တပေါင်းလ...။ ရွက်ဟောင်းတွေကြွေ ရွက်သစ်တွေဝေပြီ။ ခြံရှေ့ ကြွေလွင့်နေတဲ့ ရွက်ခြောက်တွေကိုတံမြက်စည်းနဲ့ ညင်ညင်သာသာ လှည်းကျင်းနေမိသည်။ နံနက်စောစောဖြစ်တာကြောင့် လမ်းတစ်လျှောက်လူရှင်းနေသည်။ နံနက်ခင်းလေနုအေးနဲ့အတူ ကံ့ကော်ပန်းရနံ့တွေရမိသည်။
"သြော် နွေဦးကံ့ကော်တွေတောင် ပွင့်နေပါလား"
ဟုစိတ်ထဲပြောနေမိသည်။
"ဆရာလေး ...ဘာတွေစဉ်းစားနေတာတုန်း "
တစ်လမ်းထဲနေတဲ့ ကိုကျော်ဆန်းရဲ့အမေးစကား..။
"စဉ်းစားနေတာမဟုတ်ပါဘူးဗျာ...ကံ့ကော်ပန်းရနံ့လေးရလို့ ရှူရှိုက်နေတာပါ"
"ဟုတ်တယ်ဆရာလေး ...ရှေ့လမ်းဆုံက ကံ့ကော်ပင်ကြီး ပွင့်နေတာလေ...ဆရာလေး တံမြက်စည်းလှည်းလို့ ပြီးပြီမဟုတ်လား ...ကော်ဖီဆိုင်သွားရအောင်လေ.."
"ဟုတ်ပါပြီဗျ..ခဏလေးစောင့်"
တံမြက်စည်းကို ခြံထဲထည့်လက်ဆေးပြီး ထွက်လာခဲ့သည်။
"ဆရာလေးရဲ့ကျေးဇူးတွေကတော့ ကျွန်တော့်အပေါ်များနေပြီဗျ..ဟိုနေကတောင် ဦးဂျမ်းတစ်ထည်လာကန်တော့ သေးတယ်..ဆရာလေးရန်ကုန်သွားတယ်ဆိုလို့ ပေးထားခဲ့တာ"
"ရတယ်ဗျ အဲဒီပုဆိုးလေး ...အကွက်လေးလဲလှတယ်''
စကားတပြောပြောနဲ့လမ်းလျှောက်လာလိုက်တာ
ကော်ဖီဆိုင်ကိုတောင်ရောက်လာခဲ့လေပြီ…။သောက်နေကျ အတိုင်း ပေါ့ဆိမ့်တစ်ခွက်နှင့် တိုရှည်တစ်ပွဲမှာလိုက်သည်။ ကိုကျော်ဆန်းက နန်းကြီးသုပ်မှာစားသည်။
"ဘယ်လိုလဲ ကိုကျော်ဆန်း..အစစအရာရာအဆင်ပြေရဲ့လား..."
"အဲဒါပဲပြောမလို့ ဆရာရေ...ဆရာလေးခိုင်းတာလုပ်ပြီးကတည်းက အလုပ်တွေကောင်း၊ငွေရွှင်ပြီး ၊
ရစရာရှိတဲ့ အကြွေးတွေလဲ ရတယ်ဗျ"
အားရဝမ်းသာဖြင့် ကိုကျော်ဆန်းပြောရှာသည်။
"အစကတော့ သိပ်မယုံဘူးဆရာလေးရေ ...ရက်နှစ်ဆယ်ကျော်လောက်ရောက်တော့ စပြီးထူးခြားတာပါပဲ...အခုကတော့ အမြဲတမ်းလုပ်ဖြစ်တယ်"
ကိုကျော်ဆန်း လာတဲ့ နေ့ကို ပြန်အမှတ်ရမိသည်။
အုတ် သဲ ကျောက် ရောင်းဝယ်ရေးလုပ်ပြီး စီးပွားရှာသူတစ်ယောက်။ ရောင်းထားတဲ့ အုတ်သဲကျောက်ဖိုး ငွေတွေကမရ ...သားအကြီးက accidentဖြစ်ပြီး လျှောကြေးပေးရ၊ အိမ်မှာရှိတဲ့ စက်ကားတွေကပျက်နဲ့ အတော်လေး ဒုက္ခတွေများပြီး ရောက်လာခဲ့သူ။
" ကဲ ...ကိုကျော်ဆန်းရေ ...ခင်ဗျားရဲ့ ဒုက္ခတွေကလဲများတယ်ဗျ....ဒီလိုလုပ်ဗျ...
ခင်ဗျားပုတီးတော့ စိပ်ရလိမ့်မယ်..."
"စိပ်ပါ့မယ်ဆရာလေး ...နေ့တိုင်းမစိပ်ဖြစ်ပေမဲ့ တစ်ခါတစ်လေတော့ စိပ်ဖြစ်ပါတယ်.."
အဲဒါဆို "အရဟံ သိဒ္ဓိ ဘဂဝါ "လို့ ရွတ်ဆိုပြီး ပုတီးတစ်လုံးချ ဗျ။ ၁၀၈လုံးပုတီးနဲ့ တစ်နေ့ကို ကိုးပတ်စိပ်ဗျ။ စိပ်မယ်ဆိုရင်တော့ တစ်ထိုင်ထဲကိုးပတ်ရအောင်စိပ်ဗျ။ မနက် လေးပတ် စိပ်ပြီး ညငါးပတ်စိပ်မယ်ဆိုတာမျိုးတော့ မလုပ်နဲ့ပေါ့ဗျ.. စိပ်နေစဉ် အရဟံဂုဏ်တော်ရဲ့ အနက်အဓိပါ္ပယ်တွေ ဘဂဝါဂုဏ်တော်ရဲ့ အနက်အဓိပါ္ပယ်တွေကိုတော့ နှလုံးသွင်းဆင်ခြင်ပေါ့ဗျာ "
" သဘောပေါက်ပြီ...ဆရာလေး နေ့တိုင်းစိပ်မယ်ဗျ ...ဒါနဲ့ ဘာထပ်လုပ်ဖို့ လိုသေးလဲ..."
" ဒါဆိုရပြီဗျ...မြန်မြန်အကျိုးထူးစေချင်ရင်တော့ အင်္ဂါနေ့၊ သောကြာနေ့၊စနေနေ့တွေမှာ ...လမ်းဘေးခွေးတွေကို အာဟာရဒါန တစ်ခုခုကျွေးဗျ...အဆင်ပြေရာ လက်လှမ်းမီတဲ့ အစားအစာပေါ့လေ..မနက်ပိုင်းတော့ မကျွေးနဲ့ဗျ..ညနေပိုင်းပဲကျွေး ..ဒီလောက်တော့ လုပ်နိုင်မယ် ..မဟုတ်လား"
"လုပ်နိုင်ပါတယ်..ဆရာလေးရာ ဘာအပန်းကြီးတာမဟုတ်ဘူးလေ..."
"ဟုတ်ပါပြီဗျ...အခက်အခဲတွေ အဆင်ပြေပြီလို့သာ မှတ်လိုက်တော့ ကိုကျော်ဆန်းရေ...."
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဆရာလေး..ဘာတွေစဉ်းစားနေတာတုန်းဗျ..ကော်ဖီတွေအေးကုန်မယ်..သောက်ဦးလေ..."
"အေးဗျ...အတွေးလွန်သွားလို့...ကိုကျော်ဆန်းလာမေးတုန်းကအကြောင်းကို ပြန်တွေးမိနေတာ...
ထားပါတော့ ...နေပူလာအုံးမယ်..သွားကြရအောင်
..."
နွေနေ့ရဲ့ အပူကို ထီးကိုယ်စီနဲ့ ငြိမ်းအေးစေနိုင်သလို..လူတွေရဲ့ ရင်ထဲအပူကို တတ်နိုင်သ၍ငြိမ်းအေးစေနိုင်မယ်ဆိုရင်ဖြင့်...
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)
Comments
Post a Comment