Skip to main content

မြန်မာလို ဘယ်ရက်မှာ မွေးပါသလဲ?



" ဆရာ လက်ဖက်ရည်ဆိုင်အစောကြီးရောက် နေပါလား"
လှည့်ကြည့်လိုက်တော့ လမ်းထဲကသူငယ်လေး။ လက်ဖက်ရည်ဆိုင်ထဲဝင်လာပြီး
ကိုယ်ကိုတွေ့တော့ လှမ်းနှုတ်ဆက်သည်။ကိုယ်ကလဲ တနင်္ဂနွေနားရက်ဆို လက်ဖက်ရည်ဆိုင်ထွက်ထိုင်တက်သည်။
" ဆရာ
ဆရာ့ ဝိုင်းမှာထိုင်မယ်နော် "
ကောင်လေးက ပြောပြောဆိုဆိုနှင့် ခုံဆွဲပြီးထိုင်သည်။
"ဆရာက black coffee တွေသောက်နေပါလား
ညကဘောလုံးပွဲ ကိုက်တယ်နဲ့တူတယ်"
" ဘောလုံးပွဲက ဝါသနာမပါ ပါဘူးကွာ
ခေါင်းကြည်လို့သောက်တာပါ။
တွေးရခေါ်ရတာဉာဏ်ထွက်အောင်လို့ပါ"
" သြော်"
ကောင်လေးဘယ်တုန်းထဲက မှာလိုက်သည်မသိ ။
စားပွဲထိုးလေးက ကော်ဖီခွက် ကိုကောင်လေး
ရှေ့လာချပေးသည်။ ကောင်လေးက ကော်ဖီကို ဇွန်းဖြင့်မွှေနေရင်း
" ဒါနဲ့စကားမစပ် ဆရာကိုမေးစရာတစ်ခုရှိလို့"
ကောင်လေးက စကားနိဒါန်းပျိုးသည်။
"ဘာမေးမှာလဲကွာ"
" ဆရာPageမှာ ဂဏန်းဗေဒင်အကြောင်းတင်ထားတာတွေ့တယ်
တော်တော်လေးလဲမှန်တယ်
အဲဒါက အင်္ဂလိပ်မွေးရက်ကိုတွက်ထားတာတွေ့ရတယ်ဆရာ
ကျွန်တော်စဉ်းစားမိတာက ကျွန်တော်တို့မြန်မာ မွေးရက် အဟောတွေရောမရှိဘူးလားလို့ပါ "
ကောင်လေးက သူသိချင်တာလေးကိုမေးသည်။
" ရှိတာပေါ့ကွာ ဒါပေမဲ့ရှားတယ်လို့ပြောရမှာပဲ"
"မြန်မာရက်ဖွားအဟောအတိုလေးတွေကိုတော့ ကျက်ထားဖူးတယ်ကွ
မြန်မာလ ဘယ်လမွေးမွေး လဆန်းဘယ်နှစ်ရက်ကို ဘယ်လိုဖြစ်တယ် လဆုတ်ဆိုဘယ်လို လပြည့်လကွယ်ဆိုဘယ်လို စသည်ဖြင့်ပေါ့ကွာ
ငါမှတ်ထားဖူးသလောက်ပြောရရင်တော့--
လဆန်း ၁ ရက်မှာမွေးဖွားပါက စရိုက်ကြမ်းတမ်းပြီး တဇွတ်ထိုး လုပ်တတ်ခြင်းတွေကို သတိထားရမယ်။
လဆန်း ၂ ရက်မှာမွေဖွားပါက ငယ်စဉ်အခါမှာ ဆင်းရဲဒုက္ခများတတ်ပြီး အသက်ကြီးမှ ချမ်းသာတတ်ပါတယ်။
လဆန်း ၃ ရက်မှာမွေးဖွားပါက ဘုန်းကြီး၊ ရဟန်း၊ ပညာရှိသူတော်စင်များ ဖြစ်လာတတ်ပါတယ်။
လဆန်း ၄ ရက်မှာမွေးဖွားပါက ပစ္စည်းဥစ္စာ ပေါကြွယ်ဝတတ်ပါတယ်။
လဆန်း ၅ ရက်မှာမွေဖွားပါက လိုတရသူ၊ ဘဝမှာ မပူပင်မကြောင့်ကြရသူတွေ ဖြစ်တတ်ပါတယ်။
လဆန်း ၆ ရက်မှာမွေးဖွားပါက ချမ်းသာသော သူဌေးသူကြွယ်တွေ ဖြစ်လာတတ်ပါတယ်။
လဆန်း ၇ ရက်မှာမွေးဖွားပါက စီးပွားဥစ္စာ စုဆောင်းမိသူ ဖြစ်မယ်။
လဆန်း ၈ ရက်မှာမွေးဖွားပါက အပြောကြမ်း၊ စရိုက်ကြမ်းတတ်တာကို သတိထားရပါမယ်။
လဆန်း ၉ ရက်မှာမွေးဖွားပါက စိတ်ဓာတ်ကျလွယ်တာကို သတိထားရပါမယ်။
လဆန်း ၁၀ ရက်မှာမွေးဖွားပါက ရှေ့မကြည့်၊ နောက်မကြည့် တဇွတ်ထိုးပြောတတ် လုပ်တတ်တာကို သတိထားရပါမယ်။
လဆန်း ၁၁ ရက်မှာမွေးဖွားပါက တီထွင်ကြံဆတတ်သူ၊အောင်မြင်ကျော်ကြားသူ ဖြစ်တတ်ပါတယ်။
လဆန်း ၁၂ ရက်မှာမွေဖွားပါက ဆုထူးဘွဲ့ထူးကြီးတွေရပြီး ထူးချွန်တတ်ပါတယ်။
လဆန်း ၁၃ ရက်မှာမွေးဖွားပါက ကား၊ ယာဉ်၊ရထားများနဲ့ ပြည့်စုံသူဖြစ်မယ်။
လဆန်း ၁၄ ရက်မှာမွေးဖွားပါက ကုန်သွယ်ရေး၊ စီးပွားရေးမှာ အထူးကျွမ်းကျင်သူဖြစ်မယ်။
လပြည့်နေ့မှာမွေးဖွားပါက ဘာမဆို ပေါ့ပေါ့ပါးပါး တွေးတတ်ကြံတတ် အပျင်းထူတတ်သူဖြစ်တတ်ပါတယ်။
လပြည့်ကျော် ၁ ရက်မှာမွေးဖွားပါက ပေါ့ပေါ့ဆဆ၊ နမော်နမဲ့ တွေးတတ်လုပ်တတ်သူဖြစ် တတ်ပါတယ်။ လက်ကြောမတင်းသူ ဖြစ်တတ်ပါတယ်။
လပြည့်ကျော် ၂ ရက်မှာမွေးဖွားပါက ဓနဥစ္စာ ပေါကြွယ်ဝတတ်ပါတယ်။
လပြည့်ကျော် ၃ ရက်မှာမွေးဖွားပါက နားအေးပါးအေး နေတတ်သူတွေ ဖြစ်မယ်။
လပြည့်ကျော် ၄ ရက်မှာမွေးဖွားပါက ပူပင်ကြောင့်ကြစရာတွေ များတတ်ပါတယ်။ ဘဝကကြမ်းတတ်တယ်။
လပြည့်ကျော် ၅ ရက်မှာမွေးဖွားပါက ဆရာကောင်း၊ အမှီကောင်းတွေတွေ့ပြီး ကံကောင်းတတ်တယ်။
လပြည့်ကျော် ၆ ရက်မှာမွေးဖွားပါက စိတ်နှလုံးအေးချမ်းပြီး သနားကြင်နာတတ်သူဖြစ်မယ်။
လပြည့်ကျော် ၇ ရက်မှာမွေးဖွားပါက ရသေ့ရဟန်း၊ ဘုန်းကြီး၊ ပညာရှိ၊ ဘာသာရေးသမား ဖြစ်တတ်တယ်။
လပြည့်ကျော် ၈ ရက်မှာမွေးဖွားပါက တစ်ရပ်တစ်ကျေးမှာသွားပြီး ကြီးပွားချမ်းသာတတ်တယ်။
ဘာသာရေးသမား ဖြစ်တတ်တယ်။
လပြည့်ကျော် ၉ ရက်မှာမွေးဖွားပါက ပင်ပန်းမယ့်ဇာတာ ပါလာသူဖြစ်တတ်။
လပြည့်ကျော် ၁၀ ရက်မှာမွေးဖွားပါက တရားမျှတမှုကို လိုလားပြီး တရားသူကြီး၊ ရှေ့နေ၊ သံတမန်တွေ ဖြစ်တတ်တယ်။
လပြည့်ကျော် ၁၁ ရက်မှာမွေးဖွားပါက ခရီးလှည့်လည်သွားလာခြင်းမှာ ဝါသနာထုံမယ်။
လပြည့်ကျော် ၁၂ ရက်မှာမွေးဖွားပါက စီးပွားဖြစ်လွယ်ပြီး သူဌေးဖြစ်ဖို့ကံပါလာသူဖြစ်တယ်။
လပြည့်ကျော် ၁၃ ရက်မှာမွေးဖွားပါက နာမည်ဂုဏ်သတင်း ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တတ်တယ်။
လပြည့်ကျော် ၁၄ ရက်မှာမွေးဖွားပါက အနုပညာ၊ အလှအပအရာတွေမှာ အောင်မြင်ကျော်ကြားတတ်တယ်။
လကွယ်နေ့မှာမွေးဖွားပါက အသန့်အပြန့် ကြိုက်ပြီး သပ်သပ်ရပ်ရပ် နေထိုင်ဝတ်စားတတ်ကာ အနုပညာမှာ အောင်မြင်တတ်ပါတယ် လို့
မွတ္ထားဖူးတာပဲ"
"ဆရာဟာက တိုတိုလေးတွေပဲအကျယ်မရှိဘူးလား"
"ဆရာသိသလောက်တော့ မြန်မာမွေးရက်ဟောကိန်းတွေကို အကျယ်ရေးထားတာ တွေ့ဖူးပါတယ်
ဆရာအရမ်းလေးစားအထင်ကြီးရတဲ့ ဒေါက်တာ ဒဂုန်ရဲ့ဖခင်ကြီး ပုဏ္ဏားတော် ဦးရာမရေးတဲ့ "လက်တွေ့ဘဝကံနှင့် လောကီပညာ
ဗေဒင်ဟောကိန်းကျမ်းကြီး"ထဲမှာအကျယ်တင်ပြထားတယ်
အဲဒီစာအုပ်က ဆရာလက်ထဲမှာ ရှိနေတာ
နှစ် ၂၀ နီးပါးတော့ရှိနေပြီပေါ့။
ရင်းနှီးတဲသူတွေကို ပေးဖတ်ခိုင်းကြည့်တာ
တော်တော်လေးမှန်တယ်လို့တော့ပြောကြတာပဲ"
" ဆရာအဲဒါဆိုရင် Online မှာတင်ပါလား
အားလုံးသိရတာပေါ့"
" တင်ဖို့အစီအစဉ်တော့ရှိပါတယ်
အားတဲ့အချိန်လေးနည်းနည်းစီ စာရိုက်ထားရမှာပေါ့ အချိန်ပြည့်က မအားတာကများနေတယ်လေ
စာရိုက်ပြီး post တင်ဖို့ အချိန်မနည်းလုနေရတယ်လေ"
"အဲဒါဆို အေးအေးဆေးဆေးမှရေးပေါ့ဆရာရယ် ကျွန်တော့်ကတော့
ဆရာ့ page မှာပဲ စောင့်ဖတ်တော့မယ်"
"ေအးပါကြာ
စကားပြောလို့တော့ကောင်းတယ်
ကဲအချိန်လဲ လင့်နေပြီ
ပြန်ကြရအောင်"
( မြန်မာမွေးရက်ဟောကိန်းတွေကို
အချိန်ရရင်ရသလို ရေးတင်သွားပါ့မည်
စောင့်ဖတ်ကြပါလို့ ပြောပါရစေ)
ငြိမ်းအေးလူ ဗေဒင်သုတေသီ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...