Skip to main content

(၁၂)ရာသီခွင် ဟာသ



ရာသီခွင်ဟာသဆိုပေမဲ့ ရာသီတစ်ခုချင်းစီရဲ့စရိုက်ကို
ဖော်ကျူးရာမှာ အရမ်းမှန်ကန်ပါတယ်ဗျ
(၁)
Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)
မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။
ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"
Aries "ဟုတ္ကဲ့ပါ ေမေမ"
ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့
အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"
မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"
Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင်
ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"
(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)
(၂)
Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)
ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"
ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ"
(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)
(၃)
Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)
မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ"
Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ"
(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)
(၄)
Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)
Cancer "ဒီည သားမေမေနဲ့အိပ်မယ်"
မေမေ "သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?"
Cancer "အင်း"
မေမေ "ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?"
Cancer "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်"
(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)
(၅)
Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)
Leo "ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"
ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။
Leo "မေမေ.. မေမေ... တင်ပါးထဲမှာ အီးတွေနဲ့...."
ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။
(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို
သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)
(၆)
virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)
virgoက ကိုယ့်ချက်ကိုကြည့်ပြီး "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။
ဖေဖေက "ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက
ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့
ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။
virgo "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်"
(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)
(၇)
Libra (တူရာသီဖွား-- စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)
ဖေဖေ "Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေကအမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"
Libra "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။
ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်"
(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)
(၈)
Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့
Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကေနေခြင်ထွက်မသွားဘူး။
"ကောင်းပြီ.... မင်းမထွက်ရင် ငါထွက်တယ်ကွာ!"
ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး
တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---
"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"
( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဉာဏ် နည်းသူဖြစ်တယ်)
(၉)
Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)
Sagittarius "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"
ဖေဖေ "သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့"
Sagittarius တအောင့်လောက် စဉ်းစားပြီး.....
"ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?"
ေဖေဖ "............"
(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)
(၁ဝ)
Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)
တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့
ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး "မိုးရွာပြီ...
ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့
"ရှေ့မှာ မိုးမရွာလို့လား?" တဲ့။
(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)
(၁၁)
Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)
Aquarius "ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?"
မေမေ "ကြက်မက ထွက်လာတာပေါ့"
Aquarius "'ၾကက္မက ဘယ္ကထြက္လာတာလဲ ေမေမ?"
မေမေ "ကြက်ဥက ပေါက်လာတာပေါ့"
Aquarius "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"
(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)
(၁၂)
Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)
ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။
ဖေဖေ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"
Pisces "သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို
ရောက်လာခဲ့တာပေါ့နော်"
(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)
Credit: ဗေဒင်စာအုပ်

သုတဇုံမှ တဆင့်တင်ပြပါသည် 

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...