Skip to main content

ငယ်သူတို့ချစ်ခြင်း အပြစ်ကင်းကြပါစေ



အစိုးရ ရုံးပိတ်ရက်တစ်ရက်။ ရွှေမောဓောဘုရားရင်ပြင်မှာ ဘုရားဖူးတွေလွန်စွာ စည်ကားနေ၏။ အခုလိုရုံးပိတ်ရက်တွေမှာရန်ကုန်က ဘုရားဖူးကားတွေအလွန်လာလေ့ရှိလေသည်။ဒါကြောင့်ပဲ
သနပ္ပင်လမ်း၊ရွှေသာလျောင်းဘုရားလမ်းတွေမှာ
လမ်းတွေပိတ်သည်အထိ ကားတွေပြည့်နှက်နေ
တတ်သည်။
အခုလဲရွှေမောဓောဘုရားရင်ပြင်မှာ ဘုရားဖူးတွေကြက်ပျံမကျ စည်ကားနေပြန်သည်။ကျွန်ုပ်လဲစနေထောင့်က ကျောက်တော်ကြီးဘုရားမှာအဓိဋ္ဌာန်ပုတီးစိပ်ပြီး ခိုစာကျွေးဖို့ထွက်လာခဲ့လေသည်။ တစ်ညလုံးရေစိမ်ထားသော ကုလားပဲခြမ်းလေးတွေကိုခိုလေးတွေ အားပါးတရစားကြလေသည်။
“တူ…တူ”
ခိုစာကျွေးနေတုန်း ဖုန်းကနေ vibrator မြည်လာလေသည်။ silent လုပ်ထားတဲ့အတွက်vibrator အသံသာကြားရလေသည်။
" ဟဲလိုမင်္ဂလာပါဗျ"
"ဟုတ် မင်္ဂလာပါ….ဆရာငြိမ်းအေးလူလား ရှင့်"
"ဟုတ္ပါတယ္ဗ်"
"ဆရာ သမီးရန်ကုန်ကပါ…ပဲခူးဘုရားဖူးလာလို့ ဆရာဆီ ဗေဒင်ဝင်မေးချင်လို့ပါ "
"သြော် ဟုတ်ပါပြီ အခုက ပဲခူးဘယ်နားရောက်ပြီလဲ"
"ပဲခူးမြစ်ကူးတံတားနားရောက်တော့မယ် ..ဆရာ "
"အဲဒါဆိုရင် ရွှေမောဓောဘုရားကိုအရင် ဝင်ဖူးလိုက်ပါဗျာ ဆရာလဲ ဘုရားရင်ပြင်မှာရှိပါတယ်။ ဘုရားရောက်ရင် အင်္ဂါထောင့်က ခရေပင်ကြီးအောက်မှာ ဆရာရှိမယ် "
"ဟုတ်င်္ကဲ့ဆရာ သမီးတို့လာခဲ့ပါမယ်"
ခိုစာကျွေးပြီးတိုင်း ခရေပင်အောက်မှာတံမြက်စည်းလှည်းလေ့ရှိသည်။ ဘာရယ်မဟုတ် တံမြက်စည်းလှည်းပြီး ဂုဏ်တော်ပွားရသည့်အရသာကိုနှစ်ခြိုက်မိသည်။
သိပ်မကြာလိုက်
"ဆရာငြိမ်းအေးလူလား…မသိဘူး
အရပ်မြင့်မြင့်၊ အသားဖြူဖြူနှင့် အသက် ၂၀ကျော်ကျော်လောက်ရှိသော မိန်းကလေးတစ်ဦး …"
"ဟုတ်ပါတယ်ဗျ…..ကျွန်တော်ငြိမ်းအေးလူပါ လာဗျာ ဒီခရေပင်အောက်က ခုံဝိုင်းလေးမှာပဲထိုင်ရအောင် "
"ဟုတ်ဆရာ သမီးကဆရာရောဟုတ်ရဲ့လားလို့အရဲစွန့်ခေါ်ကြည့်တာ"
ကျွန်ုပ်ပြုံးနေမိသည်။ ဗေဒင်ဆရာဆိုရင် မုတ်ဆိတ်ရှည်၊ ဆံပင်ရှည်နဲ့ အကျီင်္ကြောင်ကျား ဝတ်ဆင်တားသူလို့ ထင်နေပုံရသည်။ အခုလို ဆံပင်တိုတို ၊ အကျင်္ီဖြူ ၊ကချင်လုံချည် ဝတ်ဆင်
ထားသော သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို ဗေဒင်ဆရာလို့ထင်ပုံမရပေ။
ခရေပင်ကြီးကို ဝိုင်းပတ်ပြီးဆောက်လုပ်ထားသော အုတ်ခုံဝိုင်းလေးပေါ်မှာထိုင်မိကြသည်။
ကောင်မလေးတစ်ဦးအပြင်ဘေးနားမှာ ကောင်လေးတစ်ဦးလဲပါလေသည်။ ကောင်လေးကတော့ ကောင်မလေးထက်အသက်အနည်းငယ်ကြီးပုံရလေသည်။ လူငယ်တွေဖြစ်တာကြောင့် အဝတ်အစားတွေလဲ ခေတ်ဆန်ဆန် ဝတ်ဆင်ထားလေသည်။ အခါတိုင်ကို ကြည့်လိုက်တော့ အင်္ဂါအခါ အခိုက်မှာတနင်္လာ လာတာကလဲ လူနှစ်ယောက်နိမိတ်ဆိုတော့
"သမီးအနေနဲ့ အခုဆရာ့ဆီမှာမေးတာ အချစ်ရေးနဲ့ပက်သက်တဲ့ကိစ္စဖြစ်မယ်ထင်တယ်။
အထူးသဖြင့် ချစ်သူနဲ့အတူလက်တွဲနေထိုင်ဖို့အတွက် သောကရောက်နေရတယ်နဲ့တူတယ်"
"ဟုတ်တယ် ဆရာ ….ဆရာအခုပြောတဲ့အတိုင်းပါပဲ "
"ဒါနဲ့စကားမစပ် ဒီညီလေးက သမီးနဲ့ ဘယ်လိုပက်သက်လဲ "
"သမီးခ်စ္သူပါ ဆရာ"
ကောင်လေးက အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးပြသည်။
"သမီးတို့ သောကရောက်နေတာ လူကြီးမိဘအကြီးအကဲတွေနဲ့များပက်သက်နေသလား "
"ဟုတ်တာပေါ့ ဆရာရယ် ဆရာဆီအကြံဉာဏ်တောင်းချင်တာ အဲဒီကိစ္စပဲ …သမီးတို့နှစ်ယောက်က
ဒီဝါကျွတ်ရင် လက်ထပ်ဖို့ စီစဉ်ထားကြတာ…သမီးမိဘတွေကလဲသဘောတူတယ်…ဒါပေမဲ့သူ့
မိဘတွေက သဘောမတူချင်ဘူး …အထူးသဖြင့်သူ့အမေ"
" ဟုတ်တယ်ဆရာ…အမေကနားချလို့ကိုမရဘူး .. ငယ်သေးတယ်နဲ့ .....အိမ်ထောင်တစ်ခုကို မတည်ထောင်နိုင်သေးဘူးနဲ့....ကျွန်တော်တို့လဲကျောင်းပြီးတာကြာလို့ လုပ်ငန်းခွင်မှာတောင်ရာထူး အတော်အသင့်ရနေပြီ ..အဲဒါကိုစိတ်ပူနေသေးသည် "
ကောင်လေး၏ဝင်ရောက်ပြောဆိုတဲ့စကား…မိခင်အပေါ်စိတ်ခုနေတဲ့အရိပ်အရောင်တွေ မြင်နေရသည်။
" ဒီလိုတော့ မပြောကြနဲ့ ငါ့ညီတို့ရေ...မိဘတိုင်းသားသမီးကိုအရွယ်ဘယ်လောက်ပဲရောက်ရောက် ကလေးလို့ပဲမြင်ကြတာလေ...အထူးသဖြင့် မိခင်တွေက သားတွေကို သူတို့ရဲ့ရင်ခွင်ထဲမှာရင်အုပ်မကွာ စောင့်ရှောက်ချင်ကြသလို ဖခင်တွေကလဲ သမီးတွေအပေါ်မှာ ဒီအတိုင်းပဲကွ။ ဒါကလဲ ငါ့ညီတို့ မိဘနေရာရောက်မှ သိလိမ့်မယ်
ငါ့ညီတို့ နှစ်ယောက်မွေးသက္ကရာဇ် တွေပြောပါအုံး "
စာအုပ်၊ဘောပင်မပါတော့၍ ဖုန်းထဲကဗေဒင် apkကနေ တွက်ကြည့်လိုက်သည်။ ဇာတာနှစ်ခုက
ရေရှည်လက်တွဲလို့ သင့်တော်တဲ့ ဇာတာတွေဖြစ်သလို များမကြာမီလဲ လက်ထပ်ရတော့မဲ့ ကံအနေအထားတွေလဲတွေ့ရလေသည်။
"ဘာမှမပူနဲ့... မကြာမီ ငါ့ညီတို့ နှစ်ယောက်လက်ထပ်ဖြစ်လိမ့်မယ်။ မင်္ဂလာခမ်းခမ်းနားနားကျင်းပပြီး လက်ထပ်တာမျိုးနော် ။ ခိုးပြေးပြီး လူမသိလူမသိ ရုံးတတ်လက်မှတ်ထိုးတာမျိုးမဟုတ်ဘူး... ဆရာပြောတဲ့ ယတြာတွေတော့ လုပ်ရလိမ့်မယ်"
"ဟုတ်ဆရာလုပ်ပါ့မယ် "
"ကဲလိုက်မှတ်ထားလိုက် မှတ်စရာမရှိရင် ဖုန်းနဲ့ recording ဖမ်းထားလိုက်..."
"ဟုတ္ဆရာ"
.ကောင်လေးကဖုန်းဖွင့်ပြီး recordလုပ်ထားလေ၏
"ပထမဦးစွာ ငါ့ညီက မိခင်ရဲ့ ခြေသည်းလက်သည်းတွေကိုယူရမယ်... မိခင်ခြေသည်းလက်သည်း လှီးပြီးအခါ မလွှတ်ပစ်နဲ့... ယူထားလိုက် ... ပြီးရင် ရေစင်အောင်ဆေးပြီး မိမိလိမ်းမဲ့ အုန်းဆီဗူးထဲထည့်ထားလိုက်... ထိုအုန်းဆီကို နေ့တိုင်းလိမ်းပေး
.........နောက်တစ်ခုက မနက်ဘုရားရှစ်ခိုးတဲ့ အချိန်တွေ ၊ညဘက် ဘုရားရှစ်ခိုးတဲ့ အချိန်တွေမှာ မိခင်အကျႌကို မိမိပုခုံးမှာတင်ပြီးရှစ်ခိုးပါ.. အရင်တုန်းက ဦးသုံးကြိမ်ကို ပုဆိန်ပေါက် ရှစ်ခိုးခဲ့တယ်ဆိုလဲ
အခုအခါတွေမှာတော့ အချိန်ကြာကြာလေးရှစ်ခိုးပါ ပရိတ်ပဌာန်းတွေကိုလဲ အချိန်ယူပြီး ရွတ်ဆိုပါ ...
မိခင်ရဲ့ အကျႌကတော့ နေ့စဉ် တစ်နေ့တစ်ထည်ပခုံးပေါ်မှာ တင်ထားပါ
နောက်ပြီး ရေနဲ့ ပက်သက်တဲ့ ကုသိုလ်တွေ လုပ်ပေးပါ။ အိပ်ရာကနိုးတာနဲ့ ဘုရားရှင်ကို မျက်နှာသစ်တော်ရေကပ်ပါ/သောက်တော်ရေကပ်ပါ... နံနက်စာအတွက် အမိအဘတွေကို ကော်ဖီ အချိုရည်နွားနို့ စတဲ့ မိဘတွေ ကြိုက်ရာဖျော်ရည်တစ်မျိုးမျိုး စီစဉ်ပြီး လုပ်ကျွေးပါ
ငါ့ညီက စနေသား ၊သမီးက အင်္ဂါသမီးဆိုတော့
နှင်းဆီပန်း ၇ပွင့်ကို ဘုရားမှာ ခဏခဏကပ်လှူပေးပါ … နှစ်ယောက်စလုံး အတူတကွကပ်လှူတာမျိုးဆို ပိုကောင်းပါတယ်
နောက်ဆုံး တစ်ခုအနေနဲ့ ရေနေသတ္တဝါလေးတွေကို အစာခဏခဏကျွေးကြပါ၊ တတ်နိုင်ရင် ရေနေသတ္တဝါလေးတွေကိုဝယ်လွှတ်ပေးပါ ..ငါးစာတို့ လိပ်စာတို့ အတူတူကျွေးပေါ့ကွာ..
အထက်ပါယတြာတွေလုပ်ပေးမယ်ဆို ငါ့ညီတို့ရဲ့ အချစ်ခရီးလမ်းက သာယာတဲ့ခရီးလမ်းဖြစ်မှာပါ "
"ဟုတ်ကဲ့ပါ ဆရာ ... ကျေးဇူးအများကြီးတင်ပါတယ်"
ကလေးမက ဉာဏ်ပူဇော်ခ တစ်သောင်း သူ့လက်ပွေ့အိတ်ထဲမှ ယူပြီး ကန်တော့လေ၏။
" ချစ်သူနှစ်ဦး ထာဝရလက်တွဲနိုင်ပြီး သာာယာအောင်မြင်တဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်နိုင်ပါစေဗျာ "
" ပေးတဲ့ဆုနဲ့ပြည့်ပါစေဆရာ"
ဒီတစ်သောင်းက ဆရာကိုကန်တော့တာဆိုတော့ ဆရာပိုင်သွားပြီနော်
"ဟုတ်တယ်လေ ဆရာ "
အဲဒါဆို ဒီတစ်သောင်းကို ရွှေသင်္ကန်းအလှူ ခံဌာနမှာ သွားလှူပေးပါ
ဆရာ့နာမည်နဲ့မဟုတ်ဘူးနော်
သမီးတို့နှစ်ယောက်နာမည်နဲ့"
"ဟာဆရာကလဲ အားနာစရာႀကီး"
"အားမနာပါနဲ့ ဆရာကုသိုလ်ဆက်ပေးတယ်လို့သဘောထားပါ"
မကြာမီ အလှူဌာနက ဆုပေးသံပျံ့လွင့်လာလေသည်။ ဘယ်
နေရာကြည့်ကြည့် အရာရာတိုင်းကလှပနေတော့လေသည်တကား..။ …။
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695 )

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...