Skip to main content

တွေးချိန်ချင့်စရာ



" ဆရာ မဂၤလာပါ"
"မဂၤလာပါဗ် ...ထိုင္ပါ"
အသက်၄ဝ ဝန်းကျင်လောက်ရှိမဲ့ အမျိုးသမီးတစ်ဦး
" ဘာကိစ္စလဲဗျ ...မွေးသက္ကရာဇ်ပြောပါအုံး "
"ငွေကြေးလက်လွန်ထားတာတွေ ပြန်မရလို့ဆရာ "
A4 စာအုပ်ပေါ် သူပေးတဲ့ မွေးသက္ကရာဇ်တွေကို ချတွက်ကြည့်လိုက်သည်။
"ကျွန်တော်တွက်ချက်ရသလောက် ငွေကြေးကံက
အတော့်ကို ညံ့နေတာဗျ ..ပေးစရာရှိရင်လဲ မပေးနိုင်သေးသလို ရစရာ ရှိလဲ မရနိုင်သေးဘူး...ဒီနှစ်ထဲ
တနင်္လာ နဲ့ စနေ ပက္ခတ်သဘောကြောင့်လဲ ငွေကြေးနဲ့ပက်သက်ပြီး ဒုက္ခများတတ်တဲ့နှစ်ဗျ..."
"ဘာလုပ်ရမလဲဆရာ ... ယတြာလေးပြောပါအုံး"
စိုးရိမ်တကြီးနဲ့ မေးလေသည်။
"သာမန်ဓာတ်ရိုက်ဓာတ်ဆင်တော့ လုပ်လို့ မရနိုင်ဘူး... ဒါပေမဲ့ နီးစပ်ရာစေတီတစ်ဆူဆူမှာ အဓိဋ္ဌာန်ဝင်ပြီး ဗုဒ္ဓယတြာစီရင်ရလိမ့်မယ်.."
"လုပ္ပါ့မယ္..ဆရာ"
"တစ်ခုတော့ ရှိတယ်ဗျ...ဗုဒ္ဓယတြာဆိုတာ သစ္စာတွေ မေတ္တာတွေ သီလတွေကို အခြေခံတယ်..ဒီယတြာလုပ်မယ်ဆိုရင် ကိုယ်ကသူများတွေကို ငွေကြေးနဲ့ ပက်သက်ပြီး မလိမ်ခဲ့ သူဖြစ်ရမယ်...နောက်ပြီး အတိုးအများကြီးယူတဲ့ ငွေတိုးချေးသမား မဖြစ်ရဘူး ...နောက်ဆုံးအချက်က အလုပ်ကနေ လာဘ်မစားတဲ့သူဖြစ်ရမယ်...ကုမ္ပဏီအလုပ်ပဲဖြစ်ဖြစ် အစိုးရအလုပ်ပဲဖြစ်ဖြစ်ပေါ့လေ...ဒီအချက်တွေနဲ့ မငြိဘူးဆိုရင် ဗုဒ္ဓယတြာလုပ်လို့ရပါတယ်...
"ဒါဆို ဗုဒ္ဓယတြာ အဆင်မပြေလောက်ဘူးဆရာ ..
အခြား ယတြာ တစ်ခုခုပဲပေးပါတော့ ...."
√√√√√√√√√√√√√√√√√√√√√√√√√√
"ဆရာ ဗေဒင်မေးချင်လို့ပါ"
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ...။ ပိန်ပိန်ပါးပါးနှင့်မျက်နှာက ဖြူ ရော်ရော်..။
" ဆိုဗ် ...ဘာကိစၥလဲ "
သူပေးတဲ့ မွေးသက္ကရာဇ်တွေကိုလဲ ယူပြီးတွက်ကြည့်လိုက်သည်...
"ကျန်းမာရေးမကောင်းတာဆရာရေ ...ရောဂါလဲ မယ်မယ်ရရခေါင်းစဉ်တပ်မရဘူး...Medical checkup လဲလုပ်ပြီးပြီ...ဘာရောဂါမှာရှာမတွေ့ဘူး..ခေါင်းကိုက်လိုက် ဗိုက်နာလိုက် ခါးနာလိုက် ဝမ်းသွားလိုက်နဲ့ အမျိုးမျိုးဖြစ်နေတာ...ဆရာဝန်လဲစုံနေပြီ မသက်သာဘူး... ဗေဒင်ဆရာတော်တော်များများဆီလဲ ရောက်ပြီးပြီ။ နံတူစွန့်တာတွေရော သဘောင်္ကြက်လျှာတွေရော ဓာရဏပရိတ်တွေ
ဗောဇ္စျင်္ဂသုတ်တွေရော ရွတ်တာပဲ မပျောက်ဘူးဆရာ..."
စကားအရှည်ကြီး ပြောလိုက်ရ၍မောသွားဟန်ဖြင့်
ရေထသောက်လေသည်...
"လူကတော့ အကောင်းပဲနော် ...လူမမာလို့ မထင်ရဘူး"
" ဟုတ်တယ်ဆရာ ..လူက စားနိုင်တယ် ...အိပ်နိုင်ပါတယ်..တရှောင်ရှောင်ဖြစ်နေတာက ဆိုးတာပါ."
"ဒါနဲ့ စကားမစပ်ဗျာ
ငါ့ညီအိမ္မွာ လူမမာရွိလား..."
"ရှိတယ်..ဆရာ ...အမေက လေဖျန်းပြီး အိပ်ရာထဲလဲနေတာ...စားတာသောက်တာ ...အလေးအပေါ့သွားတာကအစ လူတစ်ယောက်က အမြဲ လုပ်ပေးနေရတာ... "
"ဒါဆို ငါ့ညီက ..အမေကို ထမင်းခွံကျွေးဖူးလား...ခြေဆုပ်လက်နယ် ပြုခဲ့ဖူးလား ..အမေရဲ့ အညစ်အကြေးပေးကျံနေတဲ့ ထမိန်တွေကို လျှော်ပေးဖူးလား"
ကျွန်တော်တို့နှစ်ယောက်ကြား ခဏတာ တိတ်ဆိတ်သွားလေသည်..၊ သူ့ဆီက စကားသံထွက်မလာတော့ ...၊
အတန်ကြာမှ
"အမေကိုမပြုစုဘူးပါဘူး..ဆရာ..ကြုံလို့ လုပ်ပေးဖြစ်လဲ ငြူ ငြူ စူစူပဲ လုပ်ပေးခဲ့တာ..."
" ငါ့ညီရေ ... အိမ်မှာ မိဘတစ်ဦးဦး ကျန်းမာရေးညံ့လို့ အိပ်ရာထဲလဲ လူမမာဖြစ်ပြီဆိုရင်...
အချက်နှစ်ချက်က အဓိကကျတယ်... တစ်အချက်က လူအားကွ...ပြုစုမဲ့လူရှိရမယ်...နှစ်အချက်က ငွေအားပဲ .. ဆေးခန်းပြဖို့နဲ့ ဆေးဝါးဓာတ်စာအတွက်
ငွေကလဲလိုတယ်လေ...."
"ဟုတ်ဆရာပြောပါ... "
"ငါ့ညီက တရှောင်ရှောင်ဖြစ်နေတာဆိုတော့ ..ငွေအားလဲ ရှာနိုင်မယ်မထင်ဘူး..."
"ဟုတ်ဆရာ ...အလုပ်လဲမလုပ်ဖြစ်ပါဘူး...လုပ်လိုက်နားလိုက်ဆိုတော့ နောက်ဆုံးမလုပ်ဖြစ်တော့ဘူး.."
"ဒါဆိုတစ်အချက်ဖြစ်တဲ့ လူအားကိုပဲသုံးပေါ့..အမေ့ကို ကြည်ကြည်ဖြူ ဖြူ နဲ့ ပြုစုလိုက်စမ်းပါ ..ငါ့ညီရာ.
ကုသိုလ်လဲ အရမ်းရသလို ...ငါ့ညီရောဂါလဲ ပိန်းကြာရွက်ပေါ် ရေမတင်သလို ကင်းစင်ပပျောက်သွားလိမ့်မယ်"
ခေါင်းတညိတ်ညိတ်နှင့် ညီငယ်လေး ကျွန်တော်ရှေ့ကထပြန်သွားသည်...မိဘကျေးဇူးကို အထူးသိတဲ့ သားလိမ္မာလေးဖြစ်ပါစေလို့ ဆုတောင်းယုံမှအပ
√√√√√√√√√√√√√√√√√√√√√√√√√√
"ဆရာ ဗေဒင်မေးချင်လို့"
အသက် ၂၅ဝန်းကျင်လောက်ရှိမဲ့ လူငယ်တစ်ဦး..။
ခေတ်ဆန်ဆန်ဝတ်စားထားသလို ...ခေါင်းမှာလဲ ဆံပင်ကို သရက်ညွှန့်ရောင် ဆေးဆိုးထားလေသည်။
"ထိုင္ငါ့တူ ...ဘာကိစၥ"
"ကျွန်တော်ဘာလုပ်ငန်းနဲ့ အကျိုးပေးလဲ သိချင်တာ
ဆရာရေ..."
"တွက်စစ်ကြည့်လိုက်ရင်တော့ ဘယ်လုပ်ငန်းနဲ့ အကျိုးပေးတယ်ဆိုတာက ထွက်လာတာပေါ့ငါ့တူရာ..
ဒါပေမဲ့ ငါ့တူကိုဦးမေးချင်တာက ...ငါ့တူ ဘာဝါသနာပါလဲ... မနက်ဖြန်သေဆုံးမယ်ဆိုရင်တောင် ဒီနေ့ထိလုပ်သွားချင်တဲ့ အလုပ်က ဘာအလုပ်လဲ... "
ကျွန်တော့်စကားကြားပြီး လူငယ်က ခေါင်းကုပ်သည်...သူဘာဝါသနာပါလဲ ပြန်စဉ်းစားကြည့်နေသည်။
"အရောင်းအဝယ်ဝါသနာပါတယ်တဲ့တူတယ်..."
"အရောင်းအဝယ်ဆိုလဲ ...လမ်းဘေးကွမ်းရောင်းတာကနေ တိုက်တာအိုးအိမ်ရောင်းဝယ်တဲ့ထိ အများကြီးပဲ.. ငါ့တူကဘာရောင်းဝယ်ချင်တာလဲ ..."
လူငယ်လေး ဆွံအသွားသည်။
"ဘာဝါသနာပါလဲ သေချာမသိတော့ပါဘူး..ဆရာရယ်.. "
"လူငယ်မို့လို့ ဒီစကားဆရာကမေးတာပါ။ အချို့အဆင်ပြေတဲ့သူတွေဆို လုပ်ငန်းတစ်ခုကနေ နောက်လုပ်ငန်းတစ်ခု ထပ်ချဲ့ချင်တယ်မျိုးပြောလာရင် အကျိုးပေးတဲ့လုပ်ငန်းတွေ ပြောပြလိုက်တာပါပဲ...
ငါ့တူကလူငယ်ဆိုတော့ လူလုပ်ဖို့ အများကြီးကျန်သေးတယ်… ကိုယ်ဘာဝါသနာပါလဲ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အဲဒီဝါသနာကို ပျိုးထောင်ပါ။ ဝါသနာပါတဲ့ အလုပ်ဆိုထမင်းမေ့ဟင်းမေ့လုပ်တတ်ကြတယ်...နာရီပေါင်းများစွာလဲ အာရုံစိုက်နိုင်တယ်...။ ဝါသနာလဲပါ...လုပ်ငန်းလဲကျွမ်းကျင် ...ငွေအားလဲရှိပြီဆို တော်ရုံအခက်အခဲတွေကို ကျော်လွှားသွားနိုင်မှာပါ...
ဒီခေတ်ကြီးက competition အရမ်းများတဲ့ခေတ်လေ ...ကိုယ်က တစ်ခုခုလုပ်ရင် အနီးပတ်ဝန်းကျင်မှာ လိုက်လုပ်မဲ့ သူတွေအများကြီး...ကိုယ်က ဝါသနာလဲအရင်းခံထားတယ်...စဉ်ဆက်မပြတ်တိုးတတ်ကောင်းမွန်အောင်လဲကြိုးစားနေမယ်...ဆိုရင် ငါ့ညီအတွက် အောင်မြင်မှုဆိုတာ လက်တကမ်းမှာပါ....
ဆရာပြောတာနဲ့ ကျွန်တော်အားအရမ်းတတ်သွားပြီ...ဆရာ ...ဘာဝါသနာပါလဲရှာဖွေမယ်...ကြိုစားမယ်...
ဟုတ်ပါပြီ...ငါ့ညီရာ ကြိုးစားသူတွေအတွက် နေရာတစ်ခုဆိုတာ ရှိပြီးသားပါ..။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...