Skip to main content

လမြတ်ကဆုန်



ကဆုန္လ.......
ကစ္ဆိန္န = ကင်းပြတ်ခြင်း။ မမြဲခြင်း အဓိပ္ပါယ်။
ဒါကြောင့်ပင် ဒီလကို ကဆုန်လ လို့ခေါ်တယ်။
မြေဓာတ်မှာ ရေးခန်းပြီး ရေပြတ်တဲ့လ၊
ရွက်ဟောင်းတွေဟာရိုးတံကနေ ကင်းပြတ်ကြပြီးရွက်နုတွေဝေတဲ့လ၊
အအေးဓာတ်တွေခမ်းခြောက် တဲ့လ။
" အနိစ္စာ ဝတ သင်္ခါရာ ၊ဆိုတဲ့မြတ်ဗုဒ္ဓဟောကြားတဲ့ အနိစ္စတရားတွေကို
ထင်ထင်ရှားရှားမြင်တွေရတဲ့လ။ "
" ဥပ္ပါဒ ဝယ ဓမ္မိနော၊ဆိုတဲ့ မြတ်ဘုရားဟောတဲ့ ဖြစ်ခြင်း နဲ့ ပျက်ခြင်း
ပက်ပင်းတွေ့နိုင်တဲ့လ။ "
အနိစ္စဆိုတဲ့ မမြဲတဲ့တရား။ ဥပ္ပါဒဆိုတဲ့ ဖြစ်တတ်တဲ့တရား။ဝယဆိုတဲ့ ပျက်တတ်တဲ့တရား။
ဒီလိုအမှန်တရားတွေကို မျက်ဝါးထင်ထင်သိမြင်နိုင်ဖို့
ဘုရားရှင်တိုင်း ဘုရားရှင်တိုင်းဟာ
" ကဆုန်လရဲ့ အလယ်ရှိ လပြည့်ဆိုတဲ့နေ့မှာပဲ၊
၁။ နိယတဗျာဒိတ်ခံယူတော်မူကြ၊
၂။ ဖွားမြင်တော်မူကြ၊
၃။ဘုရားဖြစ်တော်မူကြ၊
၄။ ပရိနိဗ္ဗာန်ဝင်စံတော်မူကြသတဲ့။
မြတ်ဗုဒ္ဓရဲ့ ဗောဓိပင်ကို ညောင်ရေလောင်း စုပေါင်းကုသိုလ်ယူကြတာလည်း ဒီလနဲ့ ဒီရက်ပါပဲ။
" ဗျာဒိတ်တော်ကြား၊ လောင်းတော်ဖွား၍၊
ဘုရားဖြစ်တုံ ၊ နိဗ္ဗာန်လှုံ၊
ကဆုန်ညောင်ရေသွင်း ။ " ဆိုတဲ့ ကဆုန်လပြည့်နေ့ဟာ
လွတ်မြောက်ခြင်းကိုရှာဖွေသူတို့ရဲ့အမှတ် သင်္ကေတ ထူးမြတ်တဲ့ သမယမို့ ဒီနေ့ဒီရက်ကို သင်္ခါရသဘောလေးတွေဆင်ခြင်သင့်ပါသည်။
ကဆုန်လပြည့်နေနှင့်တိုက်ဆိုင်စွာပင် ဒီPageလေးက ၂နှစ်တင်းတင်းပြည့်လေပြီ။
ဒီ၂နှစ်အတွင်း မိမိတတ်သိထားတဲ့ ပညာနဲ့ ၇ရက်သားသမီးတွေကို ကူညီနိုင်သ၍ကူညီပေးခဲ့သည်။ အခုလဲ page ၂နှစ်ပြည့်လဲဖြစ် ကဆုန်လပြည့်လဲဖြစ်တာကြောင့် ၇ရက်သားသမီးများအား ဒီတစ်နှစ်အတွင်း ပြုလုပ်လို့ရမဲ့ စီရင်လို့ရမဲ့ ဗုဒ္ဓယတြာလေးတစ်ခုပေးချင်ပါတယ်။ ဒီတစ်နှစ်ဆိုတာက မြန်မာနှစ် ၁၃၇၉ခုနှစ်အတွင်း ကို ဆိုလိုတာပါ။
ဘယ်နေ့သားသမီးပဲ ဖြစ်ဖြစ်
ဘယ်အသက်အရွယ်ပဲရောက်နေရောက်နေ အောက်ပါ အလှူဒါနလေးကို ကြာသပတေးနေ့တွေ့မှာ လုပ်ပေးရမှာပါ။
ကြာသပတေးနေ့နံနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်းမှာ ကြွေပန်းကန်ပြားတစ်ချပ်ထဲ ပေါင်မုန့် ငါးချပ်ဖြန့်ခင်းလိုက်ပါ။ ထိုပေါင်မုန့် ၅ချပ်ပေါ် သကြားသင့်တော်ရုံ ဖြူ းလိုက်ပါ။ ထိုနောက် ပွင့်တော်မူပြီးသော ကြာသပတေးနေ့ဖွား ဘုရားရှင်တွေကို ရည်မှန်းပြီးကပ်လှူပါ။ ကပ်လှူပြီးလို့ ဘုရားရှိခိုး ဂုဏ်တော်ပွားပြီးတာနဲ့ ကြာသပတေးဂြိုဟ်မင်းနှင့်တကွ ကြာသပတေးသားသမီးအပေါင်းကို မေတ္တာပို့ ၊အမျှဝေပါ။ ဒါလေးလုပ်ရုံပါပဲ။
ကြာသပတေးနေ့ အလုပ်မအားလပ်သူများ တနင်္ဂနွေနေ့ နံနက် ၆နာရီကနေ ၇နာရီခွဲအတွင်း ပြုလုပ်နိုင်ပါတယ်။
အပတ်စဉ် လုပ်ရမယ်လို့ မဆိုလိုပါ။ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ တစ်လမှာ ကြာသပတေး လေးရက် ရှိတာပဲလေ။ တစ်လကို နှစ်ကြိမ်လောက်တော့ လုပ်နိုင်အောင်ကြိုးစားပေါ့။ ဒီ၁၃၇၉ ခုနှစ်အတွင်း ဒီယတြာလေးကို လုပ်ပေးခြင်းဖြင့် ကံတွေအဘက်ဘက်ကမြင့်မားလာပါလိမ့်မယ်။
ဒီနှစ်မှာ ၁၀၀%ဆိုးအား ရှိနေသူဟာ ဒီယတြာ ကို လုပ်ပေးခြင်းဖြင့် ၆၀%ပဲ ဆိုးအားရှိပါတော့မယ်။
၅၀%ဆိုးအား ရှိနေသူဟာ ဒီယတြာကို လုပ်ပေးခြင်းဖြင့် ၁၀%ပဲဆိုးအားရှိတော့မှာပါ။
၆၀%ကံကောင်းအား ရှိနေသူဟာ ဒီတစ်နှစ် ဒီယတြာကို လုပ်ပေးခြင်းဖြင့် ၁၀၀%ကံမြင့်မားလာပါလိမ့်
မယ်။
၇ရက်သားသမီးအပေါင်း မြတ်စွာဘုရားအား ခဲဖွယ် ဘောဇဉ်တွေကို ကပ်လှူပူဇော်ခြင်းဖြင့် ကံတွေမြင့်သထက်မြင့်ပြီး လိုအင်ဆန္ဒတွေပြည့်နိုင်ကြပါစေ။
🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂
ဒီနေ့ကဆုန်လပြည့်နေ့ဖြစ်တာနဲ့အညီ ပညာဒါနဟောပေးဖို့အစီအစဉ်လဲ ရှိပါတယ်။ ဒါကြောင့် ပထမဆုံး comment ပေးတဲ့ ငါးဦးကို အခမဲ့ ဗေဒင် ဟောပေးမှာပါ။ ဒါကြောင့် ပထမဆုံး comment
၅ဦးအနေနဲ့က နာမည် မွေးသက္ကရာဇ်တွေပို့ထားပါ။
cbကနေတဆင့် ပြန်ဆက်သွယ်ဟောပေးပါ့မယ်။ ဟောစတမ်းဟောပေးမှာတော့မဟုတ်ဘူး။ မိမိသိချင်တဲ့ကိစ္စ၊ မိမိဖြစ်နေတဲ့ အခက်အခဲတွေကို ဖွင့်ဟတိုင်ပင်ပြီး လိုအပ်သောအကြံဉာဏ်ပေးမှာပါ။ (မိမိနဲ့ အပြင်မှာအမြဲတွေ့ကျွန်တော့်မိတ်ဆွေတွေကိုတော့ ဒီကနေဟောပေးမှာမဟုတ်ပါဘူးဗျ)
နောက်ပြီး ပထမဆုံး comment ပေးတဲ့ အယောက် ၂၀ထဲက ငါးယောက်ကိုလဲ telenor ဖုန်းဘေ ငါးထောင်ကဒ်ကို မဲနှိုက်ရွေးချယ်ပြီး ဖုန်းဘေဖြည့်ပေးပါ့မယ်ဗျ။ see firstလုပ်ထားသူတွေကတော့ အဆင်ပြေကြမှာပါ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...