Skip to main content

စာမေးပွဲ ဖြေဆိုအောင်ပွဲဝင် ကြမည့် ကျောင်းသားကျောင်းသူများအတွက်



စာမေးပွဲကြီးနီးလေပြီ။ ကျောင်းသားမိဘတွေတိုင်း ကိုယ့်သားသမီးအတွက် အကောင်းဆုံးပုံ့ပိုးနေကြချိန်။
ဖြစ်ချစ်လွန်းအားကြီးပြီးသားသမီးအပေါ်
အတင်းဖိအားပေးတာမျိုးမလုပ်စေချင်။ အချို့ကလေးတွေ လေးငါးနာရီလောက်သာ အိပ်ရပြီးအချိန်ပြည့် စာဆိုတာမျိုးတွေလုပ်ခိုင်းနေတာမြင်ရတွေ့ရသည်။
အိပ်ရေးပျက်တာများရင် ကျန်းမာရေး
ထိခိုက်နိုင်သည်။ ကျန်းမာရေးဆုံးရှုံးတာဟာ အရာအားလုံးဆုံးရှံုးတာနဲ့အတူတူပင်။
အိပ်ရေးဝဖို့လိုသည်။ ဆီးဝမ်းလေ မှန်ဖို့လိုသည်။
နှစ်စကတည်းကမကြိုးစားဘဲ ဖြေခါနီးမှအိပ်ရေးပျက် ခံပြီးကျက်တာတွေက မှတ်ဉာဏ်ကို ထိခိုက်စေတော့တာပါပဲ။စာမေးပွဲခန်းထဲလဲရောက်ရော ကျက်ထားတာတွေအကုန်မေ့ကုန်တာမျိုးတွေ ကြားနေရသည်။
တစ်ချို့ကျောင်းသားတွေက မေးမယ်ထင်တဲ့သင်ခန်းစာတွေ ကွက်ကျက်တာတွေရှိနေသေးသည်။ ကိုယ်ကျက်ထားတာလဲမတိုးရော စာမေးပွဲခန်းကနေလက်မှိုင်ချပြီးပြန်လာခဲ့ရတော့တာပါပဲ။သတိထားဖို့ပါ။
အချိုမိဘတွေကတော့ ဂုဏ်တုဂုဏ်ပြိုင်မာနတွေနဲ့ ကျောင်းသားမိဘချင်းပြိုင်ရာက သားသမီးကိုဖိအားပေးတော့တာပါပဲ။
"နင်ဂုဏ်ထူး ၆ ဘာသာထွက်အောင်လုပ်နော်
မထွက်လို့ကတော့ ....#*&......"
"ဘယ်သူ့သားကတော့ လတိုင်းအဆင့်၁ရတယ် ..နင်ကတော့ အမြဲအဆင့်တစ်ဆယ် အထက်ကြီးပဲ၊ အသုံးကိုမကျဘူး"
စတဲ့စကားတွေက အမြဲတမ်းကြားနေရတာပါပဲ။ကိုယ့်သားသမီးကိုမနှိမ်ပါနှင့်။
သူများသားသမီးတွေနဲ့မနှိုင်းပါနဲ့။ မိမိသိသာမိမိပြိုင်ဘက်လို့သဘောထားတတ်အောင်သင်ပေးပါ။ မိမိသည်ဒီနေ့ ထက် မနက်ဖြန်က ပိုတော်ပိုကောင်းရမည်ဆိုတဲ့စိတ်မျိုးကလေးတွေကိုမွေးမြူပေးကြပါ။
မြန်မာပြည်ရဲ့ ပညာရေးကလဲ တတ်သိနားလည်ဖို့ထက် စာမေးပွဲအောင်ဖို့သာ အဓိကအသားပေးနေသည်။ အရေအတွက်တွေများပြီး အရည်အချင်းတွေနဲပါးလာကြပြီ။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသား ကျောင်းသားတစ်ဦးကို
"ကျွန်တော်ရေတစ်ခွက် သောက်ချင်သည်"ကို အင်္ဂလိပ်လို ပြန်ပြောခိုင်းတဲ့အခါမှာ
အထစ်နေတာမျိုး ဝါကျမှန်အောင် ပြန်မပြောနိုင်တာမျိုးခဏခဏကြုံရသည်။
စိတ်မကောင်း......
အစိုးရကလဲ ပညာရေးအပေါ် လစ်လျူရှုထားတာကြာခဲ့ပြီ။ ကျောင်းသားတွေကို ခေတ်အဆက်ဆက်က မြှောက်စားဖို့ထက် ဖမ်းဆီးအကျဉ်းချဖို့သာ ခေါင်းထဲရှိနေကြသည်။
သိပ်မကြာသေးခင်ကပဲ FBမှာ
ဂျပန်နိုင်ငံမှာ ရထားခရီးစဉ်တစ်ခုကို စီးနင်းလိုက်ပါသူကျောင်းသားတစ်ယောက်ထဲရှိနေ
သေးတဲ့အတွက် ထိုခရီးစဉ်ကိုမဖြတ်သိမ်းဘဲ
အရှုံးခံပြီး ပြေးဆွဲလျက်ရှိနေတယ်ဆိုတဲ့ သတင်းဖတ်လိုက်ရသည်။အစိုးရက ပညာရေးအပေါ်ဘယ်လောက်တန်ဖိုးထားသလဲဆိုတာအံသြစွာတွေ့ရသည်။
ကဲထားတော့ ......
ပြောချင်တဲ့ကိစ္စနဲ့သွေဖယ်သွားသလိုဖြစ်သွားရင်ခွင့်လွှတ်ပါ။ အခုပြောမှာကပညာရေးအတွက် တစ်ဖက်တလမ်းက အထောက်အပံ့ဖြစ်စေမည့်ယတြာလေးတွေပြောပြချင်သည်။
ပညာရေးက ကိုယ်လုပ်မှ ကိုယ်ကြိုးစားမှရသည် ဆိုတာကတစ်ပိုင်း။
စားမေးပွဲဖြေခါနီးမှတ်ဉာဏ်တွေတိုးတက်အောင်....
ကျန်းမာရေးအထူးညံ့သွားခြင်း ကင်းဝေးအောင်.....
မိမိကျက်မှတ်ထားတွေနဲ့ မေးတာတွေနဲ့ တိုက်ဆိုင်မှုတွေရှိအောင်.....
စာမေးပွဲခန်းထဲရောက်မှ ကျက်ထားတာတွေအကုန်မမေ့အောင် ......
ကံမြင့်အောင်စီရင်ထားတဲ့အတွက် ရှန်းတာမျိုးတွေမဖြစ်အောင် ......
ယတြာအနေနဲ့ပံ့ပိုးပေးတာမျိုးပါ။
အဓိကကတော့ ကျောင်းသားမိဘတွေကပဲယတြာတွေ လုပ်ပေးရမှာပါ။
ကလေးရဲ့မွေးနေ့တိုင်းကို ပန်းပေါင်းစုံ ငါးမျိုးအိမ်ကဘုရားမှာ ပူဇော် ရမှာပါ။ ထိုငါးမျိုးမှာ အောင်သပြေကလွဲလို့ အခြားပန်းတွေကအပွင့်ပါတဲ့ပန်းပဲဖြစ်ရမှာပါ။ ဥပမာ နှင်းဆီ ဂန္ဓာမာ စသည်ဖြစ်ပေါ့။ ဇော်စိမ်းပန်း ရွက်လှပန်းမရပါ။
အခုကစတင်ပြီး စာမေးပွဲပြီးသည်အထိ ပူဇော်ပေးတော့.....
ဒီတစ်ခါကတော့ ကလေးတွေရဲ့နေ့နံအလိုက် ဘုရားရှင်ကိုကပ်လှူရမဲ့ ခဲဖွယ်ဘောဇဉ်တွေကိုပြောပြပါမည်။မိဘတွေအနေနဲ့ကလေးအတွက်ရည်ရွယ်ပြီးကပ်လှူပေးပါ။
တနင်္ဂနွေသားသမီးများ
ကိတ်မုန့် ၊ ကြံရည်၊ ကျောက်ကျော၊ကော်ဖီ
တနင်္လာသားသမီးများ
စမူဆာ ၊ ဇီးသီး
အင်္ဂါသားသမီးများ
ရွှေကြည် ၊လမုန့် ၊ရေ
ဗုဒၶဟူးသားသမီး
ပေါင်မုန့် ၊မြေပဲကြော် ၊မုန့်ဖြူ၊ပေါက်ပေါက်၊
မုန့်လုံးရေပေါ်
ၾကာသပေတးသားသမီး
သင်္ဘောသီး ၊သံပုရာရည်၊ သရက်သီး၊သစ်တော်သီး၊
ေသာၾကာသားသားသမီး
ထန်းလျက်၊ ထိုးမုန့်၊ ထောပတ်သီး ၊နဂါးမောက်သီး၊
စေနသားသမီး
အုန်းသီး ၊အုန်းဆွမ်း ၊သြဇာသီး
စတာတွေ့ကို အိမ်ကဘုရားမှာမကြာမကြာကပ်လှူပေးပါ။ နေ့တိုင်းမလုပ်နိုင်ရင်တောင် အခါအခွင့်သင့်တိုင်းလုပ်ပေးပါ။ကိုယ့်သားသမီးက ဗုဒ္ဓဟူးဆို ပေါင်မုန့် ၊မြေပဲကြော် ၊မုန့်ဖြူ၊ပေါက်ပေါက်၊
မုန့်လုံးရေပေါ် စတာတွေ ဘုရားမှာ ခဏခဏလှူပေးပေါ့။ ဒါပေမဲ့ကလေးစာမေးပွဲစဖြေပြီးဆိုရင်တော့ နေ့တိုင်းကပ်လှူပေးပါ။
ကျောင်းသားမိဘတွေနေ့စဉ်လုပ်ရမဲ့ဟာတွေထပ်ပြောပါ့မယ်။ ကလေးကိုမေးပါ။ ဘာမေးရမလဲဆိုရင်စာမေးပွဲဖြေမည့်အခါ သုံးမည့်ဘောပင်တံဆိပ်ကိုမေးပါ။ ပြီးရင်ထို ဘောပင်ဆယ်ချောင်းလောက်ဝယ်လိုက်ပါ။ အိမ်ကဘုရားဆောင်ပေါ်တွင် ပန်းကန်လေးတစ်ချပ်ဖြင့် ဘုရားကိုပူဇော်ထားပါ။
နောက်ပြီးကလေးဝတ်နေတဲ့ကျောင်းစိမ်းအကျႌလေးတွေ ဝတ်နေကျအပြင်အကျီင်္တွေကို ညဘုရားရှိခိုးပြီးချိန် မိမိပေါင်ပေါ်တင်ပြီး မိမိနှစ်သက်ရာ ဘုရားဂုဏ်တော် ပဲဖြစ်ဖြစ် သရဏဂုံပဲဖြစ်ဖြစ် ပရိတ်ပဌာန်းပဲဖြစ်ဖြစ်ရွတ်ဆိုပေးပါ။ ထိုသို့ရွတ်နေချိန်မှာ မိမိရှေ့မှာ ဘုရားကိုပူဇော်ထားသော ဘောပင်လေးတွေကိုရှေ့ချထားပါ။ ထိုသို့ညစဉ်တိုင်းကလေးဝတ်နေကျ အကျႌတွေကိုအလှည့်ကျစီ ပေါင်ပေါ်တင်ပြီးဘုရားဂုဏ်တော်တွေနိုင်သလောက်ရွတ်ဖတ်ပူဇော်ပေးပါ။
အထက်ပါအစီအရင်တွေကို ကျောင်းသားမိဘတွေအနေနဲ့ လုပ်ပေးပါ။ တစ်ဖက်တစ်လမ်းက သားသမီးပညာရေးကိုပံ့ပိုးနေခြင်းပါပဲ။
*********************************
ဒီတစ်ခါပြောချင်တာက ကျောင်းသားကျောင်းသူတွေလိုက်နာရမှာတွေပြောချင်ပါတယ်။
ကျောင်းစာကိုသာအာရုံစိုက်ထားပါ။မိသားစုအတွင်း အိမ်တွင်းရေး လူမှုရေး စီးပွားရေး ပြဿနာအရှုပ်အထွေးတွေကို ခေါင်းထဲမထားပါနဲ့။
ဂိမ်းဆော့တာခဏရပ်ထားပါ။ fb သုံးတာ coc ဆော့တာမျိုးမလုပ်ပါနဲ့ ။
နိမိတ်မရှိသော ၊ကျရှုံးလွယ်တဲ့အဓိပါ္ပယ်ကိုဆောင်သောသီချင်း ၊Video များမကြည့်ပါနဲ့
ကျန်းမာရေးဂရုစိုက်ပါ။ အထိုင်များတဲ့အတွက်
ကိုယ်လက်လှုပ်ရှားအားကစားလေး လုပ်ပေးပါ။
လွန်ခဲ့သော တစ်လလောက်ကတူတစ်ယောက်အလုပ်စာမေးပွဲဖြေခါနီး အောက်ပါသီချင်းအပိုဒ်ကို အထပ်ထပ်ဆိုနေတာကြားရသည်။
" ငါဟာ အရှုံးနဲ့လူပါ.....မပြိုင်ခင်ရှုံးနိမ့်..နေပြီးသား....ဒီအမုန်းများက ငါ့အတွက်ဆုလာဘ်လား"
စာမေးပွဲဖြေမှာ ဘာလို့နိမိတ်မရှိတာတွေ ဆိုနေတာလဲပြောတော့ သူက "ဘာဖြစ်မှန်း မသိပါဘူး ဒီမနက်ကို ဒီသီချင်းဆိုရတာအာတွေ့နေတာပါပဲ" တဲ့ ။ ထင်သည့်အတိုင်းစာမေးပွဲမအောင်။ သတိထားပါ။ မိမိပါးစပ်က နိမိတ်မရှိတာတွေမထွက်မိပါစေနဲ့။
စာမေးပွဲဖြေနေတဲ့ရက်အတွင်း စိတ်ကလေးကိုကြည်နေအောင်ထာားပေးပါ။ပရိတ်ကြီး၁၁သုတ်ထဲတွင်နောက်ဆုံးသုတ္တံဖြစ်တဲ့ ပုဗ္ဗဏှသုတ်ထဲက
"ဇယန္တော ဗောဓိယာမူလေ"နဲ့စ ပြီး
"ဇယဿု ဇယမင်္ဂလေ" နဲ့ဆုံးတဲ့အပိုဒ်ကို စာကျက်ခါနီးတိုင်း ၉ ခေါက်ရွတ်ဆိုပြီးမှကျက်ပါ။
စာမေးပွဲဖြေမဲ့မနက်တွင် အိမ်ကဘုရားတွင် ဖယောင်းတိုင်တစ်တိုင်ကိုကိုင်ပြီး "ဇယန္တော ဗောဓိယာမူလေ"နဲ့စတဲ့ ဂါထာကို ကိုးကြိမ်ရွတ်ဆို၊ မီးညှိပြီးဘုရားရှင်အားပူဇော်ပါ။ နောက်တစ်တိုင်ကို ပညာအရာတွင် ဧတဒဂ်ရတော်မူတဲ့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကိုရည်မှန်းပြီး
ထွန်းညှိပူဇော်လိုက်ပါ။
ပြီးရင်မိမိရဲ့မိဘကို ကန်တော့ပြီးမှ စာမေးပွဲသွားဖြေပါ။
ကဲ.......
အထက်ပါအစီအရင်အတိုင်းကိုကျောင်းသားမိဘတွေရော ၊ စာမေးပွဲ ဖြေဆိုကြမဲ့ကျောင်းသားတွေပါလိုက်နာပြီး မိမိတို့ကံ၊ဉာဏ်၊ဝီရိယတွေအတိုင်း ကြိုးစားထားသည်ထက် ပို၍ပို၍ ထွန်းပေါက်အောင်မြင်ကြပါစေလို့
ဆုတောင်းမေတ္တာပို့သရင်း......။ ။
ဆရာဦးမောင်မောင်သန်း
(ရင်ကိုအေးမြစေသား) အား ဦးခိုက်ရှစ်ခိုးလျက်.............
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...