Skip to main content

ဘာပဲရောင်းရောင်း အရောင်းသွက်စေဖို့



ဝါကျွတ်ပြီဆိုပေမဲ့ မိုးကကောင်းနေဆဲ။ ကောင်းကင်မှာ တိမ်သားညိုညိုတွေ စုဝေးနေပြန်ပြီ။ ဘယ်အချိန်ရွာချအုန်းမလဲ မသိ။ မိုးကြောင့် လမ်းပေါ်မှာ လုှပ်ရှားရုန်းကန်နေရသူတွေ ဒုက္ခများရသလို တောင်သူလယ်သမားတွေအတွက်လဲ စပါးရိတ်သိမ်းချိန်ဖြစ်တာကြောင့် သောကများရသည်မဟုတ်လား။ လိုအပ်ချိန်မှာ ရောက်ရှိလာတာဟာအဆင်ပြေပေမဲ့ မလိုအပ်ချိန်မှာ ရောက်လာတာဟာ ဒုက္ခပိုစေတယ်လို့ တွေးနေမိသည်။
မိုးစိုမှာ စိုးတာကြောင့်အပြင်မထွက်ဘဲ စာအုပ်ဖတ်နေမိသည်။ အခုလဲ... စာလဲဖတ်တာ တစ်အုပ်ပြီးသွားပြန်ပြီ..စာရေးရင်ကောင်းမလား ....ဘယ်အကြောင်းအရာရေးရမလဲ...? တိုက်တိုက်ဆိုင်ဆိုင်ပဲဒီနေ့မနက်ဗေဒင်လာမေးသူနှစ်ယောက်စလုံး ဈေးရောင်းမကောင်း၍လာမေးကြသူတွေပင်... ဒီအကြောင်းပဲပြောကြရအောင်...
ဘာလို့စျေးရောင်းမကောင်းတာလဲလို့ မေးလိုက်ရင် "ကံညံ့နေလို့နဲ့တူတယ်..ဆရာ"လို့ဖြေကြတာအများအပြားတွေ့ရပါတယ်။
အဲဒီကံဆိုတာႀကီးကို ခဏထားပါအံုး
မိမိရဲ့ဆက်ဆံရေး
မိမိရောင်းတဲ့ပစ္စည်းစျေးနှုန်း
မိမိရဲ့စေတနာထားမှု ....စတဲ့ မရေတွက်နိုင်တဲ့ အကြောင်းတရားတွေကိုအရင်စဉ်းစားပါအုံး ...
ငါဘာလိုအပ်နေလဲ ...
ငါဘာပြုပြင်ရမလဲ ....စတာတွေကို ပြုပြင်ဖာထေးပြီးမှ ကံညံ့နေတယ်ဆိုတဲ့ ခေါင်းစဉ်ကို စဉ်းစားပါ။
ဗေဒင်ဆရာကတော့ ဇာတာရှင်ရဲ့ကံဇာတာကို ကြည့်ပြီး လိုအပ်တဲ့ယတြာတော့ ပေးမှာပါပဲ ။ မိမိကိုယ်တိုင်က စိတ်ကောင်းစေတနာကောင်းလေးနဲ့
မလှူတတ်ရင်စျေးရောင်းဆိုတဲ့ စကားနဲ့အညီကျင့်သုံးသင့်သည်မဟုတ်လား
ဗေဒင်အခန်းကဏ္ဍကို သွားလိုက်ရအောင်....။
စျေးရောင်းမကောင်းလို့ ရောင်းပန်းဝယ်ပန်းတွေပွင့်အောင် စီရင်တဲ့ အစီအရင်တွေ ယတြာတွေကလဲ
အများကြီးပါပဲ။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလိုပါပဲ။ အခုပြောပြမဲ့ အစီအရင်ကတော့ မိမိဆိုင်ရဲ့ ကောင်တာစားပွဲမှာ တင်ထားရမဲ့ အစီအရင်ပါ။
ဘာပဲရောင်းရောင်း စျေးရောင်းကောင်းချင်ရင်စီရင်လို့ရတဲ့ အစီအရင်ပါ။
တနဂၤေႏြ သားသမီး
ဆိုင်ရဲ့ကောင်တာမှာ အိုးစည်ရုပ်လေးကို တနင်္ဂနွေနေ့ မနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
တနလၤာ သားသမီး
ဆိုင်ရဲ့ကောင်တာမှာ ကလပ်ပေါ် ခေါင်းလောင်းတင်ပြီး တနင်္လာနေ့နံနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
အဂၤါ သားသမီး
ဆိုင်ရဲ့ကောင်တာမှာ ဆင်ဖြူ ရုပ်လေးကို အင်္ဂါနေ့နံနက်၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
ဗုဒၶဟူး သားသမီး
ဆိုင်ရဲ့ကောင်တာမှာ ရွှေဟင်္သာရုပ်လေးကို ဗုဒ္ဓဟူးနေ့ နံနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
ၾကာသပေတး သားသမီး
ဆိုင်ရဲ့ကောင်တာမှာ ပစ်တိုင်းထောင်ရုပ်လေးကို ကြာသပတေးနေ့ နံနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီး တင်ထားလိုက်ပါ။
ေသာၾကာ သားသမီး
ဆိုင်ရဲ့ကောင်တာမှာ သဲအိုးလေးတစ်အိုးကို သောကြာနေ့ နံနက်၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့ ဆုတောင်းပြီးတင်ထားလိုက်ပါ။
စေန သားသမီး
ဆိုင်ရဲ့ကောင်တာမှာ တံခွန် ၉ လက်တိတိကိုစနေနေ့ နံနက် ၉:၄၅မိနစ်မှာ စျေးရောင်းကောင်းစေဖို့
ဆုတောင်းပြီး တင်ထားလိုက်ပါ။
ဒါလောက်ဆို သဘောပေါက်လောက်မယ်လို့တော့ ထင်ပါတယ်။ ဒီအစီအရင်ကို စီရင်တော့မယ်ဆိုရင်တော့ ဒီအစီအရင်နဲ့ တွဲလုပ်သင့်တာက မေတ္တာပို့တာပါ။ နေ့တိုင်း မိမိရဲ့ customersတွေကို မေတ္တာပို့ပါ။ မိမိရဲ့ ထမင်းရှင်တွေလို့သဘောထားပြီး လေးလေးနက်နက် မေတ္တာပို့ပေးပါ။ မေတ္တာမပွားနိုင်ဘူးဆိုရင်တော့ ဒီအစီအရင်ကို စီရင်ဖို့မသင့်ပါဘူး။
မေတ္တသုတ်ရတဲ့ သူတွေကလဲ အချိန်ရတိုင်း မေတ္တသုတ်ကို ရွတ်ဖတ်နေသင့်ပါတယ်။ မိမိသိသလောက်တော့ ပညာဒါနပြုလိုက်ပါပြီ...၇ရက်သားသမီးအပေါင်း ရောင်းပန်းဝယ်ပန်းတွေ ပွင့်လန်းကြပါစေ ။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695 )

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...