Skip to main content

"ဝါတွင်းကာလ အဓိဋ္ဌာန်"



ဝါတွင်းကာလ...မနက်ဖြန်ဆိုရောက်ပြီ။
ဝါတွင်း၃လအတွင်း ဗုဒ္ဓဘာသာတွေပြီပြီ သီလဆောက်တည်ကြသည်။ တရားဘာဝနာပွားများကြသည်။ ကျင့်စဉ်တွေအဓိဋ္ဌာန်တွေဝင်ကြသည်။
အဓိဋ္ဌာန်တစ်ခု ၊ကျင့်စဉ်တစ်ခု ဖြည့်ကျင့်မယ်လို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ ပထမလုပ်ရတာကပရိကံပါပဲ။ပရိကံကခိုင်မာဖို့လိုသည်။ ထိုပရိကံခိုင်မာမှုအလျောက်အကျိုးပေးမှုတွေကွာသွားသည်။
ဝါတွင်းသုံးလ ပဋ္ဌာန်းဒေသနာတော်တစ်နေ့တစ်ခေါက်ပူဇော်မယ်ဆိုတာမျိုးပဲဖြစ်ဖြစ်၊ သုံးလတိတိသတ်သတ်လွတ်စားမယ်လို့ရည်ရွယ်သည်ပဲဖြစ်ဖြစ်၊ ဘုရားဂုဏ်တော်ပဲပွားများပွားများ၊ပရိတ်ကြီး၁၁သုတ်ပဲနေ့စဉ်ရွတ်ရွတ်ကောင်းသည်သာ။
မိမိသန်ရာသန်ရာ ရွတ်ဆိုပူဇော်ကြတာ ၊အကျင့်သီလစောင့်ထိန်းကြတာ ၊သမထ ဘာဝနာပွားများကြတာ ကောင်းသည့်အလုပ်ပင်မဟုတ်ပါလား ။
ကိုယ်ကပဋ္ဌာန်းနေ့စဉ်ရွတ်မည်ဆိုကြပါစို့ ။ ပထမဦးစွာ ဘုရားရှင်ကိုတိုင်တည်ပေါ့။ ယနေ့မှစ၍ ဝါတွင်းသုံးလ ပဋ္ဌာန်းပစ္စယနိဒ္ဒေသောဒေသနာကို နေ့စဉ်တစ်ခေါက်တစ်ကြိမ်နေ့တိုင်းရွတ်ဆိုပူဇော်ပါမည်"
ပူဇော်ရခြင်းအကျိုးကြောင့်ဆိုပြီး နိဗ္ဗာန်ဆုအရင်းတောင်းပါ။ ပြီးမှ လောကီဆုတောင်းပေါ့။ နေ့စဉ်ဆိုတဲ့အတိုင်းရက်မပြတ်စေနဲ့ပေါ့။
ဂုဏ်တော်ပွားမယ်ဆိုလဲ ဒီဝါတွင်းကာလအတွင်း
ဘုရားဂုဏ်တော်တွေအားအကြိမ်ရေတစ်သောင်း ပွားများပါမည်....စသည့်ဖြင့်အဓိဋ္ဌာန်ပြီး ပုတီးနဲ့နေစဉ်မပြတ်ရွတ်ဆိုပေါ့ဗျာ
ဘုရားဂုဏ်တော်တွေပွားများတဲ့အခါ အနက်အဓိပါ္ပယ်သိအောင်လေ့လာပြီးမှရွတ်ဆိုပွားများရင်ပိုအကျိုးထူးတာပေါ့။နေ့စဉ်ရွတ်ဆိုဖို့တော့ လိုအပ်တာပေါ့။
ကျွန်တော်ဆီကို ဘာဂုဏ်တော်ရွတ်ရမလဲ ၊ဘယ်ဂါထာပွားများရမလဲလို့မေးကြသူတွေအနေနဲ့လဲ
မိမိကြိုက်ရာသန်ရာ ပွားများကြပါ။ အစွဲမထားစေလိုပါ။
ကျွန်တော်ကြိုက်ရာ အားသန်ရာ ဂါထာကိုပြောပြပါဆိုရင်တော့ ပထမံ ဂါထာကိုပဲပြောရမှာပါပဲ။ အကျိုးထူးမှုက အံ့မခန်းပင် ။ မိမိအဓိဋ္ဌာန်တာတွေ လွန်စွာပြည့်ဝစေသည်။ ကျွန်တော်အနေနဲ့ ဗေဒင်နဲ့ပက်သက်ပြီး ပညာတွေတိုးဖို့ ရည်ရွယ်အဓိဋ္ဌာန်ခဲ့ဖူးသည်။ အောင်မြင်သည်။ ကူညီမဲ့သူ သင်ပေးမဲ့ဆရာတွေပေါ်လာသည်။ လိုချင်တဲ့ပညာတွေမပင်ပန်းဘဲရသည်။ ဒီဂါထာကိုပဲ လူတော်တော်များများကို အဓိဋ္ဌာန်နဲ့ရွတ်ဖို့ပေးခဲ့သည်။ အောင်မြင်သည်သာ။
အကြွေးကိစ္စ ၊အမွေကိစ္စ၊ လုပ်ငန်းစီးပွားကိစ္စ ၊ ငွေကြေးလာဘ်ရွှင်ဖို့ကိစ္စ၊ အိုးအိမ် ပိုင်ဆိုင်လိုမှုကိစ္စ စသည်ဖြင့် မိမိဆန္ဒရှိရာ ဆုတောင်းအဓိဋ္ဌာန်ကြည့်ပါ။ ကောင်းသော တစ်ပါးသူမထိခိုက်စေသော ကိစ္စသာဖြစ်ပါစေ .. အောင်မြင်သွားကြသည်သာ.....။
မိမိဆန္ဒ အကြီးအသေးပေါ်မူတည်ပြီး တစ်လအတွင်း၊ သုံးလအတွင်း ၊ခြောက်လအတွင်း တစ်နှစ်အတွင်းအသီးသီးပြေလည်သွားကြသည်။
ဂါထာကိုစတင်ရွတ်ဆိုမည်ဆိုပါက ပရိကံအရင်ပြုရမည်။
မျက်နှာသစ် ကိုယ်လက်သန့်စင်ပါ။ ဘုရားဆောင်ရှေ့တွင်ဆီးမီး၊ရေချမ်း၊အမွှေးနံသာကပ်လှူလိုက်ပါ။ ထို့နောက်......
"ဘုရားတပည့်တော် ( )နေ့သားသမီးသည် ယနေ့( )ရက်မှ ( )အထိ ဘရားရှင်၏အမြတ်ဆုံးဂုဏ်တော်ကိုရည်မှန်းကာ ပထမံဂါထာတော်ကြီးကို အကြိမ်ရေ ( ) တိတိရွတ်ဆိုပါမည်။ နေ့စဉ် ( )ခေါက်ရွတ်ဆိုပါမည်။ ရွတ်ဆိုနေစဉ် ငါးပါးသီလထဲက ( )သီလကိုလုံခြုံစွာစောင့်ထိန်းပါ့မည်။ ဤ ဂါထာတော်ကြီးကိုပြည့်မီအောင်ရွတ်ဆိုပြီးပါက မည်သည့်ကိစ္စအောင်မြင်ခြင်းဖြစ်ပါစေသား" အစရှိသည်ဖြင့် အဓိဋ္ဌာန်ပါ။ ကျွန်တော်ကတော့ နေ့စဉ်ပုတီးတစ်ပတ်(၁၀၈)ခေါက်အနည်းဆုံးရွတ်စေချင်သည်။
ဒီဂါထာဟာ ပူဇော်ဖိအဘိဓမ္မတ္ထသင်္ဂဟအဖွင့်သခေပဝဏ္ဏနာဋီကာ(၂၉၆)လာဂါထာတော်လဲ
ဖြစ်ပါသည်။
ရွှေတောင်မြို့၊ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီးကဋီကာလာအရာရာသိဒ္ဓိပေါက်အဆောင်ဂါထာလို့ဆိုထားခဲ့ဖူးပါသည်၊
ပထမံဦးအောင်အမြဲရွတ်ပွားသောဂါထာလို့လည်း
ဆိုကြပါသည်၊ထို့အပြင် ဤပထမံဂါထာကို
သစ္စာအနက်ဆယ့်ခြောက်ချက်ဂါထာလို့လည်းခေါ်
ဝေါ်မှုလည်းရှိပါသည်။
ဂါထာ၏ပါဠိအဓိပ္ပါယ်ကိုအရင်ရေးသားဖော်ပြပါမယ်၊
ပထမံဂါထာ
ပထမံ သက လကၡဏ ေမကပဒံ၊
ဒုတိယာဒိ ပဒႆ နိဒႆ နေတာ
သ-မ-နိ ဒု-နိ-မာ၊ သ-မ-ဒူ သ-နိ-ဒူ၊
ကမေတာ ဝိဘေဇ ပထေမန ဝိနာ။ ။
ပထမံဂါထာ(သို့)သစ္စာအနက် ၁၆ ချက် ဂါထာတော်၏
အနက်အဓိပါ္ပယ်
ပထမံ-ရှေးဦးစွာသော၊မေကပဒံ-တစ်ခုသောအနက်သည်၊သကလက္ခဏံ-မိမိ၏မူလသဘောလက္ခဏာဖြစ်သောအနက်သည်၊ဟောတိ-ဖြစ်၏၊
ဒုတိယာဒိ ပဒႆ - ဒုတိယအနက္မွ
စ၍ကျန်သုံးပါးသောအနက်တို့သည်၊သ-မ-နိ-ဒုက္ခသစ္စာ၌သမုဒယ၊မဂ္ဂ၊နိရောဓသစ္စာတို့ကိုလည်းကောင်း၊
ဒု-နိ-မာ-သမုဒယသစ္စာ၌ဒုက္ခ၊နိရောဓ၊မဂ္ဂသစ္စာတို့ကိုလည်းကောင်း၊သ-မ-ဒူ-နိရောဓသစ္စာ၌သမု
ဒယ၊မဂ္ဂ၊ဒုက္ခသစ္စာတို့ကိုလည်း
ကောင်း၊သ-နိ-ဒူ-မဂ္ဂသစ္စာ၌သမုဒယ၊နိရောဓ၊ဒုက္ခသစ္စာတို့ကိုလည်းကောင်း၊နိဒဿ နတော-ထောက်ထား၍မြင်အပ်သောကြောင့်၊ပဌမေန-ပထမမူလအနက်နှင့်၊ဝိနာ-ကင်းလွတ်၍၊ကမတော-အစဉ်အတိုင်း၊ဝိဘဇ္ဇေ-သိအပ်သောအနက်များတည်း(ဝေဖန်ရာ၏)။
ဒီဂါထာကို ဂါထာဘုရင်ဟုပင်ဆိုကြသည်။ သစ္စာလေးပါးနဲ့ထုံမွှန်းဖွဲ့သီထားသည်။ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မခန္ဓာပေါင်း ၈၄၀၀၀ တွင် သစ္စာလေးပါနဲ့ လွတ်သည့်တရားဟူ၍မရှိပေ။ ဒါကြောင့်ပင် ပထမံဂါထာ၏အစွမ်းသည်လဲအံ့မခန်းပင် ။
ဝါတွင်းသုံးလ ရွတ်ဆိုပွားများသူတိုင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝဖို့ရည်သန်လျက်...။ ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...