"ဆရာ....ကျွန်တော်calling ကျပြီဗျ
"ဒီလထဲပဲ ကကြီးကို သွားရတော့မယ်
ဒီကောင်လေးက ကျွန်တော်မိတ်ဆွေရဲ့ တူလေး..
နိုင်ငံခြားသွားဖို့ စောင့်နေတာအတော်ကြာပြီ။
"ကောင်းတာပေါ့ကွာ ...စောင့်ရတဲ့ဘဝကကျွတ်သွားတာပေါ့…"
"ဆရာယတြာကို နှစ်ပတ်တိတိလုပ်ပြီး မကြာခင် အလုပ်ခေါ်စာ ကျတာပဲဆရာ...ဆရာယတြာ အတော်စွမ်းတာပဲ...."
"ယတြာက အဓိကမဟုတ်ဘူးကွ...မင်းကံကိုယ်က သွားရတော့မဲ့ အချိန်ရောက်နေတာ....ယတြာလုပ်လိုက်တော့ တွန်းအားဖြစ်ပြီး မြန်သွားယုံပါပဲ...
မှတ်ထား ငါ့တူ...လုပ်တိုင်းသာဖြစ်နေရင်အနတ္တဆိုတာ ရှိတော့မှာမဟုတ်ဘူး..."
"ဘာပဲဖြစ်ဖြစ် ဆရာ့ကို ကျေးဇူးတင်တယ်..ဉာဏ်ပူဇော်ခလဲ ဆရာကမယူဘူး...ဆိုတော့ "
"အေးလေ..မင်းမှအဆင်မပြေတာ ....နေပါစေ..မင်းဦးလေးကိုပဲ လက်ဖက်ရည်တိုက်ခိုင်းလိုက်မယ်''
"ဟိုရောက်ရင်တော့ ...ဆရာအတွက် လက်ဆောင်တစ်ခုခု ဝယ်ထည့်ပေးလိုက်ပါ့မယ်.ဆရာ..ဒါမှမဟုတ်အလည်ပြန်လာရင် ဝယ်ခဲ့မယ် "
သူစကားကြားတော့ ကိုယ်နည်းနည်းလန့်သွားသည်။
"နေပါစေကွာ...ငါက နိုင်ငံခြားပြန်တွေကို ကြောက်တဲ့ရောဂါရှိတယ်ကွ..."
"အဆန်းပါလား..ဆရာ တစ်ခါမှအဲဒီရောဂါ မကြားဘူးဖူး"
"ဒီလိုကွ.... ကျောင်းနေဘက် သူငယ်ချင်း တစ်ယောက်ရှိတယ်...တစ်ရပ်ကွက်ထဲပဲနေတာ ...တစ်လခွင့်ရလို့ လာပြန်လည်တာ... နှုတ်ဆက်ဖော်တောင်မရဘူး.. သူများတွေပြောမှ ရောက်ကြောင်းသိရတယ်... ကျွေးရမွေးရမှာ ကြောက်တယ်နဲ့ တူပါတယ်ကွာ.."
ကောင်လေးက ရယ်လေသည်။
" ပြောပါအုံးဆရာ"
"အိမ်နီးနားချင်းတွေထဲမှာလဲ နိုင်ငံခြားပြန်တွေရှိတယ်ကွ...ပြန်လာတာ ...ဘာမှဝယ်လာစရာမလိုပါဘူးကွ... စိတ်မကောင်းတာက ... လက်ဖက်ရည်လေးတစ်ခွက်တောင် ခေါ်မတိုက်တာဘဲ... နိုင်ငံခြားရောက်သွားသူတွေ လူမှုရေးခေါင်းပါးသွားတာလား...လို့ တွေးမိတယ်...သူ့တို့မရှိချိန် သူ့တို့မိဘတွေရဲ့ အရေးကိစ္စကြုံရင် ဒီအိမ်နီးနားချင်းတွေပဲ ကူညီနိုင်တယ်ဆိုတာ မတွေးမိဘူးနဲ့တူပါရဲ့..."
"ကျွန်တော်တော့ အဲလိုမဖြစ်လောက်ပါဘူး..ဆရာ "
"မင်းပြောလို့ ပြောရအုံးမယ်...တစ်လောကပဲ လုပ်ဖော်ကိုင်ဖက် ညီငယ်တစ်ယောက် ကိုရီးယားသွားတယ်ကွ...နှုတ်ဆက်ဖော်တောင်မရပါဘူးကွာ.. သူ့အမျိုးသမီး လိုင်းပေါ်တင်မှပဲ သွားမှန်းသိရတယ်... ခေါ်စာကဒီနေ့ကျပြီး မနက်ဖြန်လေယာဉ်ပေါ်တတ်ရလို့ နှုတ်မဆက်ဖြစ်တာနဲ့ တူပါရဲ့လို့ တွေးမိတာပါပဲ...
"ဟုတ်တယ်ဆရာ ...အချို့က ငွေဒဏ်မခံနိုင်ကြဘူး.. လက်ထဲမှာငွေရှိလာလေ စိတ်တွေပြောင်းသွားလေဖြစ်ကြတာ"
"ကဲ ...ဒါတွေထားတော့ .. သွားရတော့မယ်ဆိုတော့ ပြင်စရာရှိတာပြင်တော့ ...ကျန်းမာရေးလဲဂရုစိုက် ...."
"ဟုတ္ကဲ့ပါ...ဆရာ "
ကောင်လေးက လက်အုပ်ချီကန်တော့ ပြီး ထွက်သွားလေသည်...။ အတ္တနဲ့ ပရ မျှတစွာ လုပ်ဆောင်နိုင်တဲ့သူ ဖြစ်ပါစေလို့ ဆုတောင်းရင်း
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ၊၊
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)
Viber Only(09775555695)
Comments
Post a Comment