Skip to main content

ငွေကြေးလာဘ်လာဘ ပေါများစေမည့် တားရော့အဆောင်



မိုးတွင်းကာလ...ရောက်ပြီဆို ..အစိုးရဝန်ထမ်းတွေ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့မသိသာပေမဲ့
သာမန်လက်လုပ်လက်စားသမားတွေကတော့ ငွေကြေးအခက်အခဲတွေတော့ ကြုံရသည်သာ။ ဆိုင်တွေအရောင်းပါးလာသည်။ အလုပ်တွေပါးလာသည်။ ဒါကြောင့်ပင် နောက်ဆက်တွဲအနေနဲ့
ငွေကြေးရှားပါးမှုလေးတွေပါ မိုးတွင်းကာလမှာအများဆုံးကြုံကြရသည်။
မြို့ကြီးပြကြီးတွေကတော့ အလုပ်အကိုင်ပေါ၍အကြောင်းမဟုတ်ပေမဲ့ နယ်မြို့လေးတွေက အောက်ခြေလူတန်းစားတွေအတွက် အလုပ်အကိုင်ရှားပါးမှုကစလို့ ငွေကြေးမပြေလည်ကြတော့ပေ။
ကုန်စျေးနှုန်းကလဲ မြင့်တတ်သည်မဟုတ်လား။
အဆင်မပြေတော့ ပိုက်ဆံချေးငှားသုံး။ အလုပ်ပါးတော့ ပြန်မဆပ်နိုင်။ဒီလိုနဲ့ပဲအကြွေးသံသရာလည်ပါတော့သည်။ ငွေရှင်ကြေးရှင်ကလဲ ပေးထားတဲ့ပိုက်ဆံပြန်မရသလို ချေးထားသူကလဲ ပြန်ဆပ်ချင်ပေမဲ့ မဆပ်နိုင်...။
ဒီလိုမိုးရာသီဆို ငွေကြေးမပြေလည်မှုတွေကြောင့် ကျွန်တော့်ဆီရောက်လာကြသူတွေအများသားပင်။ ငွေကြေးထုတ်မပေးနိုင်ပေမဲ့ မိမိပေးလိုက်တဲ့ အဆောင်ယတြာတွေကြောင့် အခက်အခဲတွေပြေပျောက်သွားသည်အတွက် ဝမ်းသာရသည်သာ။
ကျွန်တော်အနေနဲ့ကလဲ နယ်မြို့လေးမှာနေသူပြီပြီ ဆိုင်ခန်းကြီးကြီးနဲ့ဟောခန်းဖွင့်ထားသူမဟုတ်ပါဘူး။ ဆိုင်းဘုတ်ကြီးကြီးထောင်ထားသူလဲမဟုတ်ပါဘူး။ မိမိအိမ်ကိုလာမေးသူသာ ဟောပေးလိုက်သည်သာ။ တဆင့်စကား တဆင့်နားကြားလို့ လာမေးကြပေမဲ့ ကိုယ်ဆီလာသူတွေက လက်လုပ်လက်စားတွေပင်များသည်သာ။
ငွေကြေးပြတ်လပ်နေပြီ ၊ငွေမဝင်ဘူးဆိုရင် ၊
ရှိတဲ့ငွေတွေလဲမမြဲဘူးဆိုရင် ပထမဆုံးစဉ်းစားရမှာ
ငွေတော့ဝင်ချင်တယ်....အလုပ်ရောလက်ကြောတင်းအောင်လုပ်ရဲ့လား....?
မိဘဆီကနေ ပိုက်ဆံချေးပြီးပြန်မဆပ်သူလား...?
မိဘကို မလုပ်ကျွေးတဲ့အပြင်ဒုက္ခပေးနေသူလား...?
လာဘ်ဦးလာဘ်ဖျားပိုက်ဆံကိုကုသိုလ်အတွက်
အရင္ဆံုးမသံုးတဲ့သူလား...?
(အချို့တွေရှိကြပါတယ်။ လုပ်အားခလေးရလာပြီဆိုရင် အရင်ဦးဆုံး မီးဖိုချောင်သုံးပစ္စည်းအရင်ဝယ်တာ ၊အိမ်အသုံးအဆောင်ဝယ်တာ ၊ရလာတဲ့ငွေကို အရက်၊ကွမ်း၊ဆေးလိပ်အရင်ဝယ်သောက်တာမျိုးမလုပ်သင့်ဘူးဗျ။ ဘာသာရေးအတွက်အရင်ဆုံးစတိဖြစ်ဖြစ်သုံးသင့်တယ်။ဘုရားပန်းဝယ်တာ ၊ဘုရားပူဇော်ဖို့ အမွှေးတိုင်းဖယောင်းတိုင်ဝယ်တာ၊အလှူ ခံထဲထည့်ဝင်လှူဒါန်းတာတွေအတွက်အရင်သုံးသင့်တယ်။ အဲလိုမှမဟုတ်ရင် တစ်ရာလောက်ပဲဖြစ်ဖြစ် ကုသိုလ်ဖို့ ရည်ရွယ်ပြီးဖယ်ထား ကျန်တာကြိုက်ရာသုံးပေါ့။
ဒါမှလဲလာဘ်လာဘတွေဆက်တိုက်ဝင်မယ် ငွေမြဲပါတယ်။ မယုံရင်စမ်းပြီးစလုပ်ကြည့်ပါ)
မနက်မိုးလင်းတာနဲ့ မျက်နှာမသစ်ဘဲ မီးဖိုထဲ (သို့)အိမ်သာထဲအရင်စဝင်သူလား...?
စားပြီးသား စားကြွင်းစားကျန်အိုးခွက်ပန်းကန်တွေကို ချက်ချင်းမဆေးဘဲ မနက်ကျမှစုပြီးဆေးတဲ့သူလား....?
မနက်စောစော မင်္ဂလာယူချိန်မှာ လင်မယားအချင်းချင်းမိသားစုဝင်အချင်းချင်း စကားများပြီး အမြဲရန်ဖြစ်တတ်သူလား..?
အိမ်ထောင်ဦးစီးအမျိုးသားရဲ့ အဝတ်အစားအသုံးအဆောင်တွေကို ဟောင်းသွားပြီဆိုပြီး လက်သုတ် ၊ကြမ်းတိုက် ၊ဖုန်သုတ် လုပ်မိနေလား....?
စတဲ့အချက်တွေကို လုပ်မိနေရင်တော့ ဘယ်လောက်ပဲ ငွေဝင်အောင် လာဘ်ပွင့်အောင်လုပ်လုပ်မရပါဘူး။ အဲဒီအချက်တွေအရင်ရှောင်ပြီးပြီဆိုရင်တော့အဆောင်အကြောင်းပြောပါ့မယ်။
တားရော့ထုပ်မေဂျာ ၂၂ကဒ်ထဲက ဒုတိယကဒ်ဖြစ်တဲ့ THE HIGH PRIESTESS ကဒ်လေးကို ဆောင်ထားရမှာပါ။မြန်မာလိုတော့ မယ်တော်ကြီးကဒ်လို့ဘာသာပြန်ကြပါတယ်။
တားရော့ကျမ်းတွေမှာတော့ ပီယဓာတ်၊မေတ္တာဓာတ်ကိုပေးတယ်လို့ဆိုတယ်။ ငွေကြေးလာဘ်လာဘရွှင်စေပါတယ်။ ပိုက်ဆံအိတ် ၊လက်ပွေ့အိတ်ထဲဆောင်မယ်ဆို မူရင်းကဒ်sizeလောက်ကိုပဲမိတ္တူကူးကဒ်လောင်းပြီးဆောင်ထားပါ။ ဆိုင်တွေ မိမိအလုပ်ရုံ အိမ်တွေမှာချိတ်ဆွဲမယ်ဆိုရင်တော့ A4sizeလောက်ချဲ့ပြီး ကူးလိုက်ပါ။ ကဒ်လောင်းပြီး ဆိုင်တစ်နေရာမှာ ကြိုးလေးနဲ့ချိတ်ဆွဲထားလိုက်ပါ။ ဒါမှမဟုတ်နံရံမှာ Wall Sheetအနေနဲ့ကပ်ထားလဲရပါတယ်။ မိမိက တတ်နိုင်လို့ Vinylထုတ်ပြီး ဆိုင်မှာကပ်ထားရင်လဲရပါတယ်။
ဒီကဒ်လေးဟာ ငွေဝင်လာဖို့တွန်းအားတွေအများကြီး ပေးတဲ့ကဒ်ပါပဲ။ ငွေကြေးကံအထူးကောင်းလာမှာပါ။ အဆောင်ဆိုတာ သူ့ဆီမှာမမြင်ရတဲ့စွမ်းအားတွေရှိပြီးသားပါ။ အဆောင်လဲဆောင်ထား ၊မိမိလဲကံဉာဏ်ဝီရိယတွေနဲ့ ကြိုးစားမယ်ဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ။ အဆောင်တော့ ဆောင်ပါရဲ့ ..ဘာမှမလုပ်ဘဲ အိပ်နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ဒီကဒ်လေးဟာ ဂဏန်းအရ ၂ဂဏန်းပေါ့။ တနင်္လာဂြိုဟ် ပိုင်စိုးတယ်။ ကောင်းကင်က လမင်းစိုးမိုးတယ်။ အေးမြတဲ့မေတ္တာကို
ကိုယ်စားပြုတယ်။
ဒါကြောင့်ဒီကဒ်ကိုဆောင်မယ်ဆိုရင် မနက်စောစောနဲ့ ညအချိန်တွေမှာ ၃၁ဘုံသတ္တဝါတွေကိုမေတ္တာပို့အမျှဝေပေးရပါတယ်။ မေတ္တာပို့လေလေ ကဒ်ကသိဒ္ဓိတင်ပြီးသားဖြစ်သလို အစွမ်းလဲပိုထက်လာမှာပါ။
ဒေါသအလွန်ကြီးသူ ...
ဣႆ ၊မစၧရိယ ႀကီးမားသူ ....
ဘာပြောပြော ဘာလုပ်လုပ်အဆဲလေးနဲ့ပြောတတ်လုပ်တတ်သူ...
ကိုယ်ချင်းစာစိတ်နည်းပါးသူ ......တွေဆောင်ရင် သိပ်ပြီးမထူးခြားပါဘူးဗျ။
အထက်ပါအချက်တွေကလွတ်ကင်းသူတွေအတွက်ဘဝတစ်လျှောက်လုံးဆောင်လို့ရမဲ့အဆောင်ကောင်းလေးဖြစ်လာပါလိမ့်မယ်ဗျ။
ကိုယ်တွေ့အဆောင်ယတြာတွေကိုပဲ အကျိုးထူးလို့ ပေးနေရခြင်းပါ။ သူများတွေလို လက်ဆင့်ကမ်းတဲ့ယတြာတွေမဟုတ်ပါဘူး။
ကိုယ်တိုင်ဆောင်ကြည့်တယ်။ဘေးထွက် ဆိုးကျိုးရှိလဲကိုယ်ပဲခံမယ်ဆိုတဲ့စိတ်နဲ့လုပ်ကြည့်တယ်။ အဆင်ပြေပြီးဆိုမှ နီးစပ်သူလက်ဆင့်ကမ်းပါတယ်။ အဲဒီကထူးခြားပြီးဆိုမှပဲ အခုလိုလူသိရှင်ကြားပြောပြတာပါ။ ဖြစ်နိုင်သည်များကိုသာပေးလေ့ရှိပါတယ်။ တားရော့ စသင်ကတည်းက ကဒ်၂က ငွေရွှင်တဲ့အဆောင်မှန်းသိပါတယ်။ နှစ်ကြာလာမှ ကဒ်ဆောင်ထားသူတွေရဲ့ ဆောင်ရန်ရှောင်ရန်တွေပါရိပ်မိလာခဲ့တာပါ။
THE HIGH PRIESTESS ကဒ်လေးကိုဆောင်ထားပြီး ၇ရက်သားသမီးအပေါင်း လာဘ်ရွှင် ငွေရွှင်ပြီး စီးပွားရေးတွေ ဒီရေအလားတိုးတတ်ကြပါစေဗျ....။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...