Skip to main content

နှစ်သစ်ကူးအတွေး



သင်္ကြန်ကာလ...အများဆုံးကြားရတဲ့စကားက "စိတ်သစ်လူသစ်" ဆိုတဲ့စကားပါ။
အင်တာဗျူးတွေမှာလဲကြားရ၊
စာတွေမှာလဲဖတ်ရတာပေါ့
"စိတ်သစ် လူသစ်နဲ့နှစ်သစ်ကို
ကြိုဆိုရအောင် "
ဆိုတာတွေ
"စိတ်သစ်လူသစ်နဲံ့ နှစ်သစ်ကစပြီးဖြတ်သန်းမယ်"
ဆိုတာတွေ
"အဟောင်းတွေကိုစွန့်ပြီး စိတ်သစ်လူသစ်နဲ့ နှစ်သစ်မှာနေမယ်"စသည်ဖြင့်ပေါ့လေ......။
စိတ္သစ္လူသစ္.....တဲ့။
စဉ်းစားကြည့်တယ်...စိတ်သစ်လူသစ်ဆိုတဲ့စကားကို။
စိတ်အသစ်ဆိုတော့ စိတ်အဟောင်းတွေ ပစ်ပယ်ရမယ်ပေါ့။ စိတ်အဟောင်းဆိုတာအတိတ်ဟောင်းပဲ။အတိတ်ကလုပ်ခဲ့တာတွေမေ့ရမှာလားမသိဘူး ...အတိတ်ဆိုတာကြာရင်သမိုင်းဖြစ်တော့တာပဲ
သမိုင်းတွေမမေ့ချင်ဘူး။အတိတ်ကိုပြန်ငဲ့ကြည့်ရင်နောင်တရစရာတစ်ခုမှတွေ့ရဘူး။အတိတ်ကိုမေ့ဖျောက်ရလောက်အောင်လဲ မယုတ်မာခဲ့ဘူးလေ။
အဲဒါကြောင့် စိတ်အသစ်နဲ့မနေချင်ဘူး
စိတ်အဟောင်းလေးနဲ့ပဲနေပါရစေ....
လူအသစ္ဆိုတာကေရာ.....
ခန္ဓာကိုယ်မှာ ဟောင်းနေတာတွေကိုအသစ်လဲရမှာကိုဆိုလိုတာလားမသိဘူး။
ကိုယ်ကပိန်းတော့ သိပ်လဲမတွေးတတ်ဘူးလေ...
ကားတစ်စီးးဆို အင်ဂျင်အလုံးလိုက်လဲ ၊ဂီယာဘောက်အလုံးလိုက်လဲလို့ ရမယ်လေ ။
လူကတော့ SPARE PARTS ကလဲမရှိဘူးလေ၊
လက်ဟောင်းနေလို့ လဲမရ ။
ခြေထောက်ဟောင်းနေလို့ လဲမရ။
လူကတော့ အသစ်လဲလို့မရတာသေချာတယ်လေ
နှစ်သစ်ကလဲမကြာခင်ဟောင်းသွားပြန်ရော...
*****************************************
စိတ်အဟောင်းလေးနဲ့ပဲ အကုသိုလ်တွေလျော့အောင်ကုသိုလ်တွေတိုးပွားအောင်လုပ်ရတော့မှာပဲလေ
ကိုယ်ကလဲငယ်ငယ်ကတည်းက အကုသိုလ်စိတ်သိပ်အားကြီးတဲ့သူလေ ။အထူးသဖြင့် ဣဿ မစ္ဆိရိယ အရမ်းများတာ။ ငယ်ငယ်ကတည်းက သူများ ကိုယ့်ထက်အမှတ်များရင် အဆင့်သာရင် လုံးဝမနာလိုဘူး။အဲဒီလူကိုကြည့်လို့ကိုမရဘူး။
သူများချမ်းသာရင်လဲ အိမ်ထဲပဲမီးတုတ်ပစ်ထည့်ချင်သလို ၊ စပါးကျီကိုပဲမီးသွားရှို့ချင်သလိုကိုဖြစ်နေတာ။
ကံကောင်းတာက စာဖတ်ဝါသနာပါတော့ တွေ့တဲ့စာအုပ်ဖတ်တာလေ....အဲဒါ ဘုရားရှင်ကို သိကြားမင်းလျှောက်တဲ့စကားလေး သွားတွေ့တယ်...
"ဘယ်အရာတွေက ကမ႓ာကြီးမငြိမ်းချမ်းစေတာလဲ" လို့သိကြားမင်းကမေးတော့
ဘုရားရှင်က ဣဿ ၊မစ္ဆိရိယဆိုတဲ့ မနာလိုခြင်း ဝန်တိုခြင်းနှစ်ပါးကကြောင့် ကမ႓ာကြီးမငြိမ်းချမ်းတာ ၊စစ်တွေဖြစ်နေရတာ" လို့ ဘုရားရှင်က ပြန်ဖြေပါတယ်။
ဣဿ၊မစ္ဆိရိယကြောင့် ဘဝများစွာ ငရဲကျပြီး အန္တိမ ဘဝ ရဟန္တာဖြစ်နေတာတောင်မှ နိဗ္ဗာန်စံဝင်ခါနီးမှ ဆွမ်းတစ်နပ်သာ ဝလင်အောင်စားသွားရတဲ့ ရဟန်းတစ်ပါးအကြောင်းတွေဖတ်ရတော့
ဣဿ ၊မစ္ဆိရိယနှစ်ပါးကို တတ်နိုင်သလောက် အသိတရား လက်ကိုင်ထားပြီးလျော့ချခဲ့ရတယ်။ ဆရာသမားတွေက မုဒိတာတရားလက်ကိုင်ထားဖို့ ဆုံးမတော့ သူများအဆင်ပြေချမ်းသာတာကို ဝမ်းသာဖို့ဆိုတဲ့မုဒိတာတရားဟာ တော်တော်မလွယ်ဘူးဆိုတာသိရတော့တယ်။
အဲဒီကစပြီးအမြဲတမ်းအကုသိုလ်စေသသိတ်တွေဖြစ်ရင်
ချရေးပြီး ဆင်ခြင်၊ အကုသိုလ် တွေရင်ထဲမမွေးတော့ဘူးလို့ သစ္စာပြုမိတယ်။ အခုလိုနှစ်သစ်ရောက်တိုင်းလဲမိမိ လုပ်ခဲ့အကုသိုလ်စိတ်အဟောင်းတွေဆေးကြောပြီး စိတ်အသစ်နဲ့ ကုသိုလ်အသစ်တွေတိုးပွားအောင်
ကုသိုလ်တရား ကိန်းပြီး အကုသိုလ်တရား လျော့ပါးအောင်လုပ်ရတာပဲလေ၊၊ ကိုယ်လုပ်မိတာတွေပြောတာနော် ။
အခုလဲနှစ်သစ်မှာ စိတ်သစ်နဲ့နေမယ်ဆိုတဲ့သူတွေ ကုသိုလ်စိတ်အသစ်တွေက အကုသိုလ်စိတ်အဟောင်းတွေနေရာမှာ အစားထိုးကြပါ။
အဲလိုလေးဆင်ခြင်ပြီးနှစ်သစ်ကိုကြိုကြပါ။ ကြာလာရင် ဝိတိက္ကမ ကိလေသာတွေပယ်သတ်နိုင်ပါလိမ့်မယ်။
ပရိယုဋ္ဌာန ကိလေသာတွေကိုတော်ရုံ အာရုံတွေနဲ့တွေ့ရင်
မဖြစ်ပေါ်တော့ဘူးပေါ့။
အနုသယ ကိလေသာကတော့ မဖြုတ်နိုင်သေးဘူးပေါ့ဗျ။
******************************************
လူသစ်ဆိုတာကို စဉ်းစားရအောင်.....
လူဆိုတာက ေမြးရာကႀကီးလာ ႀကီးရာကအို အိုရာကနာ
နာရာကသေ ဆိုတာမျိုးက ဓမ္မတာပဲလေ
လူသစ်ဆိုတာ မွေးကင်းစကလေးကိုခေါ်မှပဲ ရမယ်ထင်တယ်။
တစ်ခုစဉ်းစားရမှာက ကိုယ့်ပယောဂကြောင့် ခန္ဓာကိုယ်ကြီး မြန်မြန်မပျက်စီးဖို့ကြိုးရမှာလေ။
ခန္ဓာကိုယ်ကြီးကိုတတ်နိုင်သလောက်သစ်နေအောင်ထားရမယ်ပေါ့
နားရႈပ္သြားလားမသိဘူး၊၊
ဥပမာ
ဆိုင်ကယ်စီးရင် Halmetဆောင်းမယ်
ကားစီးရင် ခါးပတ်ပတ်ရမယ်ပေါ့။
အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေဆို P.P.E ဝတ်ဆင်ပေါ့ဗျ။
ခန္ဓာကိုယ်ကို ဒုက္ခပေးမဲ့ ကွမ်း၊ဆေးလိပ် ၊အရက်၊
မူးယစ်ဆေးဝါး မသုံးဘူးပေါ့ဗျ။ မိန်းမလိုက်စားဘူးဗျ
အဲဒါဆိုရင် ခန္ဓာကိုယ်ကြီးကအတိုင်းအတာတစ်ခုထိ သစ်နေတာပဲလေ ။ ခန္ဓာကိုယ်ကြီးကို သက်ညှာရာမရောက်ဘူးလား။ အဲဒါမှခန္ဓာကိုယ်ကြီးက တတ်နိုင်သလောက်သစ်နေမှာပါ။ ရိုရိုသေသေကိုင်တွယ်တဲ့ပစ္စည်း ရေရှည်ခံသလိုပေါ့ဗျ။
စိတ်သစ်လူသစ်ကို ကျွန်တော်ကတော့ အဲလိုတွေးတာပဲ
အကုသိုလ်စိတ်ဖြစ်နေတဲ့ စိတ်အဟောင်းကို ကုသိုလ်စိတ်အသစ်နဲ့လဲမယ်ဗျ
မိမိကြောင့်ပျက်စီးနေတဲ့ခန္ဓာကိုယ်ကိုမိမိအသိတရားနဲ့ထိန်းမယ်ဗျ
ခန္ဓာကိုယ်ဆိုတာ တစ်ခါပဲအသုံးပြုပြီးလွှတ်ပစ်တဲ့ တစ်ခါသုံးဘောပင်မှမဟုတ်တာ။ မသေခင်အချိန်ထိ တစ်သက်လုံးရိုရိုသေသေ ခိုင်းရမဲ့ခန္ဓာကြီးလေ....
အဲဒီတော့ ....စဉ်းစားပေါ့ဗျ
ဘယ်လိုစိတ်သစ်လူသစ်နဲ့ နှစ်သစ်ကိုဖြတ်သန်းမလဲဆိုတာ .......။ ။
ငြိမ်းအေးလူ(ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...