Skip to main content

(၇)ရက်သားသမီးများ ကံမနိမ့်အောင်



ကျွန်တော်အနေနဲ့ ဗေဒင်ပညာအရ လာမေးတဲ့သူရဲ့ အသက်အပိုင်းအခြား အချိန်အပိုင်းအခြားပေါ်မူတည်ပြီး ယတြာတွေအမျိုးမျိုးစီရင်ပေးခဲ့ပါတယ်။
ဆန်းပညာအရ တန်းစီးတိုင်ထိပ်ယတြာတွေ ၊ကပ်ဂြိုဟ်အညံ့အကောင်းပေါ်မူတည်ပြီး ဣဋ္ဌယတြာတွေ၊ အနိဋ္ဌယတြာတွေ ၊ဗုဒ္ဓယတြာတွေ စုံအောင်ပေးခဲ့ပါတယ်။
အင်္ဂဝိဇ္ဇာအရ အထက်ဆောင်ပန်း အောက်နင်းကြမ်း တွေလုပ်ပေးရတာတွေရှိပါတယ်။
အခုပြောချင်တာက ကိုယ်ဘယ်အသက်ပဲဖြစ်ဖြစ် ဘယ်သက်ရောက်ပဲရောက်ရောက် အမြဲလုပ်လို့ရမဲ့
ယတြာလေးပေးချင်ပါတယ်။
ဘယ်အခြေအနေပဲဖြစ်ဖြစ် နေ့နံသိရုံနဲ့လုပ်လို့ရပါတယ်။
မိမိကိုယ်တိုင်ကံနိမ့်ပြီလို့ထင်နေတဲ့ အခါကြရင်တော့လုပ်လို့ရပါတယ်။
တကယ့်ပွဲတွေ့ယတြာလေးပါပဲ။
"ကံတွေနိမ့်နေလားမသိဘူး ဘာ လုပ်လုပ်အဆင်မပြေဘူး"
"ဆိုင်ကအရောင်းပါးနေတယ်ဆရာ ကံညံ့နေလားမသိဘူး"
" အခုတလောသမီးချစ်သူနဲ့အဆင်မပြေဘူး တွေ့လိုက်တိုင်းတကျက်ကျက်ပဲ ကံများနိမ့်လားမသိဘူး "
"ဆရာရေအလုပ်ကပြုတ် ဆိုင်ကယ်ကမှောက်နဲ့ ကံအနိမ့် ပိုင်းရောက် နေလားသိချင်လို့ပါ"
စတဲ့စကားသံတွေ အမြဲကြားနေရပါတယ်။ မိမိကံနိမ့်နေတယ်လို့ ယူဆရင်ဖြစ်စေ ကံနိမ့်ပြီးဆိုးကျိုးကြုံရမှာကြောက်သည်ဖြစ်စေ အမြဲလုပ်ရမဲ့ယတြာလေးပါပဲ။
အမြဲတမ်းမွေးနေ့တိုင်းလုပ်နိုင်ရင်အကောင်းဆုံးပါပဲ။
တနင်္ဂနွေ သားသမီးဖြစ်သော်
ငှက်ပျောသီး ဆယ်လုံး အခွံနွာ၍ ပန်းကန်ပြား တွင် ထည့်ပါ။ အပေါ်မှ သကြားဖြူး ပါ။ တနင်္ဂနွေနေ့ နံနက် (၉း၄၅) တွင် အိမ်ဘုရားစင်၌ ဆွမ်းတော် ကပ်ပါလေ...။
တနင်္လာ သားသမီး ဖြစ်သော် ပန်းကန်လုံးတွင် ဇီးသီးအပြည့် ထည့်၍ တနင်္လာနေ့ နံနက် (၉း၄၅)တွင် အိမ်ဘုရားစင်၌ ကပ်လှူပါလေ။
အင်္ဂါ သားသမီး ဖြစ်သော်
ကြွေပန်းကန်ပြား အတွင်း၌ လက်ဖက် အသားချည်း ငါးပုံ ပုံ၍ အင်္ဂါနေ နံနက် (၉း၄၅) မိနစ်တွင် မိမိ အိမ်ဘုရားစင်၌ ကပ်လှူ ပူဇော်ပါလေ။
ဗုဒ္ဓဟူး သားသမီး ဖြစ်သော် ပန်းကန်ပြား သုံးချပ်၌ ပဲ ပြုတ်များ ထည့်ကာ ဗုဒ္ဓဟူးနေ့နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ။
ကြာသပတေး သားသမီးဖြစ်သော်
သစ်သီး (၆)လုံးကို ကြာသပတေးနေ့ နံက် (၉း၄၅) တွင် မိမိ အိမ်ဘုရား စင်၌ ကပ်လှူ ပူဇော်ပါလေ...။
သောကြာ သားသမီး ဖြစ်သော်
ဖန်ခွက် ရှစ်ခွက်ဖြင့် နွားနို့ စစ်စစ်ကို သောကြာနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ပင် ကပ်လှူ ပူဇော်ပါလေ...။
စနေ သားသမီးဖြစ်သော်
အုန်းသီးကို ခြစ်၍ ပန်းကန်ပြား အသေး ရှစ် ပန်းကန်တွင် ခွဲ၍ ထည့်ပြီး စနေနေ့ နံက် (၉း၄၅)တွင် မိမိ အိမ်ဘုရား၌ ကပ်လှူ ပူဇော်ပါလေ...။
အထက်ပါအတိုင်း ကပ်လှူပူဇော်ပြီး မိမိလိုအင်ဆန္ဒတွေ ဆုတောင်းနိုင်ပါတယ်။
အထက်ပါအတိုင်းအစီရင်လုပ်တဲ့ အခါ မိမိကံအနေအထားပေါ်မူတည်ပြီး ဆန္ဒပြည့်တာမြန်တာ နှေးတာရှိပါတယ်။
အချို့ဆို မွေးနေ့နှစ်ကြိမ်လောက်လုပ်ပြီး အဆင်ပြေကြသလို အချို့ကလဲ ခုနှစ်ကြိမ် ရှစ်ကြိမ်လောက်လုပ်မှ ပြေလည်တတ်ပါတယ်။
အလုပ်ကိစ္စကြောင့်အချိန်အခက်အခဲရှိရင် နံနက် ၆းဝဝမှာလုပ်ပေးပါဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...