Skip to main content

ဘုန်းကံ ကြီးမားကြစေဖို့



နှစ်အတန်ကြာခဲ့လေပြီ။
ပဲခူးမြို့….ရွှေမောဓောဘုရားရင်ပြင်တော်။ အချိန်ကညနေစောင်း ညီအကို မသိတသိအချိန်…။
အင်္ဂါထောင့်မှာ အသက် ၂၅နှစ်အရွယ်လောက်ရှိမဲ့ လူငယ်လေးတစ်ဦး ပုတီးစိပ်နေလေသည်။ ထိုသူငယ်က ပုတီးမစိပ်ခင် အင်္ဂါထောင့်မှာ ရေသပ္ပာယ် ပန်းဟောင်းစွန့် သန့်ရှင်းရေးတွေလုပ်ပြီးမှ
ဘုရားရှစ်ခိုးပုတီးစိပ်လေ့ရှိသည်။ ဒါဟာလူငယ်လေးရဲ့ နိစ္စဓူဝ ကုသိုလ်အလုပ်။
ထိုအချင်းအရာကို အမြဲသတိထားမိတာက အသက်၆၅နှစ်ဝန်းကျင်လောက် ရှိမည်ထင်ရတဲ့ အဘိုးအိုတစ်ဦး။ ဒီနေ့ အဘိုးအိုက ဘာစိတ်ကူးပေါက်သည်မသိ။ လူငယ်လေးပုတီးစိပ်နေတဲ့ အနားမှာထိုင်ပြီး ပုတီးစိပ်အပြီးကို ထိုင်စောင့်နေလေသည်။ နာရီဝက်ခန့်ကြာပြီးနောက် ... ။
လူငယ်လေးပုတီးစိပ်ပြီး မေတ္တာပို့နေလေသည်။
မေတ္တာပို့ပြီးအမျှဝေနေချိန်မှာ ထိုလူငယ်လေးနဲ့အတူ အဘိုးအိုပါ သာဓု သုံးကြိမ်ခေါ်လေသည်။
" သာဓု² ..သာဓု²...သာဓု²"
လူငယ်လေးက အဘိုးအိုဘက်ကို လှည့်ပြီး
"အဘ..ဘာလို့ သာဓု လိုက်ခေါ်တာလဲ..."
"ရှင်းရှင်းလေးပါ...ငါ့တူရယ် ဒီအသက်အရွယ်နဲ့ သမထဘာဝနာပွားများတဲ့သူက အတော့်ကိုရှားသွားပြီလေ..လေးစားလို့ သာဓုအတူတူလိုက်ခေါ်တာပေါ့ကွာ...
"အခုလိုချီးကျူ းတာကျေးဇူးပါ ...အဘ"
အဘိုးအိုက စကားမဆိုသေးဘဲ လွယ်အိတ်ထဲက ကွမ်းရွက်ကို ဖြန့်ခင်း ထုံး ကွမ်းသီး နဲ့ ဆေးရွက်ကြီးထည့်ပြီး ဝါးနေလေသည်။
"ငါတူရေ ...မင်းကိုသတိထားမိတာကြာပြီကွာ ...နေ့တိုင်းနီးပါး ..ဒီအင်္ဂါထောင့်မှာ ပရိတ်ရွတ် ပုတီးစိပ်နေတာတွေ့ရတယ်.. ဒီနေတော့ စကားစမြည်လေးပြောချင်တာနဲ့ မင်းနားမှာ ထိုင်စောင့်နေတာပဲ..."
"ပြောလို့ရပါတယ်...အဘကျွန်တော်လဲ အချိန်ရပါတယ်"
လူငယ်လေးကတော့ အဘိုးအို အသက်ကြီးလို့ စကားပြောဖော်မရှိလို့ မိမိအားစကားလာပြောသည်ဟုထင်မိလေသည်။
"ငါ့တူက အင်္ဂါထောင့်မှာပဲ ပုတီးစိပ်တာဆိုတော့ အင်္ဂါသားလား"
"ဟုတ္ပါတယ္အဘ...အဂၤါသားပါ"
အဘိုးအိုက လူငယ်လေးကို စူးစိုက်ကြည့်ပြီး
"ဒါဆိုငါ့တူက လျှို့ဝှက်နက်နဲတဲ့ ပညာတွေကို သင်ကြားနေတာပဲ..ကြိုးစားကွ...အောင်မြင်လိမ့်မည်...
ဒါပေမဲ့ ငါ့တူက ဆရာတွေ အနီးကပ်ပညာယူရမဲ့ကံကတော့ နည်းရှာသားပဲ..."
"ဟုတ်ပါတယ်..အဘ ၊ ကျွန်တော်ဗေဒင်ပညာလေ့လာသင်ယူနေပါတယ်...အလုပ်တစ်ဖက်နဲ့ဆိုတော့
ဆရာတွေနဲ့ အနီးကပ်သင်ကြားခွင့်တော့မရပါဘူး."
အဘိုးအို ခေါင်းတညိတ်ညိတ်လုပ်ပြီး ...
" ငါ့တူရဲ့ ကံကအောင်မြင်မှုရဖို့ အချိန်ပေးရတတ်သလို အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ပြီဆိုရင်လဲ ဘဝနေဝင်ချိန်ထိ အောင်မြင်မှုတွေရှည်ကြာလိမ့်မယ်၊ "
(သောကြာနေ ညနေ ၆နာရီဝန်းကျင်ဆိုတော့ အင်္ဂဝိဇ္ဇာအရ သောကြာအခါပါပဲ...သောကြာအခါကိုတိုင်ထူပြီး ပြောပြသွားခြင်း...အင်္ဂဝိဇ္ဇာကို မဟာဘုတ်ပြောင်းထူပြီး ပြောခြင်းဖြစ်ကြောင်း အဘနောက်မှရှင်းပြသည် ...ဤကား စကားချပ်)
"အခုလိုပြောပြပေးတာ ကျေးဇူးပါ..အဘရယ်"
"ဗေဒင်ပညာနဲ့ အသက်မွေးပြီး ၇ရက်သားသမီးကို
ကယ်တင်မဲ့သူဟာ ..ဘုန်းကံကြီးမားဖို့ လိုတယ်...ငါ့တူ ၊ ကံမြင့်နေဖို့လဲ လိုတယ်လေ...အဘပြောတာ ...နားလည်ရဲ့လား.."
"နားလည္ပါတယ္...အဘ "
" အချို့ ဗေဒင်ဆရာတွေဆို မိမိခိုက်နေတဲ့နေမျိုးကို ပိတ်ရက်အဖြစ်သတ်မှတ်ပြီး ဗေဒင်မဟောကြဘူး..
ကံညံ့တဲ့နေ့ ဆိုပြီးတော့လေ..အဲဒီအယူအဆကိုရော ငါတူကြားဖူးလား.."
"ၾကားဖူးပါတယ္...အဘ"
"အေးအေး... ဗေဒင်ဆရာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းလုပ်ကြသူတွေပဲဖြစ်ဖြစ် ၊ လခစားဝန်ထမ်းပဲဖြစ်ဖြစ် .. အနုပညာရှင် အတတ်ပညာရှင်ပဲဖြစ်ဖြစ်
နယ်ပယ်အသီးသီးမှာ အောင်မြင်ချင်တဲ့သူတွေဟာ ဘုန်းကံမြင့်မားဖို့လိုတယ် ငါ့တူ...ငါ့တူရော ဘုန်းမကြီးချင်ဘူးလား..."
"ဘုန်းကြီးချင်တာပေါ့ အဘရယ်..."
" အဘအခုပြောတာကို လေးလေးနက်နက်လိုက်နာဖို့တော့လိုလိမ့်မယ်။ လိုက်နာနိုင်မယ်ဆိုရင်တော့ ဘုန်းကံကြီးမားခြင်းအကျိုးကိုခံစားရလိမ့်မယ်..
ငါ့တူ ဗေဒင်လေ့လာနေသူဆိုတော့ ငါ့တူရဲ့ တေဇအရပ်ကို သိတယ်မဟုတ်လား...."
"သိပါတယ်..အဘ ..အင်္ဂါရဲ့တေဇအရပ်က
သောကြာထောင့် မြောက်အရပ်ပါအဘ....."
အဘိုးအိုက ပြုံးပြီးခေါင်းညိတ်သည်။
" ဟုတ်တယ်...ငါ့တူရေ ... အင်္ဂါသားတစ်ယောက်က ဘုန်းကံကြီးမားချင်တယ်ဆိုရင်တော့ နီးစပ်ရာစေတီရဲ့ သောကြာထောင့်မှာ တံမြက်စည်းလှဲမယ်၊ ပန်းဟောင်းတွေ အမှိုက်တွေစွန့်မယ်၊ ပန်းဆီမီးရေချမ်းတွေ ကပ်လှူမယ်၊ ဘုရားရှစ်ခိုး ပရိတ်ပဌာန်းတွေရွတ် ပုတီးစိပ်တာမျိုးလုပ်ပေးမယ် ဆိုရင် ထူးထူးခြားခြား ဘုန်းကံတွေမြင့်မားလာလိမ့်မယ်.... "
"ဟုတ္နားလည္ပါၿပီ...အဘ "
" အေး ကျန်တဲ့ နေ့သားတွေရဲ့ တေဇအရပ်တွေကိုတော့ ငါ့တူလဲ သိပြီးသားပဲလေ... တေဇအရပ်မျက်နှာထောင့်တွေမှာ အခုလို ကုသိုလ်တရားတွေလုပ်ပေးခြင်းဖြင့် ကံတွေမြင့်လာပြီး ဘုန်းကြီးလိမ့်မယ်..."
"ဟုတ်ကဲ့ပါအဘ ...ကျွန်တော် ကြိုးစားပြီး လိုက်နာကျင့်သုံးပါ့မယ်..."
လူငယ်လေးက အဘိုးအိုအား ဦးသုံးကြိမ်ချကန်တော့လိုက်လေသည်။
"အေး...အေး ..သာဓု ..သာဓု...သာဓု...ဆင်းရဲနဲ့ ငရဲကင်းပါစေကွယ်.."
"အဘလဲ မှောင်ပြီဆိုတော့ ပြန်တော့မယ်ငါ့တူရေ.."
" လိုက်ပို့ပေးမယ်လေ...အဘ ..အဘကိုလဲ တစ်ခု
ခုကျွေးချင်လို့ပါ.."
"လိုက်မပို့နဲ့ ငါ့တူရေ... အဘအိမ်က ဒီနားလေးတင်ပါပဲ...အဘရှစ်ပါးသီလယူထားတာကြာပြီဆိုတော့ ..ဘာမှမစားတော့ပါဘူး...အဘနဲ့ငါတူနဲ့ ရေစက်မကုန်သေးပါဘူး...ဆုံကြအုံးမှာပါ"
"ဟုတ်ပါပြီ...အဘ...အဘရဲ့နာမည်လေးပြောခဲ့ပါအုံး...အဘ"
"အဘနာမည် အဘမင်းသိုက်လို့ပဲ ငါ့တူမှတ်သားထားပေါ့"
အဘိုးအိုက လူငယ်လေးရှေ့ကနေတစ်ရွေ့ရွေ့ထွက်ခွာသွားလေပြီ..
လူငယ်လေးလဲ အဘပြောထားတဲ့ အတိုင်းမွေးနံဂြိုဟ်ထောင့်အပြင်... တေဇအရပ်ဖြစ်တဲ့ သောကြာထောင့်မှာလဲ ပုတီးစိပ် အဓိဋ္ဌာန်ဝင်လေသည်။ ဘုန်းကံကြီးမားခြင်း နာမည်ကျော်ဇောခြင်း လူတွေယုံကြည်လာခြင်း စတဲ့ အကျိုးတွေခံစားရပြီး ၇ရက်သားသမီးကို ဝေဒပညာဖြင့် တတ်အားသ၍ကူညီနိုင်တဲ့ သူတစ်ဦးဖြစ်လာလေတော့သည်။
*************************************
ဘုန်းကံကြီးမားချင်ကြတဲ့ ၇ရက်သားသမီးအပေါင်းလဲ မိမိတို့ရဲ့ တေဇအရပ်မှာ ကုသိုလ်တွေပြုပြီး ဘုန်းကံကြီးမား အောင်မြင်သူတွေ ဖြစ်နိုင်ကြပါစေ..
နေ့သားသမီး တေဇအရပ်
တနင်္ဂနွေ ကြာသပတေးထောင့်
တနင်္လာ ရာဟုထောင့်
အင်္ဂါ သောကြာထောင့်
ရာဟု ဗုဒ္ဓဟူးထောင့်
ဗုဒ္ဓဟူး တနင်္ဂနွေထောင့်
ကြာသပတေး အင်္ဂါထောင့်
သောကြာ စနေထောင့်
စနေ. တနင်္လာထောင့်
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...