Skip to main content

အသက်မွေးဝမ်းကျောင်းမှု နယ်ပယ် နှင့် အညွန့်ဂြိုဟ်



လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုကို လေ့လာသုံးသပ်ရာ၌
အညွန့်ဂြိုဟ်ကို မလွဲမသွေ ကြည့်ရှု လေ့လာသင့်သည်
အညွန့်ဂြိုဟ်ဟူသည်မှာ အဘယ်နည်း
အညွန့်ဟူသည်ကား တိုးတက်ခြင်း ၊ သစ်လွင်နုပျိုခြင်း ၊ လန်းဆန်းတက်ကြွခြင်းများ ဖြင့် အတိပြီး၏။ ရှင်သန်ခြင်း၊ ကြီးထွားလာခြင်း တို့၏ ရှေ့ပြေးနိမိတ်ပုံလည်း ဖြစ်၏ ။ အညွန့် ဂြိုဟ်ဟူသည်မှာ တိုးတက် ရှင်သန် ကြီးထွားလာစေနိုင်သော ဂြိုဟ်တည်း။
ထို့ကြောင့် လူတစ်ယောက်၏ တိုးပွားအောင် တိုးတက်အောင် ရှာဖွေလုပ်ဆောင်မှု မှန်သမျှသည် အညွှန့်ဂြိုဟ်နှင့် တိုက်ရိုက်ပတ်သက်နေပေသည်။ ပညာ နှင့် ဆိုင်သော အကျိုးစီးပွားဖြစ်စေ၊ ဥစ္စာနှင့်ဆိုင်သော အကျိုးစီးပွားဖြစ်စေ၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွား . . . မည်သည့် အကျိုးစီးပွားမျိုးဖြစ်စေ . . အညွန့်ဂြိုဟ် နှင့် ဆက်နွယ်မှု ရှိ၏ ။ သို့ဖြစ်ခြင်းကြောင့် အညွန့်ဂြိုဟ်ကို လေ့လာဆန်းစစ်ခြင်း အမှုကား အသက်မွေးဝမ်းကျောင်းမှု နယ်ပယ်၌ အဓီက ကျ၍လာလေသည်။
လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုပိုင်းဆိုင်ရာ နှင့် ၎င်းရှာဖွေသမျှ အကျိုးစီးပွားဟူသမျှတို့သည် အညွန့်ဂြိုဟ် နှင့် များစွာ ပတ်သက်မှု ရှိပေသည်။ ခုနစ်ရက်သားသမီးတို့၏ အညွန့်ဂြိုဧ် အသီးအသီးအရ အသက်မွေးဝမ်းကျောင်း နယ်ပယ်နှင့် ရှာဖွေအားထုတ်မှု ပိုင်းဆိုင်ရာ အခြေခံ သဘာဝများ ကွဲပြားသည်။
* တနင်္ဂနွေ သားသမီးတို့သည် အညွန့်ဂြိုဟ် ( တနင်္လာ) ဖြစ်၍ အနုပညာနယ်ပယ်၊ ရေ နှင့် စပ်လျဉ်းသော လုပ်ငန်းဆောင်တာများ ၊ မွေးမြူရေးနယ်ပယ်၊ ယာဉ် ၊ ကား နှင့် ပတ်သက်သော လုပ်ငန်းများ ၊ ရုပ်ရှင် ၊ ကြော်ငြာ၊ ဓာတ်ပုံ၊ ကွန်ပျူတာ လုပ်ငန်းများ ၊ တစ်ဆင့်ကြားခံ အလုပ်များ နှင့် အငှားလုပ်ငန်းအမျိုးမျိုး ၊ သင်ကြားရေး လုပ်ငန်းများ စသဖြင့် တနင်္လာဂြိုဟ်မှ အစိုးရသော လုပ်ငန်းဆောင်တာများကို အခြေခံထားသည်။
* တနင်္လာသားသမီးများအတွက် အညွန့်ဂြိုဟ်မှာ (အင်္ဂါ) ဖြစ်ခြင်းကြောင့် ၊ စက်မှုနယ်ပယ်၊ စွန့် စားလုပ်ကိုင်ရသော အလုပ်များ ၊ စစ်ဘက်၊ ဆေးဘက် နယ်ပယ် နှင့် စာအုပ်စာပေလုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ လောင်စာ နှင့် လက်နက်ရောင်းဝယ်ဖောက်ကားခြင်း နယ်ပယ်၊ စမ်းသပ်လုပ်ကိုင်ရသော အလုပ်များ နှင့် ရုပ်ပိုငးဆိုင်ရာ အသားပေးရသော အလုပ်များကို အခြေခံထားသည်။
* အင်္ဂါသားသမီးများအတွက် အညွန့်ဂြိုဟ်မှာ (ဗုဒ္ဓဟူး) နှင့် (ရာဟု) နှစ်မျိုးစလုံး အကျုံးဝင်သဖြင့် (ဗုဒ္ဓဟူး) ဂြိုဟ်မှ အစိုးရသော သတင်း နှင့် ဆက်သွယ်ရေး နယ်ပယ်၊ အတွေးအခေါ်နယ်ပယ်၊ ကုန်သွယ်မှု နယ်ပယ်၊ နှလုံးရည်ကို အားပြုရသော လုပ်ငန်းများ၊ နှုတ်မှုရေးရာ နှင့် စာရေးစာချီ အလုပ်များ ၊ လေကြောင်း နယ်ပယ် စသဖြင့် လည်းကောင်း
(ရာဟု) ဂြိုဟ်မှ အစိုးရသော မှောင်ခိုလုပ်ငန်း နှင့် တရားမဝင် နယ်ပယ် ၊ ကြုံရာကျပမ်း အလုပ်များ ၊ (၁၂) ပွဲစျေးသည် နှင့် နယ်လှည့် စီးပွားရှာဖွေရသော အလုပ်အကိုင်များ၊ အရက်သေစာ ချက်လုပ်ခြင်း၊ ရောင်းချခြင်း လုပ်ငန်းများ စသဖြင့် သဘာဝများကို အခြေခံထားသည်။
* ဗုဒ္ဓဟူးသားသမီးများမှာ အညွန့်ဂြိုဟ် (ကြာသပတေး) ဖြစ်သဖြင့် ဘာသာရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ငွေအရောင်းအဝယ်လုပ်ငန်း နှင့် အကြံဉာဏ်ပေးရသော လုပ်ငန်းများ။
* ကြာသပတေး သားသမီးများမှာ အညွန့်ဂြိုဟ် (သောကြာ) ဖြစ်၍ အလှပြုပြင်ရေးနယ်ပယ်၊ ထိမ်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ၊ ယက္ကန်းလုပ်ငန်းများ၊ သစ်သီးဝလံ နှင့် ဥယျာဉ်ခြံ လုပ်ငန်းမျးာ၊ ဟော်တယ်လုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းများ၊ ဇိမ်ခံပစ္စည်း ထုတ်လုပ်ခြင်း ရောင်းချခြင်းလုပ်ငန်းများ၊ အပျော်အပါး အမျိုးမျိုး နှင့် ပတ်သက်သော လုပ်ငန်းနယ်ပယ်များကို အခြေခံထားသည်။
* သောကြာသားသမီးများမှာ အညွန့်ဂြိုဟ် (စနေ) ဖြစ်ခြင်း ကြောင့် နိုင်ငံရေးနယ်ပယ်၊ နိုင်ငံရပ်ခြားနှင့် စပ်လျဉ်းသော နယ်ပ်ယ ၊ လောင်းကစားဆန်ဆန် လုပ်ငန်းများ၊ ကံကို အားပြုလုပ်ကိုင်ရသော အလုပ်များ၊ တရားစီရင်ရေးနယ်ပယ်၊ ဝန်ဆာင်မှုလုပ်ငန်းများ၊ လခစား အလုပ်များ ၊ အနုစိတ် လုပ်ကိုင်ရသော အလုပ်များ ၊ ရာဇဝင်နှင့် ရှေးဟောင်းနယ်ပယ် ၊ ဒဿနိကနယ်ပယ်၊ သံ၊ သံမဏိ နှင့် ပတ်သက်သော လုပ်ငန်းများ၊ အောက်ခြေ အလုပ်များ နှင့် ထီလုပ်ငန်း နယ်ပယ်တို့ကို အခြေခံထားသည်။
* စနေသားသမီးများမှာ အညွန့်ဂြိုဟ် ( တနင်္ဂနွေ) ဖြစ်၍ အုပ်ချုပ်ရေး နယ်ပယ်၊ အစိုးရလုပ်ငန်းများ၊ တီထွင်ဖန်တီးမှု နယ်ပယ်၊ ဥပဒေနယ်ပယ် ၊ ဦးစီးခေါင်းဆောင်ပြု၍ လုပ်ကိုင်ရသော အလုပ်များ၊ အလင်းရောင် နှင့် ပတ်သက်သော အပူစွမ်းအင် နှင့် ပတ်သက်သော လုပ်ငန်းများ စသဖြင့် ဆက်နွယ်၍ အသက်မွေးဝမ်းကျောင်း မှု ပြုရတတ်သည်။
လူတစ်ယောက်၏ အသက်မွေးဝမ်းကျောင်းမှုကို လေ့လာသုံးသပ်ရာ၌ အညွန့်ဂြိုဟ်ကို မလွဲမသွေ ကြည့်ရှုလေ့လာသင့်သည် ။ လူတစ်ယေက်၏ မွေးသက္ကရာဇ်အရ ဖြစ်ပေါ်လာသော မူလမဟာဘုတ်၌ သက်ဆိုင်ရာ အညွန့်ဂြိုဟ်၏ ရပ်တည်မှု အနေအထားကို ဆန်းစစ်ရမည်။
ထိုကဲ့သို့ဆန်းစစ်ရာ၌
(က) မဟာဘုတ်ဋ္ဌာနများ၏ သဘောသဘာဝများ၊
(ခ) ၎င်း ဋ္ဌာနများကို ပိုင်ဆိုင်သော (ဝါ) မဟာဘုတ် အိမ်ပိုင်ရှင်ဂြိုဟ်များ ၊
(ဂ) အမည်၏ ကာရကသဘော၊
(ဃ) အမည်အဖျားစာလုံးဂြိုဟ် ရပ်တည်မှု အနေအထားများ၊
(င) မဟာဘုတ် ပက္ခများ
(စ) အလုပ်အကိုင်ကို ကာရကပြုသော တနင်္ဂနွေဂြိုဟ် အနေအထား စသဖြင့် ခြုံငုံအကဲခပ်ပြီးမှ ဆုံးဖြတ်သင့်သည်။
ထို့အပြင် ဇာတာရှင် တစ်ဦးတစ်ယောက်၏ ဖြတ်သန်းနေဆဲ ဂြိုဟ်အိပ်၊ သက်ရောက် နှင့် အန္တရ ဒသာကာလများသည်လည်း အသက်မွေးဝမ်းကျောင်းမှု နှင့် အကျိုးစီးပွား ရှာဖွေမှု အနေအထားများကို ပြုပြင် ပြောင်းလဲခြင်း၊ လွှမ်းမိုးခြယ်လှယ်ခြင်း ပြုတတ်ကြပေသည်။
ဆရာစိုးမိုးထွန်း၏ "အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အထောက်အကူပြု ဗေဒင်ပညာ ကျမ်း" မှ ကောက်နှုတ် ဖော်ပြပါသည်။
ငြိမ်းအေးလူ ဗေဒင်သုတေသီ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...