Skip to main content

မိဘနှင့်သားသမီး



သားသမီးတွေထဲမှာ မိဘစကားကိုမြေဝယ်မကျနားထောင်တာ လူကြီးပြောစကားကို နာခံတာ မိဘတွေကိုမလွန်ဆန်တဲ့သားသမီးတွေရှိကြသလို
အချို့သားသမီးတွေကြတော့လဲ
မိဘ ဘာပြောပြောကိုယ်ထင်ရာကိုယ်လုပ်ကြပါတယ်။ မိဘရှေ့မှာပြန်မပြောပေမယ့် နောက်ကွယ်မှာမိဘစကားနားမထောင်တဲ့ ပြန်မပြောနားမထောင်ကြတဲ့သားသမီးတွေလဲ ရှိကြပါတယ်။
မိဘစကားနားမထောင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်တဲ့နေရာမှာ မိမိလုပ်လိုက်တဲ့ကိစ္စကလမ်းမှန်ရောက်သွားရင်တော့ ကိစ္စမရှိဘူးပေါ့။
မိမိအတွေးအခေါ် အသိဉာဏ်နုနယ်သေးတဲ့အရွယ်မှာ ကိုယ်ထင်ရာကိုယ်လုပ်မယ်ဆိုရင် လမ်းမှန်ထက် လမ်းမှားရောက်ဖို့သာ ရှိပါတော့တယ်။
အချို့မိဘတွေရဲ့ အတ္တမာနတွေနဲ့ ပုံသွင်းမှုတွေကြောင့် သားသမီးတွေရဲ့ ရည်ရွယ်ချက်ပျောက်ဆုံးကုန်တာမျိုးလဲရှိတတ်ပါတယ်။
ကျွန်တော်တို့ဗေဒင်ပညာရပ်မှာဆန်းဗေဒင်ဆိုတာရှိပါတယ်။
ဆန်းဗေဒင်ပညာရပ် မှာကလည်း -
(၁) အမည်တွေကို စင်ကြယ်အောင် ခွဲခြားစိတ်ဖြာ ဟောပြောပေးနိုင်တဲ့ နာမက္ခရဆန်း၊
(၂) ဗျည်းတွေကို စင်ကြယ်အောင် ခွဲခြားစိတ်ဖြာ ဟောပြောပေးနိုင်တဲ့ ဗျ ဉ္စနသုဒ္ဓိဆန်းရယ်၊
(၃) ဂဏန်းတွေကို စင်ကြယ်အောင် ခွဲခြားစိတ်ဖြာ ဟောပြောပေးနိုင်တဲ့ ဂဏသုဒ္ဓိဝိမလဆန်း ဆိုပြီး သုံးမျိုးရှိပြီး အလွန်ကျယ်ပြန့်နက်နဲလှပါတယ်။
အခုတင်ပြပေးချင်တာက အမည်တွေကို စင်ကြယ်အောင် ခွဲခြားစိတ်ဖြာ ဟောပြောပေးနိုင်တဲ့နာမက္ခရဆန်းထဲက
လူကြီးမိဘတွေရဲ့ ပြောစကား၊ဆိုစကားတွေကို နားမထောင်ဘဲ မနာခံတတ်တဲ့အမည်တွေအကြောင်းနဲ့ လူကြီးမိဘတွေရဲ့ပြောစကားကိုနားထောင် ၊နာခံတတ်တဲ့အမည်တွေအကြောင်းပဲ
ဖြစ်ပါတယ်။
ပါဠိလိုခေါ်တော့ ဝုဒ္ဓိလို့ဆိုထားပါတယ်။။ အစဉ်လိုက် ဖြစ်တဲ့သဘောပါ။ ဘယ်လိုအစဉ်လိုက် ဖြစ်ရတာလဲဆိုတော့ -
မိမိမှည့်ထားတဲ့အမည်ရဲ့ အစ, စာလုံးရယ်၊ အဆုံးစာလုံးရယ်ကို ယူရပါ တယ်။အလယ်က စာလုံးတွေကိုတော့ ပယ်လိုက်ရပါတယ်။ ဥပမာပြောရရင် " ငြိမ်းအေးလူ" ဆိုပါတော့ ငြိမ်းရယ် လူ ရယ်ကို ယူရပြီးတော့ အေးကို ပယ်ရပါမည်။
အစ,စာလုံးနံကို ရေးရပါမယ်။
ငြိမ်း ကတနင်္လာနံပါ။ ဂဏန်းအရဆိုရင်တော့ (၂)ကိုယူပြီး ရေးပါ။
ပြီးရင် အစဉ်လိုက်သုံးလုံးဆက်ရေးပါ။
ဒီတော့ "၂" ၃ ၄ ၅
ပြီးရင် အရှေ့ကနေ အစဉ်လိုက် သုံးလုံး
ဆက်ရေးလိုက်ပါ။
၆ ၇ ၁ "၂" ၃ ၄ ၅
အထက်ပါအတိုင်း ရပါလိမ့်မယ်။ ဒါဆိုရင် ဟောလို့ရပါပြီ။
အမည်အစ စာလုံးကနေ အရှေ့ဘက်ကိုအမည်မှည့်ပေးရင် လူကြီးမိဘတွေရဲ့ ပြောစကားကို နားထောင်တဲ့သူ၊ လိမ္မာယဉ်ကျေးစွာ နေထိုင်တတ်
တဲ့သူ၊ ဘာသာတရားနဲ့ နေထိုင်တတ်တဲ့သူမျိုး ဖြစ်ပါလိမ့်မယ်။
ငြိမ်းက ၂ဖြစ်ပြီး ၊လူက ဗုဒ္ဓဟူးနံ ၄ဖြစ်တဲ့အတွက် ရှေမှာရှိပြီးဝုဒ္ဓိမှန်တဲ့သူ ၊မိဘစကားနားထောင်သူထဲမှာပါတယ်ပေါ့ ။
အဲဒီလိုမဟုတ်ဘဲ အမည်အစ,စာလုံးကနေ အနောက်ဘက်ကိုပြန်ပြီး အမည်မှည့်ပေးရင် လူကြီး မိဘတွေရဲ့ ပြောစကားကို နားမထောင်တဲ့သူ၊ ဆိုဆုံးမလို့ မနာခံတတ်တဲ့သူ၊ လူကြီးတွေကို ဆန့်ကျင်
ပြီး ကိုယ်လုပ်ချင်ရာကို ဇွတ်လုပ်တတ်တဲ့သူမျိုး ဖြစ်ပါလိမ့်မယ်။
ဥပမာ ကျော်မင်းထွန်း ဆိုရင်
ကျော်က ၂ ၊ ထွန်းက ၇ ဖြစ်တဲ့အတွက် ဝုဒ္ဓိပြန်တယ်၊ အစဉ်လိုက်မဟုတ်ဘဲ အနောက်ကိုပြန်တဲ့နာမည်ပေါ့ဗျ။
နားလည်အောင်အသေးစိပ်ရေးပြရရင်
တနင်္ဂနွေနံနဲ့ စမှည့်ထားပြီး -
တနင်္ဂနွေနံ + တနင်္လာနံ တနင်္ဂနွေနံ + အင်္ဂါ
တနင်္ဂနွေနံ + ဗုဒ္ဓဟူးနံ တွေနဲ့အဆုံးသတ်မှည့်ထားရင်
တနင်္လာနံ နဲ့ စမှည့်ထားပြီး -
တနင်္လာနံ + အင်္ဂါနံ တနင်္လာနံ + ဗုဒ္ဓဟူးနံ
တနင်္လာနံ + ကြာသပတေးနံ တွေနဲ့ အဆုံးသတ်မှည့်ထားရင်
အင်္ဂါနံနဲ့ စမှည့်ထားပြီး -
အင်္ဂါနံ + ဗုဒ္ဓဟူးနံ
အင်္ဂါနံ + ကြာသပတေးနံ အင်္ဂါနံ + သောကြာနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
ဗုဒ္ဓဟူးနံ နဲ့ စမှည့်ထားပြီး -
ဗုဒ္ဓဟူးနံ + ကြာသပတေးနံ ဗုဒ္ဓဟူးနံ + သောကြာနံ
ဗုဒ္ဓဟူးနံ + စနေနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
ကြာသပတေးနံ နဲ့ စမှည့်ထားပြီး -
ကြာသပတေးနံ + သောကြာနံ ကြာသပတေးနံ + စနေနံ
ကြာသပတေးနံ + တနင်္ဂနွေနံ တွေနဲ့ အဆုံးသတ်မှည့်ထားရင်
သောကြာနံ နဲ့ စမှည့်ထားပြီး -
သောကြာနံ + စနေနံ သောကြာနံ + တနင်္ဂနွေနံ
သောကြာနံ + တနင်္လာနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
စနေနံနံ နဲ့ စမှည့်ထားပြီး -
စနေနံ + တနင်္ဂနွေနံ စနေနံ + တနင်္လာနံ
စနေနံ + အင်္ဂါနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
လူကြီးမိဘပြောစကားကို နားထောင် လိုက်
နာမယ့်သူ၊ မိမိကိုယ်ကို ကောင်းအောင်ထိန်းသိမ်း
ပြုပြင်နေထိုင်မယ့်သူပါ။
အဲဒီလိုမဟုတ္ဘဲ................။
တနင်္ဂနွေနံနဲ့ စမှည့်ထားပြီး -
တနင်္ဂနွေနံ + ကြာသပတေးနံ တနင်္ဂနွေနံ + သောကြာနံ
တနင်္ဂနွေနံ + စနေနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
တနင်္လာနံနဲ့ စမှည့်ထားပြီး-
တနင်္လာနံ + သောကြာနံ တနင်္လာနံ + စနေနံ
တနင်္လာနံ + တနင်္ဂနွေနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
အင်္ဂါနံ နဲ့ စမှည့်ထားပြီး-
အင်္ဂါနံ + စနေနံ အင်္ဂါနံ + တနင်္ဂနွေနံ
အင်္ဂါနံ + တနင်္လာနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
ဗုဒ္ဓဟူးနံ နဲ့ စမှည့်ထားပြီး-
ဗုဒ္ဓဟူးနံ + တနင်္ဂနွေနံ ဗုဒ္ဓဟူးနံ + တနင်္လာနံ
ဗုဒ္ဓဟူးနံ + အင်္ဂါနံ တွေနဲ့အဆုံးသတ်မှည့်ထားရင်
ကြာသပတေးနံ နဲ့ စမှည့်ထားပြီး-
ကြာသပတေးနံ + တနင်္လာနံ ကြာသပတေးနံ + အင်္ဂါနံ
ကြာသပတေးနံ + ဗုဒ္ဓဟူးနံ တွေနဲ့ အဆုံးသတ်မှည့်ထားရင်
သောကြာနံနဲ့ စမှည့်ထားပြီး-
သောကြာနံ + အင်္ဂါနံ သောကြာနံ + ဗုဒ္ဓဟူးနံ
သောကြာနံ + ကြာသပတေးနံ တွေနဲ့ အဆုံးသတ်မှည့်ထားရင်
စနေနံနဲ့ စမှည့်ထားပြီး-
စနေနံ + ဗုဒ္ဓဟူးနံ စနေနံ + ကြာသပတေးနံ
စနေနံ + သောကြာနံ တွေနဲ့
အဆုံးသတ်မှည့်ထားရင်
ပြောစကားနားမထောင်၊ ကိုယ်ထင်ရာ ကိုယ်
လုပ်မယ့်သူပါ။မိမိလုပ်တာ မှန်တယ်ထင်ရင်
ဘယ်သူ့စကားမှနားမဝင်တဲ့သူပါ။
x x x x x x x x x x
အဲဒီလိုမဟုတ်ဘဲ ...နာမည်ရဲ့အရှေ့စာလုံး(အရင်းစာလုံး)နဲ့
အနောက် (အဖျား)စာလုံးဟာ နံတူဖြစ်တယ်ဆိုရင်တော့ အောက်ပါအတိုင်းဖြစ်တတ်ပါတယ်။
တနင်္ဂနွေနံနဲ့ စမှည့်ထားပြီး-
တနင်္ဂနွေနံ နဲ့အဆုံးသတ်မှည့်
ထားရင်
ပြန်မပြောနားမထောင်၊ တစ်ဇွတ်
ထိုးသမား၊ သူသိ သူတတ်သမားပါ။
တနင်္လာနံနဲ့ စမှည့်ထားပြီး-
တနင်္လာနံ နဲ့အဆုံးသတ် မှည့်ထားရင်
ပြန်မပြောနားမထောင်၊ စိတ်ကူး ယဉ်သမား၊
အတွေးသမားပါ။
အင်္ဂါနံနဲ့ စမှည့်ထားပြီး-
အင်္ဂါနံနဲ့အဆုံးသတ် မှည့်ထားရင်
ပြန်မပြောနားမထောင်၊ စိတ်မြန်လက်မြန်
လုပ်တတ်တဲ့ ဒေါသသမားပါ။
ဗုဒ္ဓဟူးနံနဲ့ စမှည့်ထားပြီး-
ဗုဒ္ဓဟူးနံ နဲ့အဆုံးသတ်မှည့်ထားရင်
ပြန်မပြောနားမထောင်၊ အရမ်းစိတ်လှုပ်ရှား
လွယ်ပြီး ရှူးရှူးဒိုင်းဒိုင်းသမားပါ။
ကြာသပတေးနံနဲ့ စမှည့်ထားပြီး- ကြာသပတေးနံနဲ့ အဆုံးသတ် မှည့်ထားရင်
ပြန်မပြောနားမထောင်၊ မာန်မာနထားတတ်
သူ၊ ဘဝင်မြင့်တတ်သူပါ။
သောကြာနံနဲ့ စမှည့်ထားပြီး-
သောကြာနံနဲ့အဆုံးသတ် မှည့်ထားရင်
ပြန်မပြော နားမထောင်၊ အပျော်အပါး လုပ်
တတ်သူ၊ လောင်းကစား လုပ်တတ်သူပါ။
စနေနံနဲ့ စမှည့်ထားပြီး-
စနေနံ နဲ့အဆုံးသတ် မှည့်ထားရင်
ပြန်မပြောနားမထောင်၊ မြုံစိစိနဲ့ ပေတေ
တေ ကတ်တတ်တတ်သမားပါ။
ကဲ ...ဒါဆိုရင် ကိုယ့်သားသမီးဟာ လူကြီး
မိဘတွေရဲ့ ပြောစကားဆိုစကားတွေကို နားထောင်တဲ့အမည်မျိုး ဟုတ်မဟုတ် သင်သိ
ေလာက္ပါၿပီ။
ဆန်းစစ်နိုင်ဖို့ လေ့လာဖို့ ယေဘုယျသဘောတရားတွေတင်ပြလိုက်ရပါတယ်ဗျ။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...