Skip to main content

" မိမိဆိုင် လူစည်ကားစေဖို့"



တစ်နေ့တွင် ကျွန်တော့်အိမ်သို့ အသားဖြူ ဖြူ ၊အရပ်မြင့်မြင့်နှင့် အသက်၃၀ ဝန်းကျင်လောက်ရှိမဲ့ အမျိုးသမီးတစ်ဦး ဗေဒင်မေးရန်ရောက်ရှိလာလေသည်။
ခေတ်ဆန်ဆန် ဝတ်စားထားပြီး မျက်နှာကိုမိတ်ကပ်ထူထူလိမ်းထားသည်။ သူ့ဆံပင်မှာ ကာလာမျိုးစုံနှင့် ခြယ်သထားသည်မှာ တစ်မျိုးတော့ကြည့်ကောင်းနေပြန်သည်။
"ဆရာ...မဂၤလာပါ"
"ေအး မဂၤလာပါ"
"ရှင်းရှင်းပဲပြောပါစေဆရာ
ညီမကိုဗေဒင်လဲမတွက်ပါနဲ့
အနာဂတ္ကံၾကမၼာလဲ မသိခ်င္ပါဘူး။
ညီမဆရာ့ဆီလာတာက ယတြာလေးတစ်ခုတောင်းချင်လို့ပါပဲ"
"သြော်....ရပါတယ်ဗျာ"
"ညီမက အခုအလှပြင်ဆိုင်ဖွင့်ထားပါတယ် ဆရာ...
ဖွင့်ထားတာတော့သိပ်မကြာသေးပါဘူး။ ဆိုင်လူအဝင်နည်းနေသေးလို့ ဆရာ ....
အဲဒါလေးကူညီပေးပါအုံး"
"သြော် ဟုတ်ပါပြီဗျ.....အခုလိုပွင့်ပွင့်လင်းလင်းပြောတော့ကောင်းတာပေါ့ဗျ
အဲဒါဆို ဒီလိုလုပ်ဗျာ ..မြေအိုးလေးတစ်လုံးလောက်ဝယ်၊အဲဒီမြေအိုးလေးကို ငွေရောင် ဆေးသုတ်လိုက်ပါ။ ပြီးရင် ကံ့ကော် ၁၅ညွှန့်ကိုအိုးထဲမှာထိုးပါ။
အိုးထဲရေလေးအနည်းငယ်ထည့်ပေးပေါ့။ဆိုင်ရဲ့ မြောက်အရပ် အမြင့်တစ်နေရာမှာတင်ထားလိုက်ပါ။
စတင်ပန်းထိုးရမဲ့နေ့ရက်အချိန်က တနင်္လာနေ့ မနက်ရးဝဝနာရီတိတိပါ။ အဲဒီမှာ တစ်လက်စထဲရှင်းပြလိုက်မယ်။ မြေအိုးကိုငွေရောင်သုတ်ဖို့အဆင်မပြေရင် ငွေရောင်ဖိုက်ဘာပန်းအိုးလေးတွေဆိုလဲရတယ်။ ငွေရောင်အိုးဆိုရပြီ။ ဆိုင်ကဘယ်အရပ်ကိုပဲမျက်နှာလှည့်ထားပါစေ....ပန်းအိုးထိုးရမှာက မြောက်အရပ်ပဲ ...ရှင်းရှင်းပြောရရင် သံလိုက်အိမ်မြောင်မှာပြတဲ့အရပ်မျက်နှာကိုဆိုလိုတာဗျ.....
"ကံ့ကော်ညွှန့် ညှိုးသွားရင်ရော...ဆရာ"
"ညှိုးသွားရင်တော့ တနင်္လာနေ့နံနက် ၇းဝဝနာရီမှာပဲ အသစ်ပြန်လဲပေးလိုက်ပါ။
" ဟုတ်ဆရာ... ညီမလဲဗေဒင်စာအုပ်တွေဖတ်ဖူးပါတယ်။ ဘာလို့ ကံကော်ညွှန့်ထိုးခိုင်းတာလဲဆရာ.."
"ဗေဒင်ပညာ နားလည်ရင်တော့ ဆရာရှင်းပြရင်သိသွားမှာပါ....ဒီလိုလေ အခုကိစ္စက ဆိုင်ကိုလူဝင်ဖို့ဖြစ်တဲ့အတွက် လူ=ဗုဒ္ဓဟူးနံရဲ့ ဆပွတ်ဂြိုဟ်က တနင်္လာမဟုတ်လား ..သူ့ကိုနိုင်လိုဆကိုခိုပညာခန်းလို့
မှတ်ထားလိုက်ပေါ့"
"အဲဒါဆိုဆရာ မြောက်အရပ်မှာတင်ထားခိုင်းတာကရောဆရာ ဘယ်လိုသဘောလဲ"
"အဲဒါကတော့ မိတ်ဓာတ်သဘောလေ...
လာစေလိုရင်မိတ်ဓာတ်...ထွက်စေလိုရင်ဓာတ်မိတ်ဆိုတာတော့
ညီမ ၾကားဖူးမယ္ထင္တယ္..."
"ကြားဖူးတယ် ....ဆရာ"
" ဗုဒ္ဓဟူးရဲ့မိတ်ကတနင်္လာ ဆိုတော့ ကံ့ကော်သုံးတာ။ဓာတ်က
သောကြာဆိုတော့ သောကြာရဲ့ အရပ်မျက်နှာက မြောက်အရပ်လေ...အဲဒါကြောင့်မြောက်အရပ်မှာတင်ခိုင်းလိုက်တာ"
"မိတ်ဓာတ်ကို အဲလိုလဲ သုံးလို့ရလားဆရာ"
"ရတာပေါ့ဗျ ...ပညာရပ်တစ်ခုကိုထဲထဲဝင်ဝင်
နားလည်သွားရင်မိမိဉာဏ်ရှိသလိုသုံးနိုင်တယ်လေ"
"ကျေးဇူးပါ ဆရာ ...ဒီနေ့တနင်္ဂနွေဆိုတော့ မနက်ဖြန်စပြီးစီရင်လိုက်ပါ့မယ်"
"ကောင်းပါပြီဗျာ"
*************************************
ကဲ....ဒီယတြာကတော့ ဆိုင်ဖွင့်ထားတဲ့လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံးယတြာတစ်ခုဖြစ်လာမှာပါ။ အလှပြင်ဆိုင်မှ.. မဟုတ်ပါ။ အခြားစတိုးဆိုင်၊ရွှေဆိုင် ၊ဆေးဆိုင် ၊အိမ်ဆောက်ပစ္စည်းဆိုင် မည်သည့်ဆိုင်တွေမှာမဆိုလုပ်လို့သင့်တော်ပါတယ်။ customerတွေများများလာပြီး မိမိလုပ်ငန်းတိုးတတ်အောင်မြင်ပါလိမ့်မယ်။ မိမိဆိုင်လူအဝင်နည်းနေပြီ အရောင်းပါးနေပြီဆိုရင် ဒီယတြာလေးက
အများကြီးအထောက်အကူပြုပါလိမ့်မယ်။
အခုကစလို့ ငွေရောင်အိုးလေးထဲ ကံ့ကော်ညွှန့်၁၅ညွှန့်ထိုးထားပြီး
မြောက်အရပ်မှာတင်ထားခြင်းဖြင့်မိမိဆိုင် မိမိလုပ်ငန်း လူစည်ကားပြီး ရောင်းပန်းဝယ်ပန်းတွေ ပွင့်ကြပါစေဗျာ...
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...