Skip to main content

သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ





တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျောင်းနေ ဖက် ငယ်သူငယ်ချင်းများဖြစ်ကြသော မိုးကျော်၊ ဖိုးထော်နှင့် စိုးမော်ဆိုသူတို့ ရောက်ရှိလာကြ လေသည်။ သူငယ်ချင်းသုံးဦးတွင် စိုးမော်မှာ မိန်းကလေးဖြစ်ပြီး အမည်ရင်းမှာ စိုးစိုးမော် ဟူ၍ဖြစ်ပြီး မိုးကျော်၊ ဖိုးထော်တို့နှင့်တွဲကာ သူ့ ကိုလည်း စိုးမော်ဟုသာ ခေါ်ခဲ့ကြလေ၏။
၎င်းတို့သုံးဦးသည် ကျွန်ုပ် တည်ခင်း ဧည့်ခံသောမနောမယလက်ဖက်ရည်ကိုသောက် ကြလေ၏။ စိုးမော်က တစ်ဝက်သာသောက်ပြီး၊ မိုးကျော်က နှစ်ခွက်ဆင့်၍ သောက်လေ၏။ စိုး မော်က -
‘‘ဒီလို သူငယ်ချင်းရေ ...၊ တချို့ ရုံး ခန်းတွေ၊ အလုပ်ခန်းတွေမှာ ပန်းချီကားကြီးတွေ ကျကျနနလှလှပပချိတ်ထားတာ ငါဖြင့်အရမ်းသ ဘောကျတာပဲ ...၊ ငါတို့ အလုပ်ခန်းတွေမှာ လည်း အဲဒီလို ပန်းချီကားကြီးတွေ ကျကျနန ချိတ်ချင်တယ်ဟာ၊ ငါတို့ သူငယ်ချင်း ဗေဒင်ဆရာ ကြီးတစ်ယောက်လုံး ရှိနေတာဆိုတော့ ဒီအတိုင်း ရမ်းပြီးချိတ်မယ့်အစား သူငယ်ချင်းပြောပြတဲ့ ပန်းချီ ကားတွေ ချိတ်မယ်ဆိုပြီး သုံးယောက်သား တိုင်ပင်ပြီး လာခဲ့ကြတာဟေ့ ...’’ ဟု ၎င်းတို့၏ လာရင်းကိစ္စ ကို ပြောပြကြလေ၏။ ကျွန်ုပ်လည်း စီးကရက်ကို နှစ်ဖွာခန့်မျှ ဆက်၍ဖွာ လိုက်ပြီးသည့်နောက် -
‘‘ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း သြဘာ နိမိတ်ထွန်းသတဲ့ ...၊ တချို့လည်း ဓာတ်ဘိသက် ပန်းချီဆိုပြီး တကူးတက ပန်းချီဆရာဆီမှာအပ်ပြီး ဓာတ်ပန်းချီကားတွေ ဆွဲခိုင်းလေ့ရှိတယ် ...၊ နင်တို့ အနေနဲ့ ရှိပြီးသားပုံတွေ၊ ဝယ်လို့ကူးလို့ လွယ်မယ့်ပုံ တွေကို ချိတ်ချင်သပဆိုရင်လည်း ချိတ်ကြပေါ့’’ ဟု ပြောလိုက်ရာ ဖိုးထော်က -
‘‘အေး ...အဲဒီလိုပဲ လုပ်စမ်းပါကွာ ...၊ ငါတို့ကလည်း အချိန်သိပ်ပေးနိုင်တာမဟုတ်ဘူးကွ’’ ဟု ပြောရင်း လက်ကျန်လက်ဖက်ရည်ခွက်ကို တစ် ကျိုက်တည်းမော့ချလိုက်လေ၏။ မိုးကျော်ကလည်း-
‘‘အေးပါကွာ ...၊ လွယ်လွယ်သာလုပ်ပါ သူငယ်ချင်းရယ် ...၊ ခေတ်က ပြောင်းသွားပြီကွ၊ ရှေးတုန်းကဆိုရင် ကုန်ပစ္စည်းကြော်ငြာမှာတာတောင် မဂ္ဂဇင်းတစ်မျက်နှာလောက် စာတွေ စီကာပတ်ကုံး ရေးပြီး အရှည်ကြီးကြော်ငြာကြတာ၊ ဒီခေတ်မှာက တော့ လိုရင်းတိုရှင်း ထိထိမိမိပဲ ကြော်ငြာကြတော့ တယ်ဟ ...၊ အဲဒီတော့ ဆရာသမားရဲ့ ဓာတ်ဘိ သိက်ပန်းချီကိုလည်း အကျယ်ချဲ့တဲ့နည်းတွေနဲ့တော့ လာမပြောပါနဲ့ကွာ ...’’ ဟု ဝင်၍ထောက်ခံလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ပြုံး၍ -
‘‘အေးပါကွာ ...၊ ဘာပဲဖြစ်ဖြစ် တစ်ခု သတိထားဖို့ကတော့ အလုပ်ခန်းတွေ ရုံးခန်းတွေမှာ မကောင်းတဲ့ သဘောသက်ရောက်တဲ့ အနိဋ္ဌ သ ဘောဆောင်တဲ့ ပုံမျိုးတွေတော့ မချိတ်အပ်ဘူးကွ’’ ဟု ပြောလိုက်လျှင် စိုးမော်က -
‘‘အေးပါဟယ် ...၊ ငါတို့အနေနဲ့ ဘယ်လို ပုံတွေချိတ်ရမလဲဆိုတာသာ ပြောပါတော့ ...’’ ဟု လောဆော်ပါလေတော့၏။ ထို့ကြောင့် ကျွန်ုပ် က -
‘‘ကဲ ...ကဲ ...အဲဒါဆိုလည်း မှတ်စုနဲ့ သာ မှတ်ပြီးယူသွားကြပေတော့ ...၊ တော်ကြာ မောင်လေးအတွက်၊ ကြီးတော်အတွက်၊ အဖေ့ အတွက်ဆိုပြီး မေးနေကြဦးမယ် ...’’ ဟု ပြောပြောဆိုဆိုပင် မိမိတို့၏ မွေးနေ့အလိုက် အောင်မြင်ခြင်း၊ လာဘ်ရွင်ခြင်း၊ လူချစ်လူခင် ပေါများခြင်း စသော ကောင်းကျိုးချမ်းသာများ ရရှိစေနိုင်မည့် ပန်းချီပုံများ ကို အောက်ပါအတိုင်း ပြောပြလိုက်ရပါလေတော့ သတည်း ...။
တနင်္ဂနွေသားသမီးများ
သိကြားမင်းပုံ၊ သစ်ပင်ကြီးကြီးမားမား
လှလှ ပပပုံ၊ သမင်ပုံ၊ ကျားပုံ။
တနင်္လာသားသမီးများ
နတ်သား၊ နတ်သမီးပုံ၊ နေထွက်စ ရှုခင်း ပန်းချီကားပုံ၊ ထန်းပင်၊ ထန်းတောပုံ၊ဆင်ပုံ။
အင်္ဂါသားသမီးများ
အုန်းပင်၊ အုန်းတောပုံ၊ ရွေအိုးပုံ၊ ရေအိုးပုံ၊ လှေပုံ၊ လှည်းပုံ။
ဗုဒ္ဓဟူးသားသမီးများ
ကြေးအိုးလှလှပုံ၊ ငွေအိုးလှလှပုံ၊ ပန်းအိုး လှလှပုံ၊ ကမ္ဘာ့မြေပုံ၊ ကျားပုံ၊ မြင်းပုံ။
ကြာသပတေးသားသမီးများ
စစ်သူကြီး မဟာဗန္ဓုလပုံ၊ ဆိပ်ကမ်းရှုမျှော် ခင်ပုံ၊ စကြာတံဆိပ်ပုံ၊ စောင်းပုံ၊ ဆင်ပုံ။
သောကြားသားသမီးများ
လှေပုံ၊ လှည်းပုံ၊ စင်ရော်ပုံ၊
ဆိုင်းဝိုင်းပုံ၊ ဆင်ပုံ။
စနေသားသမီးများ
ဘုရားစေတီပုံတော်၊ ပန်းအိုးလှလှပုံ၊
မြင်းပုံ၊ လှေပုံ၊ မီးအိမ်ပုံ။
မနောမယ ဂျာနယ်မှ ဆရာဇင်ယော်နီ ၏
ဆောင်းပါးအားကူးယူဖော်ပြသည်။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...