Skip to main content

ကံညံ့တော့မယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ?

 


ညအချိန်တွေ စာမရေးဖြစ်တာမျိုးနဲ့ လိုင်းပေါ်မှာ ဗေဒင်ဟောစရာ မကျန်တဲ့ နေ့မျိုးဆိုရင် ခပ်စောစော အိပ်ရာဝင်ဖြစ်ပါတယ်။ အဲလိုနေ့မျိုးဆို မနက်၄:၃၀လောက် အိပ်ရာနိုးနေတတ်ပါတယ်။


ဒီမနက်လဲ အိပ်ရာဝင်စောတာကြောင့် စောစောနိုးနေပြန်ပါပြီ။ ဒါကြောင့်ပဲ မျက်နှာသစ်ပြီး အိမ်နဲ့နီးတဲ့ ရွှေမောဓောဘုရားဆီ ခြေလျင်လျှောက်လာခဲ့မိတယ်။ အလုပ်ကလဲ အထိုင်များတဲ့ အလုပ်ဆိုတော့ ဝိတ်က သိသိသာသာတတ်နေတာပါ၊

ကျန်းမားရေးကောင်း ကုသိုလ်လဲရအောင် ဘုရားရင်ပြင်ပတ်ပြီး မေတ္တာသုတ်ပွားနေမိတယ်။ နံနက် ၆နာရီထိုးတော့ ယက္ခမယ်တော်နန်း အထက်ပစ္စယံမှာ ပုတီးစိပ်တရားမှတ်တယ်။ အမောလဲပြေ ၊ တိတ်ဆိတ်တော့ သမာဓိလဲ ရလွယ်တယ် မဟုတ်လား ...ဒါကြောင့်ပဲ သူတော်ကောင်းတွေက ကာယဝိဝေက ဖြစ်တဲ့နေရာမှာ နေထိုင်ကြဟန်တူပါရဲ့။


တရားမှတ်ပြီး အနောက်ဖက်မုခ်လှေကားအတိုင်း ဆင်းလာခဲ့တယ်..။ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ပဲလားတော့ မသိ...ဝမ်းကဟာလာသည်။ ဒါနဲ့ပဲ သုဒဿ နလမ်း(ယခင်စွန်ပလွန်ကန်လမ်း)က ဒေါ်တဆုပ်ဘိန်းမုန့် ၂ချပ်ဝယ်.... tango လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်နဲ့ ဘိန်းမုန့် ကို မနက်စာအဖြစ်စားဖြစ်လေသည်။


ဝါတွင်းသက်သတ်လွတ်စားတာကြောင့် အခြားဖွယ်ဖွယ်ရာရာ အစားအသောက်တွေလဲ မစားဖြစ်။ စားသောက်ပြီးလို့ ရေနွေးကြမ်းသောက်နေတုန်း ......


"ဟာ ဆရာငြိမ်း ...စောစောစီးစီး ဆိုင်ထိုင်လို့ပါလား..."


တစ်ရပ်ကွက်ထဲနေတဲ့ ...ကိုအောင်မင်း...

သူနဲ့က အသက်ချင်းသိပ်မကွာ...ပြောမနာ ဆိုမနာ

နေကြသူတွေ...


" လာထိုင်ကိုအောင်မင်း .. စောစောနိုးတာနဲ့ ဘုရားဖူးပြီး ထွက်လာခဲ့တာ...ဘာသောက်မလဲ"


"ပေါ့ဆိမ့်ပဲ သောက်မယ်ဆရာ.. "


စာပွဲးထိုးလေးက ပေါ့ဆိပ်တစ်ခွက်လာချပေးသည်။


"ဆရာငြိမ်း...ကိုမေးရအုံးမယ်ဗျ ...ရင်ထဲမရှင်းတာလေးရှိလို့ ....


"ဗေဒင်မေးတာဆိုရင်တော့ မဖြေဘူးဗျာ ...စောစောစီးစီး ခေါင်းမစားချင်သေးဘူးဗျ...."


ကိုအောင်မင်းက သောက်လက်စလက်ဖက်ရည်ကို ကပျာကယာ ချလိုက်ပြီး...


"ဗေဒင်မမေးပါဘူးဗျ... ပြောရရင် ဒီလိုဗျ ...ဆရာငြိမ်းတို့က ဗေဒင်ဆရာဆိုတော့ ဘယ်နှစ်ကံညံ့မယ်...ဘယ်နှစ်ဆို ကံတွေကောင်းမယ်....ကံညံ့နေရင် ဘယ်လိုဆင်ခြင်နေထိုင်ရမလဲဆိုတာ သိတယ်ဗျာ ... ကျွန်တော်တို့လို ဗေဒင် နားမလည်တဲ့သူတွေကျတော့ မသိဘူးလေ.... "


ပြောရင်းမောသွားဟန်ဖြင့် ရေနွေးငှဲ့သောက်နေပြန်သည်။


"အဲဒီတော့ ကိုအောင်မင်းဆိုလိုချင်တာက ..."


"ဒီလိုဆရာရေ ...ဗေဒင်မမေးကြည့်ဘဲ ကံညံ့တော့မယ်ဆိုတာကို ဘယ်လိုအချက်တွေအရ သိနိုင်မလဲဗျာ...နောက်တစ်ခု အဲလိုကံညံ့လာပြီဆို ကိုယ့်ဘာသာ လုပ်လို့ရမဲ့ ယတြာအစီအရင်မျိုးရောရှိလားဗျ"


သူမေးတဲ့ကိစ္စက ဗေဒင်ဆရာတွေ အလုပ်ပါးမဲ့ကိန်းဆိုက်နေသည်၊


"သြော် ...ခင်ဗျားက ကျွန်တော်ဆီ ဉာဏ်ပူဇော်ခပေးပြီး ဗေဒင်မမေးချင်လို့ ..ဒီလိုမေးတာလား..."


"ဟား..ဟား...ဟား...မဟုတ်ပါဘူးဆရာရယ်...ဗေဒင်ဆရာဆီ မရောက်ဖြစ်တဲ့ နိုင်ငံရပ်ခြားရောက်နေသူတွေ...နယ်အစွန်အဖျားရောက်နေသူတွေ..ဆို ဆင်ခြင်လို့ရအောင်မေးကြည့်တာပါ"


"အေးဗျ ...ဒီလိုဆိုတော့လဲ ပြောပေးရတာပါ..ကျွန်တော်သိသလောက်ပဲ ပြောပြမယ်ဗျ....လိုအပ်တာလဲ ရှိရင်ရှိမှာပေါ့လေ..."


"ရပါတယ်ဆရာငြိမ်း...သိသလောက်ပေါ့"


"နံပါတ်အစဉ်လိုက်ပြောပြမယ်ဗျ...

လူတစ်ယောက်ဟာ ကံညံ့တော့မယ်ဆိုရင်


၁။ အရင်ကထက်ပိုပြီး ဒေါသ၊ လောဘ၊မောဟပိုကြီးလာတတ်တယ်ဗျ...အရင်ကထက် ထစ်ခနဲရှိစိတ်တိုနေပြီဆို ...သတိထားဗျ ..ကံညံ့တော့မယ်လို့ပြတာပဲ...


၂။မကောင်းတဲ့ကိစ္စရပ်တွေကို ကောင်းတယ်လို့မြင်လာတတ်တယ်...ဥပမာဗျ ..အရင်ကအရက်သိပ်မသောက်ဖြစ်ဘူးဆိုပါတော့...ကံညံ့တော့မယ်ဆို ..အကြောင်းပြချက်မရှိ အရက်ခဏခဏ သောက်ဖြစ်တာမျိုး... မကောင်းတဲ့ မိုက်တဲ့ သူငယ်ချင်းတွေကို သူငယ်ချင်းကောင်းလို့ ထင်လာတာမျိုးပေါ့


၃။ ဆိုဆုံးမတဲ့စကားတွေကို နာခံဖို့ ခက်ခဲလာတတ်တယ်...လူကြီးမိဘတွေက ဆုံးမရင်မနာခံဘဲ ထင်ရာလုပ်နေမိတတ်ပါတယ်။


၄။ အပျော်အပါးပိုမက်လာတယ်...အရင်ကအပျော်အပါးကို ကြုံမှလုပ်တတ်ပေမဲ့ ကံညံ့တော့မယ်ဆို အပျော်ဘက်ကို အချိန်ပိုပေးလာတတ်တယ်...


၅။ မွေးလရောက်ခါနီးတိုင်း အပြောင်းအလဲ တစ်စုံတစ်ရာကြုံ တယ်...ဆိုပါတော့ဗျ ...လူမှုရေးပြဿ နာတတ်တာမျိုး ၊အစွပ်အစွဲခံရတာမျိုး ၊accident အသေးလေးဖြစ်တတ်တာမျိုးတွေ ကြုံရတတ်တယ်..


၆။ ဒါကတော့ ကြိုသတိပေးတာပါ...အိမ်မက်ထဲမှာ နိမိတ်ပြတာမျိုးနဲ့ လာပြီးဆောင်ရန်ဆောင်ရန် ပြောတာမျိုးပါ။ ဒါကတော့ ကုသိုလ်များသူနဲ့ ပဌာန်းဆက်ရှိသူတွေရဲ့ အကူအညီကြောင့် သိရတာပေါ့ဗျာ


ဒီလောက်ဆို ကံညံ့တော့မယ်ဆိုတာ ကြိုတင်သတိထားမိမယ်ထင်ပါတယ်..


"ကျေးဇူးပါဆရာငြိမ်းရယ် ...ဒီလောက်ဆိုတော်တော်လေးပြည့်စုံပါပြီ..."


"အေးပါဗျာ ပြောလက်စနဲ့က ယတြာတွေပါ ပြောလိုက်ပါ့မယ်ဗျ ....ယတြာက သိပ်ခက်ခက်ခဲခဲတော့ မဟုတ်ပါဘူး...လူတိုင်းမှာ ကံသုံးပါဆိုတာကို ပြုမူကြတယ်.. ကာယကံ ဝစီကံနဲ့ မနောကံ...ပဲလေ…


ကောင်းတဲ့ ကာယကံအမှု ၊ကောင်းတဲ့ ဝစီကံအမှု နဲ့ ကောင်းတဲ့ မနောကံအမှုတွေကို ပြုရမယ်...


*ကံညံ့နေပြီဆို မေတ္တာနဲ့ယှဉ်တဲ့ စိတ်မျိုးနေထိုင်ရတယ်ဗျ...စိတ်ကောင်းမွေးရမယ်ပေါ့ဗျာ


*ဝစီကံအနေနဲ့ကတော့ ဝစီဒုစရိုက် ၄ပါးကိုရှောင်ပြီး ပရိတ်ပဌာန်းတွေနဲ့ ဘုရားရှင်ရဲ့ နှုတ်ခပတ်

တော်တွေကို ရွတ်ပွားနေသင့်တယ်။


*ကာယကံအနေနဲ့တော့ ဘုရားစေတီတွေမှာ တံမြက်စည်း လှဲတာ၊ ရေညှိတွေ ချွတ်တာ၊ ပန်းဟောင်းတွေစွန့် တာ ...ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ပေးတာ ...ကုဋီတွေကို ဆေးကြောပေးတာမျိုးတွေလုပ်သင့်တယ်....ပရဟိတအလုပ်နဲ့ လူမှုရေးအလုပ်တွေလဲ လုပ်သင့်တယ်ဗျ.....


ဒီအချက်တွေကို ဟန်ချက်ညီညီလုပ်ပေးမယ်ဆို ကံညံ့နေတဲ့ ဂြိုဟ်ဆိုး ဂြိုဟ်ညံ့တွေကနေ လျော့ပါးသက်သာခွင့်တွေရမယ်ပေါ့ဗျ....


ဒါတွေကတော့ ဗေဒင်ဆရာဆီလာစရာမလိုဘဲ မိမိတို့ ဘာသာပြုမူနေထိုင်လို့ရမဲ့ နည်းလမ်းတွေပါပဲ...

ဒီလောက်ဆို ကိုအောင်မင်း သဘောပေါက်မယ်နဲ့တူတယ်..."


"သဘောပေါက်ပါတယ်ဆရာ ...ကျေးဇူးလဲတင်ပါတယ်..."


"ကဲ...နေလဲပူလာပြီ...ကိုအောင်မင်းရေ ...ပြန်ကြရအောင်..."


"ဟုတ်ဆရာ ...ပြန်မယ်လေ..လက်ဖက်ရည်ဖိုး ကျွန်တော်ရှင်းလိုက်ပါ့မယ်..."


"ကောင်းပါပြီဗျ"


လက်ဖက်ရည်ကနေ ထွက်လာခဲ့သည်။ စောသေးပေမဲ့ တော်သလင်းနေက ပူလွန်းသည်။ နေအပူကို အန်တုပြီး လူတွေလှုပ်ရှားသွားလာနေကြသည်...။

နေအပူထက် ရင်ထဲက အပူတွေက ပိုကြီးမယ်ဆိုတာ တွေးနေရင်း ...


၇ရက်သားသမီးအပေါင်း

ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။


ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Viber Only- 09775555695

Hotline -09445555695

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...