Skip to main content

ဘိန်းမုန့်ကို ရှလကာရည်လောင်းရသော ယတြာဆန်းတစ်မျိုး -မင်းသိင်္ခ- *************************************



တစ်နေ့တွင် ကျွန်ုပ်၏မိတ်ဆွေ ကိုတင်မြင့် ဆိုသူ ကျွန်ုပ်ထံသို့ ရောက်လာပြီးလျှင် -
“ဆရာရေ လုပ်ပါဦး သစ်တွေက ဆိပ်ကမ်း ကို ရောက်နေပြီ။ သင်္ဘောတင်ဖို့စရိတ်စက လိုနေ တယ်။ လိုနေတာက သိန်း ၇၀ လောက်လိုနေတယ်။အဲဒါ မနက်ဖြန် ၁၂ နာရီထိုးလို့မှ ကျွန်တော့်ဘက် က မပေးနိုင်ရင် အရှက်ကွဲပါပြီ။ အရှက်ကွဲတာထက် ကျွန်တော် ဒီတစ်သက် ကုန်သည်လုပ်စားလို့ မရ တော့ဘူး။ ဘယ်သူမှလည်း ကျွန်တော့်ကို ယုံမှာ မဟုတ်တော့ဘူး။ ဆရာ့ပညာနဲ့ ကယ်ပါဦး”ဟုဆို ကာ အပူကပ်လေတော့၏။
ကျွန်ုပ်သည် ကောင်းကင်ဆီသို့ မျက်နှာမော့ ထားပြီးလျှင် မျက်စိကို မှိတ်ထားလိုက်လေ၏။ ထိုသို့ မှိတ်ထားလိုက်စဉ်၌ လင်ဗန်းအသေးစားအရွယ်ခန့်ရှိ ဘိန်းမုန့်တစ်ချပ်ကို အာရုံတွင် တွေ့မြင်ရလေ၏။ ဘိန်းမုန့်ကြီးမှာ နီညိုရောင်ကြီးဖြစ်၏။ ဘိန်းစေ့ များလည်း အပြည့်ပါ၏။ ထိုဘိန်းမုန့်ကြီးကို ကျွန်ုပ်၏ မိတ်ဆွေ ကိုတင်မြင့်ဆိုသူသည် မြေကြီးပေါ်တွင် ချခင်းပြီးလျှင် ပုလင်းတစ်လုံးမှရေဖြင့် လောင်းချ နေသည်ကို တွေ့ရလေ၏။ ထိုပုလင်းတွင်လည်း ရှလကာရည်ဟု ရေးထားသည်ကို ထင်ရှားစွာ တွေ့ ရလေ၏။ အာရုံ၌ တွေ့မြင်ရလေ၏။ ထို့ကြောင့် ကျွန်ုပ်က -
“ဒီမှာ ကိုတင်မြင့် ... ဘိန်းမုန့်ကြီးကြီး တစ်ချပ် ဝယ်ဗျာ။ ပြီးတော့ မြေကြီးမှာချပြီး ရှာ လကာရည်နဲ့ လောင်းပေတော့။ ခင်ဗျားလိုချင်တဲ့ ငွေတွေ ရလိမ့်မယ်”ဟု ပြောလိုက်မိလေ၏။ ထိုအခါ ကိုတင်မြင့်က -
“မလုပ်ပါနဲ့ ဆရာရယ် ... စားတဲ့သောက် တဲ့ ဟာကြီးကို မြေကြီးပေါ်ချပြီး ရှာလကာရည် လောင်းရမယ်လို့။ ရယ်စရာကြီးဗျာ။ တခြားလူတွေ မြင်ရင်လည်း ကျုပ်ကို ဒီအတိုင်းထားမှာမဟုတ်ဘူး ဝိုင်းပြီး ရိုက်ကြလိမ့်မယ်”ဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က -
“ယတြာကတော့ အာရုံထဲမှာ အဲဒါပဲတွေ့ တယ်ဗျာ။ ခင်ဗျား လုပ်ချင်လည်း လုပ်၊ မလုပ်ချင် လည်း နေဗျာ”ဟု ပြောလိုက်ရာ ကိုတင်မြင့်လည်း ဂွတ္တလိတ် မြလမ်းရှိ ဘိန်းမုန့်ဆိုင်တွင် ရောင်းသော ဘိန်းမုန့်ကြီးတစ်ချပ်နှင့် ရှာလကာရည်တစ်ပုလင်းကို ဝယ်၍ ကားဖြင့် ထွက်သွားပြီး လူရှင်းသော လမ်း ဘေးတစ်နေရာ၌ ချကာ ရှာလကာရည်ဖြင့် လောင်း လေတော့၏။ ထိုသို့ လောင်းပြီး ကျွန်ုပ်ထံသို့ ရောက် လာပြန်၏။ ထိုသို့ ရောက်လာပြီးနောက် -
“ကျွန်တော် လောင်းခဲ့ပြီဆရာ၊ တစ်ခုတော့ ပြောရဦးမယ်နော်။ ဒီအလုပ်က ကျွန်တော်ရော ကျွန် တော့်မိန်းမရော စပ်တူလုပ်တာဆိုတော့ မိန်းမရော လောင်းဖို့ လိုသေးလား”ဟုမေးလေ၏။ ထိုအခါ ကျွန်ုပ်က -
“မလိုပါဘူးဗျာ။ အာရုံထဲမှာ ခင်ဗျားကိုပဲမြင် တာဆိုတော့ ခင်ဗျားမိန်းမ လောင်းဖို့မလိုပါဘူး”ဟု ပြောမိလေ၏။
“ဘယ်ကနေ ဘယ်လိုငွေရမှာလဲ ဆရာ ရယ် ...ဟောစမ်းပါဦး”ဟုဆိုလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း တဲရော့ ကိုချိုးလိုက်ရာ ဘုရင်မ ကတ် ပြားကိုရသဖြင့် “မြန်မာပြည်မှာ ဘုရင်မလို့ လူသိ များတာက ရှင်စောပုပဲဗျ။ ရှင်စောပုလမ်းကလည်း စမ်းချောင်းမှာ ရှိတယ်။ စမ်းချောင်း ရှင်စောပုလမ်းက ရလိမ့်မယ် ထင်တယ်” ဟုပြောမိလေ၏။ ညပိုင်းသို့ ရောက်သောအခါ ၎င်းင်းကိုတင်မြင့် ကျွန်ုပ်ထံသို့ ရောက်လာပြီး ကျွန်ုပ်အတွက် ဝယ်လာသော ပန်းသေး ခေါက်ဆွဲတစ်ထုပ်အား လှမ်းပေးရင်း -
“ဘိန်းမုန့်နဲ့ လုပ်တဲ့ယတြာကတော့ စွမ်းပြီဗျို့။ ညနေကပဲ သိန်း ၇၀ ရခဲ့ပြီ။ ကျွန်တော့်ကို သိန်း ၇၀ ထုတ်ပြီး ချေးတဲ့လူကတော့ ရှင်စောပုလမ်းက မမြင့်တဲ့။ ဒါပေမဲ့ ပိုက်ဆံကတော့ သူ့ပိုက်ဆံမဟုတ် ဘူး။ သူ့အမေ ဒေါ်ပုရဲ့ ပိုက်ဆံပဲ။ ရှင်စောပု ပိုက် ဆံပေါ့ဗျာ”ဟု ပြောလေတော့၏။
သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...