Skip to main content

လာဘ်ဦးအလှူ ကံကိုထူ



ကျွန်တော်ဆီ ဗေဒင်လာမေးကြတဲ့သူတွေထဲမှာ အောက်ပါအခက်အခဲတွေကြုံရလို့ လာမေးကြသူတွေက အများအပြားပါပဲ။
*စီးပွားရေးအဆင်မပြေသူများ
*ငွေမမြဲသူများ
*ငွေဝင်သင့်သလောက်မဝင်သူများ
*မိမိအလုပ်၊ဆိုင် အရောင်းပါးအရောင်းကျနေသူများ
*ငွေအဖတ်မတင်သူများ
*ငွေကြေးဆုံးရှုံးနစ်နာမှုများနေသူများ
*လုပ်ငန်းလည်ပတ်မှုမရှိသူများ
*အကြွေးရဖို့ ကြန့်ကြာနေသူများ စသည်ဖြင့် အများအပြား တွေ့ရလေ့ရှိပါတယ်။
ကျွန်တော်အနေနဲ့လဲ တတ်နိုင်သ၍
မိမိတတ်သိနားလည်သလောက်တော့ အကြံပေးခြင်း ယတြာစီရင်ပေးခြင်းမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့
ယတြာစီရင်တယ်ဆိုတာကလဲ ဇာတာရှင်ရဲ့ကံကြမ္မာ အဆိုးအကောင်းအရ ချက်ချင်းအဆင်ပြေသွားကြတာမျိုး ရှိသလို အချိန်ကာလအတိုင်းအတာတစ်ခု
ကြာပြီးမှ အဆင်ပြေတာမျိုးတွေလဲရှိနေပါတယ်။
ဒါကြောင့် ယတြာကဏ္ဍကိုမပြောခင်ကျွန်တော်
အနေနဲ့ ဗေဒင်လာမေးသူတွေကိုပထမဦးစွာ ဒါနပြုစရာလေးတစ်ခုအရင်ပေးလေ့ရှိပါတယ်။ အဲဒါကတော့ဘယ်သူဖြစ်ဖြစ် နိစ္စဓူဝ လုပ်သွားသင့်တဲ့ အာစိဏ္ဏကံကုသိုလ်လေးပါ။ လက်ဦးရလာတဲ့ ငွေလေးတွေကို မိမိစိတ်သန်ရာဒါနတစ်ခုခုလုပ်ဖို့ရည်မှန်းပြီး နေ့စဉ်စုရတာမျိုးပါ။မိမိတစ်နေ့ရလာတဲ့ငွေကြေးတွေကို မသုံးခင်မှာ ဒါနပြုဖို့တတ်နိုင်သလောက်ဖယ်ထားပြီးမှ သုံးစေချင်တာပါ။ လခစားဝန်ထမ်းဆိုလဲ မိမိတစ်နေ့သုံးမဲ့ငွေထဲကဖယ်ထားပေါ့ဗျာ။ ခပ်တိုတိုပဲသွားကြပါစို့ဗျာ။
ကဲပြုလုပ်စီရင်ပုံလေး အရင်ပြောကြရအောင်ဗျ ။
ပထမဦးစွာ မိမိအိမ်ကဘုရားမှာ မြသပိတ်တစ်လုံး(သို့)ငွေဖလားတစ်လုံး ဝယ်ပြီး လှူဒါန်းလိုက်ပါ။
မိမိမွေးနေ့မှစတင်ပြီး ထို သပိတ်/ဖလားထဲကို မိမိတတ်နိုင်သ၍ တစ်ရာတန်သည် ငါးရာတန်သည် တစ်ထောင်တန်သည် ဦးဦးဖျားဖျားထည့်ဝင်ပါ။ အောက်ပါအတိုင်းဘုရားရှင်ကိုတိုင်တည်ပါ။
"အရှင်ဘုရား တပည့်တော်သည် ယနေ့ဝတ္ထုငွေ(......)ကျပ် ထည့်ဝင်လှူဒါန်းပါတယ်ဘုရား ....ထိုဝထ္ထုငွေဖြင့် ရက်ပေါင်း(.....)ရက် ပြည့်သည့်အခါ ဘုရားအမှူးရှိတဲ့ သံဃာငါးပါးကို ဆွမ်းတစ်နပ်စာ ဆက်ကပ်လှူဒါန်းပါ့မယ်..ဘုရား" ဟုတိုင်တည်ပါ။ အလှူကတော့ ဥပမာပေးတာပါ။ မိမိစိတ်သန်ရာ လှူ ဒါန်းနိုင်ပါတယ်။
ပရဟိတလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်
လူမှုအသင်းအဖွဲ့တွေမှာပဲဖြစ်ဖြစ်
မိဘမဲ့ကျောင်းတွေမှာပဲဖြစ်ဖြစ်
မိမိစိတ်သန်တဲ့ ဒါနပြု လှူဒါန်းနိုင်ပါတယ်။
မိမိအနေနဲ့ target လေးတော့ထားပေါ့။ "ငါဘယ်နှစ်ရက်ပြည့်ရင် ဘာအလှူတော့လုပ်မယ်....နောက်တစ်ခါထပ်စုရင် ဘယ်နေရာမှာ သွားလှူ မယ် .." စသည်ဖြင့်ပေါ့လေ။ လာဘ်ဦးအလှူဟာ အရမ်းထူးခြားတဲ့ အလှူပါ။
သံသရာအတွက်လဲ အလွန်ကောင်းတဲ့အထောက်အပံ့ပါ။ လောကီအတွက်လဲ အထောင်အပံ့ဖြစ်စေတဲ့
ကုသိုလ်ပါ။ မိမိကိုယ်တွေ့ဖြစ်သလို မိမိလက်ဆင့်ကမ်းတိုက်တွန်းလိုက်လို့ ပြုလုပ်ကြတဲ့သူတွေ လောကီလောကုတ်အကျိုးတရားတွေရသွားကြတာ မနည်းတော့ပါဘူး။
စီးပွားရေးအတွက် ငွေကြေးအတွက် ကြောင့်ကြစိုက်နေရသူများ လာဘ်ဦးငွေလေးတွေကိုလှူ ဒါန်းခြင်းဖြင့် မကြောင့်မကြ မတောင်းမတနေနိုင်ပါလိမ့်မယ်။ ငွေကြေးပြည့်စုံမှလဲ ကျန်းမာရေး ၊ပညာရေး၊လူမှုရေး၊စီးပွားရေး အဘက်ဘက်ကအထောက်အပံ့ဖြစ်စေမှာပါ။ ဒါကြောင့်ပဲ အချိန်မဆိုင်းဘဲ လာဘ်ဦးအလှူလေးတွေလုပ်ပြီး ကုသိုလ်လေးတွေဆက်ပေးကြရအောင်ဗျာ။ ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ) 

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...