Skip to main content

#အညံ့စားဝီရိယများ



ကျွန်တော့်ပတ်ဝန်းကျင်မှာ ကောက်ရိုးမီး စိတ်ဓာတ်တွေများနေကြတယ်။ ကျွန်တော်ပြောတာလက်မခံရင် အနည်းငယ်စောင့်ကြည့်လိုက်ပါ။ shortcut (ဖြတ်လမ်း) ဆိုတဲ့စကားလုံးဟာ လူတွေရဲ့သည်းခြေကြိုက်စကားပေါ့ ။အလွယ်လမ်းဆိုအရမ်းသဘောကျတတ်တယ်။အဲဒါကြောင့်ပဲ ရက်တိုသင်တန်းတွေက အလွန်အောင်မြင်ကြတယ်။
အင်္ဂလိပ်စာလေ့လာမယ်ဆိုပါစို့။ အစကတော့ ငါ native speaker တစ်ယောက်လိုကျွမ်းကျင်ရမယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ပေါ့။ သုံးလလောက်လဲ ကြာရော ထမင်းစား၊ရေသောက်လောက်တတ်ရင်တော်ပါပြီဖြစ်သွားရော။
ကျွန်တော်တို့ကိုးကွယ်တဲ့ ဗုဒ္ဓက လေးအင်္သချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတယ်။ သဗ္ဗညုတဉာဏ်ကို လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးလေ……။
''အဲဒါက ဘုရားရှင်ကွ….ဂရုဏာရှင်လေ "လို့ ထပ်တွန့်တတ်မယ်ဆို ကျွန်တော်ဖတ်ဖူးထားတာလေးထပ်ပြောပါ့မယ်။
ကမ္ဘာကျော်တဲ့ ဂီတပွဲတစ်ခုမှာပေါ့။ ပွဲကြီးပြီးလို့ သိမ်းနေချိန်မှာ ''ဗီသိုဗင်'' ကို
ပရိသတ်တစ်ဦးကနှုတ်ဆက် ရင်းစကားဆိုတယ်။
''ခင်ဗျားရဲ့တီးခတ်သံတွေက အရမ်းကောင်းလွန်းတယ်ဗျ….ခင်ဗျားတီးသလိုသာ တီးတတ်ခွင့်ရမယ်ဆိုရင် ကျွန်တော့်ဘဝတစ်ခုလုံးကိုတောင် ပေးနိုင်ပါတယ်''……တဲ့
ဗီသိုဗင်ပြန်ဖြေတာက
''ကျုပ်လဲဒီလိုတီးတတ်ဖို့ ကျုပ်ဘဝတစ်ခုလုံး ပေးခဲ့ရပါတယ်'' တဲ့
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မြန်မာဆိုင်းပညာရှင်ကြီး စိန်ဗေဒါဟာ သူ့ရဲ့လက်ကွက်တွေကို
နေ့တိုင်းပြန်လှန်လေ့ကျင့်လေ့ရှိတယ်တဲ့။
တစ်နေ့တော့ သူတပည့်တစ်ယောက်ကပြောတယ်။
''ဆရာရယ်….မြန်မာပြည်မှာ ဆရာ့လက်ရည်ကိုမှီတဲ့သူမရှိပါဘူး….
ဘာလို့လေ့ကျင့်နေတာလဲတဲ့..''
အဲဒီမှာ ဆရာကြီး စိန်ဗေဒါပြန်ဖြေတာက မှတ်သားစရာအလွန်ကောင်းပါတယ်။
''ငါသည်သာ ငါ့ပြိုင်ဖက်ကွ…မနေ့ကငါထက်ဒီနေ့ငါက သာအောင်ကြိုးစားနေရတာ..ဒီနေ့ငါထက် ..မနက်ဖြန်ငါက ပိုသာနေရမယ်ဆိုတဲ့ စိတ်နဲ့ ငါ့ကိုယ်ငါပြိုင်နေတာ''
ကျွန်တော်တို့တွေ့ကရော ဘယ်လောက်ထိအချိန်ပေးပြီးပြီလဲ ... ဘယ်လောက်ထိဇွဲဝီရိယစိုက်ထုတ်ပြီးကြိုးစား ပြီးပြီလဲ…ကြိုးစားမှုမရှိဘဲ အောင်မြင်ချင်တာဟာ လစာအပြင် အောက်ဆိုက်ရှာခြင်းတဲ့သူနဲ့ တူတာပါပဲ။
သူများတွေ လမ်းကြောင်းတစ်ခုပေါ်ရောက်ပြီး အောင်မြင်သွားချိန်..သူအရင်ကဘာမှမဟုတ်ပါဘူးကွဆိုပြီး…မနာလိုစိတ်တွေ နဲ့ ပြောလေ့ရှိကြတယ်…
အရင်ကတော့ ဘာမှမဟုတ်ပေမဲ့ comfort zone မှာနေတဲ့သူနဲ့ဇွဲဝီရိယနဲ့ ကြိုးစားနေသူ တစ်ချိန်မှာမိုးနဲ့မြေလိုကွာ သွားမှာပါပဲ။ မိမိကိုမညာတမ်းပြန်မေးကြည့်ပါ။ ငါသက်သာသလိုနေနေတာလား။ ရေစီးမှာမျောလိုက်နေတာလား. ရေဆန်နဲ့ တိုးတဲ့အခါ တွန်းလှန်နိုင်ပါစေလို့ပြောကြားရင်း….ဗုဒ္ဓဘုရားရှင်ပြောခဲ့တဲ့ တရားစကားလေးနဲ့ ဆောင်းပါး ကိုအဆုံးသတ်ပါရစေ။
အညံ့စား ဝီရိယဖြင့်
အမြတ်စား
အထွတ်အထိပ်သို့
ရောက်ရိုးထုံးစံမရှိ
🙏ဗုဒ္ဓ🙏
ဆရာငြိမ်းအေးလူ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...