Skip to main content

အကြွေးကိစ္စများအတွက် ယတြာလက်ဆောင်

 


        အကြွေးလို့ပြောလိုက်တာနဲ့ လူနှစ်မျိုးရှိတယ်ဆိုတာသိကြပါလိမ့်မယ်။ အကြွေးယူသူနဲ့ အကြွေးရှင်ပါ။  ကျွန်တော်ကတော့ အကြွေးဆိုတဲ့စကားလုံးကို နှုတ်ထဲမှာ ရေရွတ်မိတိုင်း စိတ်ထဲမှာထိန့်လန့်အားငယ်စိတ်မျိုးဝင်မိတာတော့အမှန်ပါပဲ။ ငယ်ရွယ်စဉ် အလယ်တန်းကျောင်းသားဘဝတွေမှာတော့ အကြွေးရှင်တွေ အိမ်ရှေ့လာပြီးတောင်းတိုင်း အားငယ် ခဲ့ရသည်။ အကြွေးတွေဝိုင်းပြီး အဆင်မပြေတဲ့ဘဝတွေကို အချိန်အတော်ကြာဖြတ်သန်းခဲ့ရသည်။ 

   ငွေကြေးတတ် နိုင်တဲ့ အမျိုးအရင်းကြီးတွေဆီကတောင် ပိုက်ဆံချေးရင် နှစ်ဆယ်တိုးနဲ့ယူတာမြင်ရတွေ့ရသည်။ ဆွေမျိုးမဟုတ် ရွှေရှိမှအမျိုးလို့သတ်မှတ်ကြတဲ့ ရွှေမျိုးတွေကများသည်မဟုတ်လား။ လေးတန်းကျောင်းသား အရွယ်ကတည်းက အဝတ်အစားတွေ အိတ်ထဲထည့်အပေါင်ဆိုင်သွားပေါင်ရတဲ့ ဘဝကိုပြန်တွေးမိတိုင်း အားငယ်စိတ်တွေဝင်တုန်းပင်။ စုဗူးလေးနဲ့စုထားတဲ့ငွေလေးတွေဘယ်တော့မှမပြည့်၊ အမေက ဇာဂနာနဲ့ ညှပ်ပြီးယူယူသွားလေ့ရှိသည်။ အဆင် မပြေတဲ့ ဘ၀ ၊ အကြွေးတွေဝိုင်းနေတဲ့ဘဝကို ခံစားဖူးခဲ့တော့ အကြွေးနဲ့ပက်သက်ရင် အားစိုက်ပြီး သုတေသန လုပ်ဖြစ်ခဲ့သည်။ 

  ကဲထားတော့ ….။ အခုပြောပြမဲ့ယတြာက အကြွေးယူသူရော အကြွေးရှင်ရော နှစ်ဦးစလုံးလုပ်လို့ရမဲ့ယတြာ ပါပဲ။ ဒါပေမဲ့အမြတ်ကြီးစားတဲ့ အကြွေးရှင်တွေအတွက် ဒီယတြာကစွမ်းမှာမဟုတ်သလို သူများအကြွေးယူပြီး မပေးချင်တဲ့သူတွေ အတွက်လဲဒီယတြာက ထိရောက်မှာမဟုတ်ပါဘူး။ 

 ငွေလိမ်ခံရသူတွေ ၊ဆုမဲအလိမ်ခံရသူတေ၊ွ ယုံကြည်စွာအပ်နှံထားတဲ့ငွေတွေကိုအလွဲသုံးစားလုပ် ခံရသူတွေ၊ မိမိ လုပ်ငန်းမှငွေတွေကို အောက်လက်ငယ်သားတွေကလိမ်လည်ထွက်ပြေးခြင်းခံရသူတွေကတော့ ဒီယတြာကိုလုပ် လို့သင့်ပါတယ်။

 ယတြာကဏ္ဍကိုစကြရအောင်။ 

      ဒီယတြာကိုအင်္ဂဝိဇ္ဇာနည်းအတိုင်း သူ့ကိုနိုင်လို ဆကိုခိုတဲ့သဘောပါပဲ။ ထူးထူးခြားခြားအစွမ်းထက်တာတော့ လက်တွေ့လုပ်ကြည့်သူတွေသိပါလိမ့်မယ်။ တနင်္လာရဲ့ ဆပွတ်ဂြိုဟ်ဖြစ်တဲ့စနေဂြိုဟ်ကိုထောက်ပံ့ယတြာပြုပေးဖို့ ပါပဲ။  စနေဂြိုဟ်ရဲ့ သဘောသဘာဝတွေကိုတော့ ဒီနေရာမှာမပြောတော့ပါဘူး။ စာလေးမှာဆိုးလို့ပါ။

   * ဒိန်ချဉ်တစ်ခွက် အိမ်ကဘုရားမှာ မကြာခဏကပ်လှူပေးပါ။ 

   *အိမ်မှာ ဆွမ်းခံရဟန်းရှိတယ်ဆိုရင် ဆွမ်းဟင်း အဖြစ် ငါးခြောက်မီးဖုတ်လေးကိုလောင်းလှူပေးပါ။ 

   *ရဟန်းသံဃာတွေကို ဖိနပ်လေးတွေ ဝယ်လှူပါ။

   *နာတာရှည်ရောဂါသည်တွေကို တတ်နိုင်သ၍    ဆေးဝါးဓာတ်စာလှူဒါန်းပေးပါ။ 

   *နီးစပ်ရာစေတီပုထိုးရဲ့ စနေထောင့်မှာ သန့်ရှင်းရေးလုပ်ပါ။ပန်းဟောင်းစွန့်ပါ။ ပန်းဆီမီးရေချမ်းကပ်လှူပြီး  ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ရည်မှန်းပြီးရှစ်ခိုးပါ။ ထိုနောက်စနေဂြိုဟ်မင်းနှင့်တကွ စနေသားသမီးများကို မေတ္တာပို့အမျှဝေပါ။ မိမိအချိန်ရအားလပ်တဲ့နေ့တွေမှာလုပ်ပေးနိုင်ပါတယ်။

  * ''ဒိဝါတပတိ'' ဂါထာတော်ကို ၁၀၈လုံးပုတီးဖြင့် တစ်နေ့ တစ်ပါတ်စိပ်ပေးပါ။(တစ်လတိတိစိပ်ရမည်)

  *နောက်ဆုံးတစ်ခုက မိမိရဲ့ အကြွေးသမားကို မေတ္တာများများပွားပါ။ (သူအဆင်ပြေမှ မိမိလဲအဆင်ပြေမှာ ဖြစ်တဲ့အတွက် သူချမ်းသာဖို့ အဆင်ပြေဖို့ ကျန်းမာဖို့ မေတ္တာပို့ပေးဖို့လဲလိုပါတယ်။)

   ငွေကြေးကြပ်တည်းလို့ ကြွေးမဆပ်နိုင်သူတွေလဲ တဖြေးဖြေးနဲ့ဖဲ့ဆပ်သွားနိုင်ပါလိမ့်မယ်။ အကြွေးရှင်တွေကလဲ ရစရာရှိတဲ့သူတွေဆီက တဖြေးဖြေးနဲ့ပြန်ရပါလိမ့်မယ်။  

အတိတ်ကမိမိပြုခဲ့တဲ့ အကြောင်းတရားတွေကြောင့်ဖြစ်လာတဲ့ဆိုးကျိုးတွေ မဟုတ်ဘူးဆိုရင် အဆင်ပြေတာများပါတယ်။ မိမိကပစ္စုပ္ပန်မှာ ဒါနနည်းတဲ့သူ ၊သူများပစ္စည်းခိုးတဲ့ သူ၊ ဣဿ      မစ္ဆိ၇ိယများတဲ့သူ မဖြစ်ဖို့တော့လိုပါတယ်။ တတ်နိုင်ရင်တော့ ဘယ်သူပဲဖြစ်ဖြစ် အကြွေးကိစ္စ ကင်းအောင်နေနိုင်ရင်အကောင်းဆုံးပါပဲ။  

၇ရက်သားသမီးအပေါင်း 

      ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ၊၊

       ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

       Viber Only(09775555695)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...