"ဆရာငြိမ်း"
ဘာတွေလုပ်နေတာတုံး..."
အိမ်နားက မိတ်ဆွေတစ်ဦး အိမ်လာလည်ရင်း မေးခြင်းဖြစ်လေသည်။
"အဝတ်အစားတွေထည့်နေတာ...ခရီးထွက်မလို့"
" သြော်.. ခရီးခဏခဏထွက်တယ်နော်... "
"ဟုတ်တယ်ဗျ ... Personal ကိစ္စလေးတွေကြောင့်ပါ"
"ဒါနဲ့ စကားမစပ် ဆရာငြိမ်းကို မေးစရာရှိလို့..."
ဗေဒင်နဲ့ပက်သက်သော ကိစ္စတွေတိုင်း မရှင်းတာရှိရင် လာမေးနေကြပင်... အခုလဲ ဘာမေးအုန်းမလဲမသိ..။
"မေးလေဗျာ"
"ဒီလိုဆရာငြိမ်းရဲ့ အခုဆို သီတင်းကျွတ်လပြည့်နေ့ ရောက်တော့မယ်ဗျာ ..ဆရာတို့ပညာမှာ လပြည့် နေ့ စီရင်လို့ ရမဲ့ အစီအရင်လေးတွေမရှိဘူးလား..လူတိုင်းလဲ လုပ်လို့ရမယ် လွယ်လဲလွယ်မဲ့ အစီအရင်မျိုးပေါ့ဗျာ ... ဆရာလုပ်သလို အဆောင်ရုပ်တွေ အင်းတွေ စီရင်တာမျိုးကို ပြောတာမဟုတ်ဘူးနော်..."
"ရှိပါတယ်ဗျ ...လပြည့်နေစီရင်လို့ ရတဲ့ အစီအရင်တွေကတော့ အများကြီးပဲ ...ခင်ဗျာ...ပြောသလို
လွယ်တာဆိုရင်တော့ ရှိပါတယ်...
လိုက္မွတ္ထားလိုက္...
ပထမဦးစွာလင်ဗန်းတစ်ချပ်ရှာပါ…
လင်ဗန်းထဲကို လက်ဖက် ၉ပုံ ပုံလိုက်ပါ..
လက်ဖက် ၉ပုံကို စက်ဝိုင်းသဏ္ဍာန်ပုံနော် ...
ပုံပြီးရင် လက်ဖက်ကိုးပုံကြားထဲမှာ လိမ္မော်သီး ကိုးမွှာထည့်ထားလိုက် ....အဲဒီနောက်အလယ်မှာ လစ်ပိုပုလင်းတစ်လုံးထားလိုက်ပါ... လစ်ပို ပုလင်းပေါ် ဖယောင်းတိုင်အစိမ်းတစ်တိုင်းထွန်းညှိပြီး အိမ်ကဘုရားမှာ ပူဇော်လိုက်ပါ။ လပြည့်နေ့နံနက်ခင်းမှာ စီရင်ရမှာနော်...မည်သည့် လပြည့်မဆို စီရင်လို့ရတယ်...အဲလိုမျိုး လပြည့်နေ့နံနက်မှာ
ပူဇော်ပြီးရင် မွန်းလွဲချိန်ရောက်ရင်တော့ ကျန်တာတွေစွန့်လိုက်....လစ်ပိုပုလင်းကိုတော့ဖွင့်…
ဖန်ခွက်ထဲ ငှဲ့ထည့်ပြီး ဘုရားကိုကပ်လှူလိုက်ပေါ့ဗျ
ဒါလေးပဲ ဘာခက်တာမှတ်လို့ "
" နည်းကတော့ လွယ်သားပဲနော်...အကျိုးပေးကရောဆရာ ... "
"အကျိုးပေးကတော့ ကံတွေပွင့်တယ်ကွာ ...
ရောင်းပန်းဝယ်ပန်းတွေကောင်းတယ်...
ငွေကြေးလာဘ်လာဘပေါတယ်.."
"ကျေးဇူးပဲ ဆရာ ဒီအစီအရင်ကိုလုပ်ကြည့်မယ်…"
"ကောင်းပါတယ်ဗျ လပြည့်နေ့တိုင်းလုပ်နိုင်ရင်ပိုကောင်းတယ်...အပန်းမှမကြီးတာဗျာ..."
" ကျေးဇူးပါပဲ..ဆရာရေ.."
ကျေးဇူးပါပဲ ....ပြော၍ ကျွန်ုပ်၏ ရေခဲသေတ္တာထဲမှ လစ်ပို ပုလင်းကိုဖောက်သောက်ပြီး ပြန်သွားလေတော့သည်။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695 )
Comments
Post a Comment