Skip to main content

လူတွေ မအောင်မြင်ရတဲ့ အဓိကအချက်(၉)ချက်


နာမည်ကျော် သံမဏိစီးပွားရေးလုပ်ငန်းရှင်ကြီး Andrew Carnegie နဲ့ နာမည်ကျော်စာရေးဆရာ Napoleon Hill တို့ဟာ သန်းကြွယ်သူဌေးပေါင်း ၅၀၀ ကျော်ကို နှစ် ၂၀ ကြာသုတေသနပြုလုပ်ခဲ့ပြီး ၁၉၃၇ ခုနှစ်မှာ Think and Grow Rich ဆိုတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ (ဒီစာအုပ်ကို ဆရာကြီးရွှေဥဒေါင်းက “အကြံဉာဏ်ဖြင့်ကြီးပွားရေး” ဆိုပြီး ဘာသာပြန်ခဲ့ပါသေးတယ်။) ဒီစာအုပ်ထဲမှာပါတဲ့ လူတွေမချမ်းသာရတဲ့ အဓိကအကြောင်းအရင်းကြီး (၉) ချက်ကို Myanmar Online Entrepreneur - MOE ပရိတ်သတ်များအတွက် ဝေမျှပေးသွားမှာဖြစ်ပါတယ်။

======================

၁။ ရည်မှန်းချက် တိတိကျကျမရှိခြင်း

ရည်မှန်းချက် သတ်သတ်မှတ်မှတ်မရှိတဲ့ လူတစ်ယောက်အတွက် မျှော်လင့်ချက်ဆိုတာလည်း မရှိလာနိုင်ပါဘူး။ ကြွယ်ဝမှုကို လိုချင်တယ်ဆိုရင် ကိုယ်ငွေဘယ်လောက်စုချင်သလဲ၊ ငွေဘယ်လောက်လိုချင်သလဲဆိုတာကို တိတိကျကျရည်မှန်းချက်တစ်ခု သတ်မှတ်ထားပါ။ ပြီးရင် ရလာတဲ့ ပိုက်ဆံတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ၊ ဘယ်လိုတိုးပွားအောင်လုပ်မလဲဆိုတာကို Plan တစ်ခု ရေးဆွဲထားပါ။ အောင်မြင်မှုဆိုတာ လွယ်လွယ်နဲ့ မရလာနိုင်ပါဘူး။ စိတ်ရှည်ရှည်နဲ့ မဆုတ်မနစ်ကြိုးစားမှသာ ရရှိနိုင်မှာပါ။ အကောင်းဆုံးကတော့ ရင်းနှီးမြှုပ်နှံမှုတစ်ခု စလုပ်ဖို့ပါပဲ။

======================

၂။ တတ်မြောက်ထားတဲ့ ပညာတွေကို အကျိုးရှိစွာ အသုံးမချခြင်း

ပညာဆိုတာ တက္ကသိုလ်မှာ သင်ယူခဲ့ရတဲ့ ပညာတွေ၊ ဘွဲ့တွေကိုပဲ ပြောတာမဟုတ်ပါဘူး။ ကိုယ်လေ့လာထားတဲ့ အသိပညာ၊ အတတ်ပညာတွေဟာ သေချာစုစည်းပြီး ဘဝမှာ ကောင်းစွာအသုံးမချတတ်ရင် အချည်းအနှီးပါပဲလို့ ဆိုပါတယ်။ ကုမ္ပဏီတွေက ဝန်ထမ်းတွေကို လစာတွေပေးထားပြီး အလုပ်ခန့်ထားတာဟာ သူတို့ပညာတွေတတ်လို့ပဲ မဟုတ်ပါဘူး။ အဲ့ဒီတတ်ထားတဲ့ပညာတွေကို ကုမ္ပဏီအတွက် အကျိုးရှိအောင် အသုံးချနိုင်ဖို့ အလုပ်ခန့်ထားတာဖြစ်ပါတယ်။

ဒါကြောင့် ဘွဲ့ရတာလောက်နဲ့ မရပ်လိုက်ပါနဲ့။ အမြဲတမ်း အသစ်အသစ်သောပညာတွေကို သင်ယူဖို့အလေးထားပါ။ ရတဲ့အချိန်မှာ စာဖတ်ဖို့၊ ကိုယ်ကျွမ်းကျင်ချင်တဲ့နယ်ပယ်နဲ့ပတ်သက်ပြီး လေ့လာဖို့တွေ လိုအပ်ပါတယ်။ အခုအချိန် နယ်ပယ်အသီးသီးမှာ အောင်မြင်နေသူအားလုံးနီးပါးဟာ အမြဲတမ်းသင်ယူလေ့လာသူတွေ၊ စာအလွန်ဖတ်သူတွေ ဖြစ်ကြတယ်ဆိုတာ လုံးဝမမေ့ပါနဲ့။

======================

၃။ စည်းကမ်းမရှိခြင်း

စည်းကမ်းဆိုတာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းက စတာပါ။ မကောင်းတဲ့အမူအကျင့်တွေကို ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ အခြေအနေတွေ၊ ပြဿနာတွေကို မကိုင်တွယ် မထိန်းချုပ်နိုင်ခင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို အောင်နိုင်ခြင်းက အဓိကပါပဲ။

ချမ်းသာချင်တယ်ဆိုရင် အခြေခံစည်းမျဉ်းက “နည်းနည်းသုံး များများစု” ပဲဖြစ်ပါတယ်။ လွယ်လွယ်လေးလို့ ထင်ရပေမယ့် နည်းနည်းပဲသုံးဖို့ (အထူးသဖြင့် မလိုအပ်တဲ့နေရာတွေမှာ အလေအလွင့်မရှိစေဖို့) ဆိုတာ စည်းကမ်းလိုပါတယ်။ ပိုက်ဆံပိုစုမိဖို့၊ မလိုအပ်ပဲ သုံးနေမိတာတွေကို စည်းကမ်းရှိရှိနဲ့ ကိုယ့်ကိုယ်ကို ထိန်းကျောင်းဖို့ လိုအပ်ပါတယ်။

======================

၄။ ကိုယ့်ကျန်းမာရေးကို လစ်လျှူရှုခြင်း

ကျန်းမာရေးမကောင်းတဲ့သူဟာ အောင်မြင်ပျော်ရွှင်နိုင်မှာမဟုတ်ဘူးဆိုတာ ရာနှုန်းပြည့်သေချာနေပါတယ်။ သန်းကြွယ်သူဌေးအားလုံးလိုလိုဟာ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့အတွက် သီးသန့်အချိန်ပေးတတ်ကြတယ်ဆိုတာ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကျန်းမာရေးကောင်းမှ တစ်ခြားသောအရာတွေကို ရယူနိုင်မယ်ဆိုတာ အောင်မြင်နေသူတွေအားလုံး သိထားကြလို့ပဲဖြစ်ပါတယ်။

======================

၅။ အချိန်ဆွဲခြင်း

အချိန်ဆွဲတာဟာ လူတွေအများဆုံး လုပ်တတ်တဲ့ အမှားဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ အများစု မအောင်မြင်ရတဲ့ အဓိကအကြောင်းအရင်းကတော့ အချိန်မကျသေးဘူးဆိုပြီး မှန်ကန်တဲ့အချိန်ကို စောင့်ဆိုင်းနေကြလို့ပါပဲ။ စောင့်နေလို့ ဘာမှထူးခြားတာ ဖြစ်မလာပါဘူး။ လုပ်စရာရှိတာကို ကိုယ့်မှာရှိတာနဲ့ အရင်ဆုံးစတင်လိုက်ပါ။ လုပ်ရင်းလုပ်ရင်းနဲ့ အဆင်ပြေသွားပါလိမ့်မယ်။

======================

၆။ ဇွဲလုံ့လမရှိခြင်း

လူတွေတော်တော်များများဟာ အစပိုင်းမှာကောင်းပြီး ဟုတ်သလိုလိုနဲ့ နောက်ပိုင်း အဖျားရှူးသွားတတ်ကြပါတယ်။ ရှုံးနိမ့်မှုတစ်ခုနဲ့ ကြံုတွေ့လိုက်ရတာနဲ့ လက်လျှော့ချင်ကြပါတယ်။ လိုချင်တဲ့ပန်းတိုင်ကို မရောက်မချင်း လက်မလျှော့ပါနဲ့။ အောင်မြင်နေတဲ့သူတွေ အားလုံးဟာ ရှံုးနိမ့်မှုတွေကို ကြံုတွေ့ခဲ့ကြရပြီးတော့ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

ဘယ်နှစ်ခါရှုံးရှံုး အရေးမကြီးပါဘူး။ တစ်ခါပဲ မှန်ကန်သွားဖို့ လိုအပ်ပါတယ်။ လူတိုင်းအမှားတွေ ကြံုတွေ့ကြရမှာ မလွဲမသွေပါပဲ။ အဲ့ဒီအမှားတွေထဲကနေ သင်ခန်းစာတွေ ရယူပြီး နောက်တစ်ခါ မှန်ကန်အောင် ကြိုးစားကြဖို့က အရေးအကြီးဆုံးပါပဲ။

======================

၇။ အဆိုးမြင်ခြင်း

အရာရာကို အကောင်းမမြင်တဲ့သူာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ အောင်မြင်မှုက တစ်ယောက်တည်း ရယူလို့မဖြစ်ပါဘူး။ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုးမြင်စိတ်ရှိနေရင် လူတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ အကောင်းမြင်တတ်ပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လူတွေဟာ အလုပ်မှာ ကောင်းကောင်းလုပ်ဆောင်နိုင်ကြပြီးတော့ အောင်မြင်မှုကိုလည်း ပိုပြီးလွယ်လွယ်ကူကူ ရရှိနိုင်ကြပါတယ်။

======================

၈။ ဆုံးဖြတ်ချက်ကောင်းကောင်း မချတတ်ခြင်း

သန်းနဲ့ချီပြီးတော့ ချမ်းသာကြွယ်ဝတဲ့သူတွေကို လေ့လာကြည့်တဲ့အခါမှာ အကုန်လုံးနီးပါးဟာ ပြတ်ပြတ်သားသားနဲ့ မဆိုင်းမတွ ဆုံးဖြတ်ချက်ချတတ်တဲ့ အကျင့်ရှိတတ်ကြပါတယ်။ ပြောင်းပြန်ပြောရရင်တော့ မအောင်မြင်တဲ့သူတွေအားလုံးဟာ ဆုံးဖြတ်ချက်ချရာမှာ မပြတ်မသားနဲ့ အချိန်ဆွဲတတ်ကြပြီးတော့ ဆုံးဖြတ်ချက်ချပြီးရင်လည်း ခဏခဏပြန်ပြောင်းတတ်ကြပါတယ်။

======================

၉။ ကိုယ်မနှစ်သတ်တဲ့အလုပ်မှာ ဆက်လုပ်နေခြင်း

မကြိုက်မနှစ်သက်တဲ့ အလုပ်ကိုလုပ်နေတဲ့သူက ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ကိုယ်တကယ် စိတ်ပါဝင်စားတဲ့အလုပ်တစ်ခုကို ရွေးချယ်ပြီး သေသေချာချာစိတ်နှစ်ပြီး အလုပ်လုပ်ဖို့ အရေးကြီးပါတယ်။ စိတ်မချမ်းသာပဲ စိတ်ဖိစီးမှုတွေပဲ အရမ်းပေးတဲ့အလုပ်မှာ သည်းခံပြီးတော့ မလုပ်ပါနဲ့။ ထွက်သင့်တဲ့အချိန်မှာ ထွက်လိုက်တာဟာ ကိုယ့်အတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။

======================

အခုဆိုရင်တော့ Myanmar Online Entrepreneur - MOE ပရိတ်သတ်များလည်း လူတွေမအောင်မြင်ရတဲ့နောက်ကွယ်က အဓိကအကျဆုံး အကြောင်းအရင်းကြီး ၉ ချက်ကို သိရှိသွားပြီဖြစ်ပါတယ်။

အောင်မြင်မှုရရှိချင်ပါသလား? ဒါကတော့ လွယ်ပါတယ်။

အပေါ်မှာပြောပြခဲ့တဲ့ အချက်ကြီး ၉ ချက်ထဲက ကိုယ့်ဆီမှာ ဘယ်နှချက်လောက်များ ရှိနေသလဲဆိုတာ ကိုယ့်ကိုယ်ကို အပွင့်လင်းဆုံး ဝေဖန်ဆန်းစစ်ပါ။ ပြီးရင် တစ်ချက်ချင်းစီကို ကိုယ့်ဆီကဖယ်ထုတ်နိုင်အောင် အစီအစဉ်ချပြီး ကြိုးစားလုပ်ဆောင်ပါ။ အောင်မြင်မှုဆီကိုလျှောက်လှမ်းနိုင်တဲ့လမ်းပေါ်ကို အလိုလိုရောက်ရှိသွားပါလိမ့်မယ်။

======================

အခုဖော်ပြခဲ့တဲ့အကြောင်းအရာလေးက မိတ်ဆွေအတွက် အကျိုးရှိစေတယ်ဆိုရင် ဒီ Post လေးကို Like & Share လုပ်ပေးဖို့ မမေ့ပါနဲ့ခင်ဗျာ။

#MyanmarOnlineEntrepreneur

#MOE

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...