်ပါ။

ကိုယ့်ချစ်သူက စနေသားသမီးဆိုရင်တော့ ဘာသာရေးနဲ့ပက်သက်တဲ့ လက်ဆောင်လေးတွေပေးသင့်ပါတယ်။ ပုတီးကုံးလေးတွေ၊ဘာသာရေးစာအုပ်တွေ စသည်ဖြင့်ပေါ့။

      ဒီလောက်ဆိုတော်တော်လေးပြည့်စုံပြီလို့ထင်ပါတယ်။ လက်တွေလဲညောင်းပြီ။ နောက်ဆုံးမှာချင်တာတစ်ခုက အထက်ပါအစီအရင်တွေ ၊ဆောင်ရန် ရှောင်ရန်တွေပြုလုပ်ဖို့ချစ်သူက အနားမှာမရှိတာမျိုး တစ်ယောက်တစ်နယ်စီဝေးလို့ နေတာမျိုး ၊မတွေ့ရမဆုံရတာကြာလို့ သွေးအေးမှာ ကြောက်တာမျိုးဆိုရင်တော့ မေတ္တာသုတ်ကိုသာနေစဉ်နိုင်သလောက်ရွတ်ပေးပါလို့အကြံပြုလိုက်ပါရစေဗျ.......။    ။

                      ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...