Skip to main content

" အကုသိုလ်အလုပ် မလုပ်စေချင် "



ဗေဒင်ပညာရပ်ကို လေ့လာလိုက်စားနေသူတစ်ယောက်
ဗေဒင်ပညာနဲ့ရပ်တည်နေသူတစ်ယောက်အနေနဲ့ ယတြာစီရင်ပေးရတဲ့အပိုင်းနဲ့က မလွတ်ကင်းတာမျိုးရှိပါသည်။ ဗေဒင်နဲ့ယတြာဆိုတာကလဲခွဲခြားလို့မရ၊အမြဲပူးတွဲပါနေသည်သာ...
အဲဒီမှာပြောစရာတွေရှိလာပါပြီ။ကျွန်တော်အနေနဲ့ယတြာနဲ့ပက်သက်ပြီးအကုသိုလ်ကင်းအောင်ပေးလေ့ရှိပါသည်။
*မွေးမြူရေးအတွက် အခါမပေးပါ။ ယတြာမပေးပါ။
*အရက်ဆိုင် စားသောက်ဆိုင်တွေအား လူဝင်အောင် ဓာတ်ဆင်မပေးပါ
*ပစ္စည်းပျောက် မဟောပါ
*ကာမပိုင် မယားကြီးရှိရဲ့နဲ့ အငယ်အနှောင်းကိစ္စအတွက် ဓာတ်မဆင်ပါ
*လင်ကြီးရှိရဲ့သားနဲ့လင်ငယ်နဲ့ပျော်ချင်သူတွေကို ယတြာမပေးပါ
*အိမ်ထောင်သည်ကိုမြူဆွယ်လို့ရအောင် ဓာတ်မဆင်ပါ
*KTV ၊မာဆတ်၊စင်တင်စားသောက်ဆိုင်တွေ လူဝင်အောင်လုပ်မပေးပါ။
*၁လုံး ၊၂လုံး၊၃လုံးအပြင် လောင်းကစားအလုပ်များ ဒိုင်များ ရောင်းအားတတ်အောင်ယတြာမပေးပါ။
* မယားငယ်က မယားကြီး ဒုက္ခရောက်အောင်မျိုး ၊
မယားကြီးက မယားငယ်ဒုက္ခရောက်အောင်ဆိုတာမျိုး
လုပ်ပေးမည်မဟုတ်ပါ။
အထက်များ အကြောင်းကိစ္စများအပြင် မည်သည့်အကုသိုလ်အလုပ်ကိုမှ ယတြာမပေးပါဘူး။
ခေတ်က ပျက်လာလေလေ အကုသိုလ်အလုပ်တွေကို လူတွေက နှစ်သက်ကြလေပဲလားမသိ ။
ကျွန်တော့်သူငယ်ချင်း ၊မိတ်ဆွေတွေထဲမှာပင် အကုသိုလ်အလုပ်တွေအများကြီးလုပ်နေသူတွေရှိနေကြသည်။
သူငယ်ချင်းတစ်ယောက်ဆို သူလုပ်ခဲ့တဲ့ ကုမ္ပဏီကနေ
အောက်ဆိုက်တွေအများကြီးရသည်။နှစ်နဲ့ချီပြီးလုပ်ခဲ့သည်
အလုပ်က နဲနဲကြပ်လာတော့ ထွက်လိုက်သည်။
လက်ထဲမှာတော့ သိန်းပေါင်းရာချီပိုက်လျက်ပေါ့။
ရထားတဲ့အရင်းအနှီးငွေလေးကို အကုသိုလ်အလုပ်မှာပဲထပ်လုပ်သည်။ liquid store ဆိုင်ဖွင့်သည်။
စိတ်မကောင်း။ ပညာတတ်ဘွဲ့ရတတ်ယောက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အကောင်းအဆိုးတော့ ခွဲခြားတတ်မည်သာ။ ဒါပေမဲ့ ငွေရလွယ်သောအလုပ်ဆိုပြီးလုပ်သည်။
ဘုရားရှင် ဟောထားတဲ့ အကုသိုလ်အလုပ် ၊ဥပသကာမမည်တဲ့အလုပ်တွေလုပ်နေကြသည်။ကုသိုလ်အရှိန်ကုန်သွားရင်အကျနာမယ်ဆိုတာကို သိစေချင်သည်။
ရောင်းအားကောင်းဖို့ သူငယ်ချင်းဆိုတဲ့စိတ်နဲ့လုပ်ပေးချင်ပေမဲ့ လျစ်လျူရှုခဲ့ရသည်။
အမြင်မှန်ရပြီးအကုသိုလ်အလုပ်တွေဆက်မလုပ်ဖို့ပဲဆုတောင်းရမည်သာ။
******************************************
နောက်ပြီးမာဆတ်ထောင်ထားတဲ့သူငယ်ချင်းတစ်ယောက်နှင့်စကားအခြေအတင်ဖြစ်ဖူးသည်။ သူကပြောသည်။
"နှိပ်ပေးတဲ့ကောင်မလေးတွေကို လစာပေးထားတယ်။ နေစရာစီစဉ်ပေးတယ်။Section ဝင်ရင် ရာခိုင်နှုန်းလိုက်ပေးထားတယ်။ သူတို့လဲအဆင်ပြေ ငါလဲဆင်ပြေနေတာပဲလေ"
ူ့သူ့ဘက်က နေ သူလုပ်တာမှန်သည်ထင်နေသည်။
"အဲဒါဆိုငါပြောမယ်သူငယ်ချင်း ၊မင်းအလုပ်က တရားဝင်အနှိပ်ခန်းမဟုတ်ဘူးလေ၊ညဉ့်နက်ရင် နှိပ်တာအပြင် အဆင့်ကျော်တာမျိုးရှိနေတာ မင်းရောငါရောအသိပဲလေ
တစ်ခုပဲပြောမယ်ကွာ မင်းအခု သမီးလေးတစ်ယောက်မွေးထားတယ်။ နောက်ထပ်မင်းမိန်းမကို သမီးလေးကိုးယောက်ထပ်မွေးခိုင်းကွာ ၊အရွယ်ရောက်ရင် အနှိပ်ပညာသင်ခိုင်းပြီး မင်းမာဆတ်မှာပဲပြန်ခိုင်းလိုက်လေ
မင်းအတွက်ပိုကျန်တာပေါ့"
"ဘာကွ"ဆိုပြီး ကျွန်တော့်ကို ထထိုးမလိုပြင်သည်။ ဘေးကသူငယ်ချင်းတွေဝိုင်းဆွဲကြလို့သာ။
"အဲဒါပဲသူငယ်ချင်း ငါပြောတာ စကားလုံးလေးတွေပဲရှိသေးတာ ၊တကယ်လက်တွေ့မဟုတ်သေးဘူး။
အခုမင်းဆီမှာလုပ်နေတဲ့မိန်းကလေးတွေကို မင်းရဲ့သမီးတွေလိုသဘောထားပြီးကြည့်ပါ။
ကိုယ်ချင်းစာတရားသာ လက်ကိုင်ထားသူငယ်ချင်း ။
မင်းအမြင်မှန်တွေ့လိမ့်မယ်"
ထိုသူငယ်ချင်းကို အမုန်းခံပြောရကျိုးနပ်သွားသည်။ ထိုအလုပ်ကို ဆက်မလုပ်ဖြစ်တော့။
မိမိသားသမီးကိုတော့ အရက်သမားမဖြစ်စေချင်၊
ကိုယ်ကျတော့ အရက်ရောင်းသည်။
ကိုယ့်သားသမီးကိုတော့ ဆေးသမားမဖြစ်စေချင် ၊
ကိုယ်ကျတော့ မူးယစ်ဆေးဝါးရောင်းသည်။
ကိုယ့်သမီးကျတော့ ရည်းစားပွေမှာကြောင့်သည်။
ကိုယ်ကျတော့ မယားငယ်နှင့် ဆိုတာမျိုး အမြဲတွေ့နေရသည်။
မိမိလုပ်နေတဲ့အလုပ်တွေကို
ရေရှည်စဉ်းစားပါ။ဘုရားကြိုက်ရဲ့လား၊
တရားမ်ွတမႈေရာ ရွိရဲ႕လား
မိမိ ၊မိသားစု၊ပတ်ဝန်းကျင်မှာ နှားခေါင်းရှုပ်စရာ ဖြစ်နေလား......
သီလရဲ့ အခြေခံက ကိုယ်ချင်းစာတရားပါပဲ။ ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး နေကြဖို့တော့လိုအပ်နေတာ
အမှန်ပင်။ ။

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...