Skip to main content

ရင်သွေးပြဿနာ အဖြေရှာ




မိုးရာသီဆိုပေမဲ့ ဒီနေ့နံနက် ထူးထူးခြားခြား နေသာနေသည်။ အိမ်နောက်ဖက်က ဂျိုးကူသံသဲ့သဲ့ကိုလဲ ကြားရသည်။ ဒါတစ်နေကုန်နေသာမဲ့သဘော...။ Sunday ဖြစ်တာကြောင့် ခြံရှေ့လမ်းပေါ်မှာ ကလေးတွေ ဘောလုံးကန်နေကြသည်။
ကျွန်တော်လဲ နားရက်ဖြစ်တာကြောင့် ခြံထဲမှာ ကျောမှီခုံလေးတစ်လုံး နဲ့ ထိုင်ပြီး စာဖတ်ဖြစ်၏။
အခြားနေ့တွေဆို ခြံတံခါးပိတ်ထားပေးမဲ့ တနင်္ဂနွေဆို ခြံတံခါး ဖွင့်ထားတာများသည်။ အိမ်ရှေ့ဘောလုံးပွဲကနေ ဘောလုံးက အိမ်ထဲမကြာခဏရောက်ရောက်လာတတ်သည်။ ခြံတံခါးဖွင့်ထားတော့ ကလေးတွေ ဘောလုံးဝင်ကောက်ရတာ အဆင်ပြေသည်မဟုတ်လား....
စာဖတ်နေတုန်း ခြံရှေ့မှာမိမိနာမည်မေးသံ သဲ့သဲ့ကြားရသည်။ သိပ်မကြာလိုက်...။
ကလေးတွေကလမ်းညွှန်ပေးခဲ့ပုံရပါသည်။ ဧည်သည်တွေ အိမ်ထဲ ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာကြသည်။ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး လင်မယားဖြစ်ဟန်တူပါသည်။
"လာဗျ ထိုင်ကြ...ဘာကူညီပေးရမလဲ
အရင်လာဖူးတယ်နဲ့ တူတယ်.. .
ျမင္ဖူးတယ္ဗ် "
"ဟုတ်တယ်ဆရာ ....သမီးတို့ အရင် လေးလကျော်လောက်က မေးဖူးပါတယ်။ ဆရာ့ အိမ်မှာမဟုတ်ဘူး။ ဆရာမိတ်ဆွေအိမ်မှာ ဗေဒင်ဟောတုန်းက သမီးတို့လဲ ဝင်မေးဖြစ်တယ်လေ။ ဆရာအိမ်က
အခုမှစုံစမ်းပြီးလာတာ..."
"သြော် ...သိတော့သိပြီ..
ဘာကိစ္စလဲတော့ ဆရာလဲမမှတ်မိတော့ဘူး "
" ရင်သွေးကိစ္စ ဆရာရေ ရင်သွေးလိုချင်လို့ ဆရာ့ဆီမေးတာလေ ဆရာက ဒီနှစ်အတွင်း ရင်သွေးရလိမ့်မယ်လို့ ဟောခဲ့တယ် .... နောက်ပြီး အနေအထိုင်ဆင်ခြင်ဖို့ အလေးအပင် မ မဖို့ ကိုယ်ဝန်ရလွယ် ပျက်လွယ်ဖြစ်တတ်ကြောင်းဟောခဲ့တယ်ဆရာ... ရေမွှာစောပေါက်တာမျိုးလဲ ကြုံရတတ်တယ်လို့ ဆရာမှာလိုက်သေးတယ်။
ဆရာဟောပြီး သိပ်မကြာဘူး သမီးမှာရင်သွေးလေးရလာတယ်........ မိသားစုအားလုံးပျော်နေကြတာပေါ့လေ"
" ဟုတ်တယ်ဆရာ ကျွန်တော်ကလဲ သားဦးလေးရပြီဆိုပြီး အရူးအမူးပျော်နေတာ ..ဒါပေမဲ့ "
ကောင်မလေး၏ အမျိုးသားဆီက စကားသံ..
စကားမဆုံးသေးပေမဲ့ ထပ်ပြောဖို့ အင်အားရှိဟန်မတူပေ
"ဘာဖြစ်လို့လဲ ဗျ ရင်သွေးက အဖတ်မတင်လို့လား "
နှစ်ဦးစလုံးခေါင်းပြိုင်တူညိတ်ကြသည်။
" စိတ်မကောင်းပါဘူးဗျ ဖြစ်ချိန်တန်ဖြစ်လို့ ပျက်ချိန်တန် ပျက်ရတယ်လို့ပဲ နှလုံးသွင်းပေါ့ဗျာ"
"သမီးတို့ ရင်သွေးထပ်ရနိုင်အုံးမလားဆရာ
ရမယ်ဆိုလဲ ရင်သွေးလေးမြဲချင်တယ် "
အလောတကြီးစကားဆိုသည်။
"ဟုတ်ပါပြီဗျ ..တွက်ချက်ကြည့်ပြီး လိုအပ်တာများ
ညွှန့်ကြားပါ့မယ်"
နှစ်ယောက်စလုံးရဲ့ ကံကြမ္မာတွေကို တွက်ချက်ကြည့်တော့
ကောင်လေးက ရာဟုသက်ရောက်ထဲမှာ
သားသမီးရဖို့ကံရှိသလို ကောင်မလေးကလဲ တနင်္လာသက်ရောက်ထဲမှာ ရင်သွေးရဖို့ရာခိုင်နှုန်းများတဲ့ကာလတွေပါ။ ကပ်ဂြိုဟ်တွေအားနည်းနေလို့သာ..(ပညာရပ်အပိုင်းများ ဒီနေရာမှာ ချန်လှပ်ထားပါရစေ ... စာလေးမှာစိုးလို့ပါ)
"စိတ်မပူကြပါနဲ့ဗျ ... ရင်သွေးရတနာက ရလာမှာပါ နောက်ထပ်ရင်သွေးထပ်ရဖို့ မကြာတော့ပါဘူး"
"ယတြာလေးပါ ပြောပေးပါဆရာ ...
သမီးအမှားအယွင်း မဖြစ်ချင်တော့ဘူး ..."
"ဟုတ်ပါပြီဗျ လိုအပ်တဲ့ယတြာပြောပေးမယ် လိုက်မှတ်သွားပါ....ဒီမှာ A4နဲ့ ဘောပင် "
~~~~~~~~~~~~~~~~~~~~~~~
"ပထမဦးစွာ လင်ဗန်းတစ်ချပ်ထဲ သစ်သီး ၁၁မျိုးထည့်ပါ။ ထိုသစ်သီးတွေကို ရတနာသမ႓ဝဘုရားအား
တိုင်တည်ရည်စူးပြီး ကပ်လှူ ပူဇော်ပါ။ ပူဇော်နေချိန်
ရင်သွေးရတနာရဖို့ဆုတောင်းပါ "
~~~~~~~~~~~~~~~~~~~~~
"ဒုတိယ တစ်ခုက မိမိတို့အားတဲ့ တစ်ရက် ရွှေတိဂုံ ဘုရားသွားပါ။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ တောင်ဘက်မုခ်မှာဘုရားဝတ်ပြုပါ။ ထိုတောင်ဘက်မုခ်တန်ဆောင်းနဲ့ကပ်လျက် ဗြဟ္မာသားပိုက်ရုပ်ရှေ့မှာ ဖယောင်းတိုင် ၁၇တိုင် ၊ အမွှေးတိုင် ၁၇တိုင်၊
ဇီးညွှန့် ၁၇ညွှန့်၊သစ်သီး ၈မျိုး ကိုကပ်လှူပြီး သားဆုပန်နိုင်ပါတယ်ဗျာ။ ယောကျာ်းလေး လိုချင်ရင်တော့ ကလေးပိုက်ထားတဲ့ ဗြဟ္မာရုပ်မှာ ဆုတောင်းပါ။
မိန်းကလေးလိုချင်ရင်တော့ ကြာဖူးကိုင်ထားတဲ့ ဗြဟ္မာရုပ်မှာဆုတောင်းပါ"
~~~~~~~~~~~~~~~~~~~~~~
"နောက်ဆုံးတစ်ခုက သမီးအနေနဲ့ တားရော့ကဒ်လေးတစ်ခုကဒ်လောင်းပြီး ဆောင်ရမှာ နံပါတ် ၃တားရော့ကဒ်ပဲ ...ဧကရီကဒ်လို့ ဆိုကြတယ်...ကဲ Zapya ဖွင့်လိုက် ဆရာအဲဒီကဒ်လေး ရှယ်လိုက်မယ် .. ဓာတ်ပုံဆိုင်သွားပြီး print ထုတ် /ကဒ်လောင်းပြီး ဆောင်ထားပေးတော့ဗျာ..."
~~~~~~~~~~~~~~~~~~~~~~
"ကဲ...ဒီလောက်ဆို ပြည့်စုံပါပြီ ဒီအစီအရင်လေးတွေသာ လုပ်ပေးမယ်ဆိုရင်ဖြင့် ရင်သွေးရတနာအမြန်ဆုံးရနိုင်သလို ရင်သွေးလဲ အပျက်အစီးမရှိ ချောမောစွာ မွေးဖွားနိုင်မှာပါ"
"ကျေးဇူးပါဆရာ ယတြာတွေကိုလုပ်ပါ့မယ်... ရွှေတိဂုံဘုရားလဲဖူးရတာပေါ့ဆရာရယ် "
" ကောင်းပါပြီဗျ ကုသိုလ်လဲရ ကလေးလဲရပေါ့ဗျာ ..."
" အဲဒါဆို သမီးတို့ကို ခွင့်ပြုပါအုံးဆရာ ...
"ဟုတ်ပါပြီဗျာ"
ဇနီးမောင်နှံနှစ်ယောက်စလုံး ဉာဏ်ပူဇော်ခပေးပြီး ပြန်သွားကြလေ၏ ။ ကျွန်တော့်မိတ်ဆွေတွေထဲမှာလဲ ထိုကဲ့သို့ ရင်သွေးကိစ္စများနဲ့ အခက်အခဲကြုံနေပြီဆိုရင်တော့ အထက်က ယတြာအစီအရင်လေးတွေလုပ်ပေးခြင်းဖြင့် အဆင်ပြေသွားကြပါလိမ့်မယ်။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...