Skip to main content

အလုပ် ရာထူးတိုးစေသောယတြာ


ကျွန်တော်အနေနဲ့ ခဏခဏအမေးခံရတဲ့ မေးခွန်းတွေ ၊ အခက်အခဲတွေ ပြဿနာတွေအတွက် ယတြာတွေ တင်ပေးနေကျပါပဲ။ အခုတစ်ခါ ဗေဒင်လာမေးကြသူတွေက အများဆုံးမေးတဲ့အလုပ်အကိုင်ရာထူးကိစ္စနဲ့ပက်သက်ပြီး ခုနှစ်ရက်သားသမီးများအာလုံးစီရင်လို့ရမဲ့ယတြာလေးပေးချင်ပါတယ်။
ယတြာတစ်ခု စီရင်ရာမှာ ကျွန်တော်အနေနဲ့ ဇာတာရှင်ရဲ့ မူလဇာတာ ၊ကောဇာဂြိုဟ်စီးနေတဲ့အနေအထား ၊သူ့နာမည်တည်ဆောက်ပုံတွေ ၊ရောက်လာတဲ့အင်္ဂဝိဇ္ဇာအခါတိုင်တွေကို ချင့်ချိန်ပြီးမှသာသင့်တော်တဲ့ယတြာတစ်ခုကိုဖန်တီးပေးပါတယ်။ ဒါကြောင့်အခုလိုခုနှစ်ရက်သားသမီးများ အားလုံးစီရင်လို့ရမဲ့ယတြာအစီအရင်တစ်ခုပေးဖို့က အချို့သူတွေအတွက်လွယ်ပေမဲ့
ကျွန်တော်အတွက်တော့ ခက်ခဲနေပါသေးတယ်။
ကျွန်တော်တို့ ဗေဒင်ဆရာဆီမှာ ဗေဒင်လာမေးကြသည့်သူများ၊ ယတြာလာတောင်းကြသည့်သူများ ထဲတွင် ကုမ္ပဏီဝန်ထမ်း အစိုးရဝန်ထမ်းများလည်းပါပါတယ်။သူတို့တွေမေးလေ့မေးထရှိတဲ့ မေးခွန်းတွေမှာများသောအားဖြင့် မေးတတ်ကြတာက "ဆရာတဲ့ ရာထူးတိုးဘို့ကိန်းရှိလားတဲ့၊ မြင်လားတဲ့"
ကျွန်တော်တို့ကလည်း တွက်ကြည့်တယ်။
လက်ရိုးဗေဒင်အရ လဂ်နှင့်လဂ်သခင်၊ ၁၀တန့်နှင့် ၁၀တန့်သခင် တနင်္ဂနွေ ဂြိုဟ်တို့ ကောဇာတွင်ဘယ်ဂြိုဟ်နှင့်အယှဉ်အမြင်ရှိလဲဆိုတာကြည့်တယ်။
လက်ဆန်းဗေဒင်အရ သက်ရောက်တိုင် အားစစ်ကြည့်တယ်။နာမည်ကို ဆန်းစစ်ကြည့်တယ်။ အင်္ဂဝိဇ္ဇာအခါတိုင်နှင့်စစ်သည်။ရာထူးတိုး ဖို့မြင်ရင် သေချာပေါက် ရာထူးတိုးမယ်လို့ ဟောပေးလိုက်တယ်။
အဲဒီတော့ဒီနေရာမှာ လခစား ဝန်ထမ်းတွေအတွက် အခက်ခဲကြုံတတ်တာ တစ်ခုရှိတယ်။ အဲဒါကတော့ ရာထူးတိုး ကိစ္စပဲ။ ရာထူးတိုးကိစ္စကို လေ့လာကြည့်လိုက်တဲ့ အခါ ဒီလို သွားတွေ့ရတယ်။ ပထမဆုံး ရာထူးတိုးတတ်တဲ့အမျိုး အစားက တစ်ချို့ဝန်ထမ်းတွေက အလုပ်ကို ကြိုးစားတယ်။ အလုပ်ပေါ်မှာ သစ္စာရှိတယ်။ မခိုကပ်ဘူး။ တာဝန်ကျေတယ်။ အဲဒီလို ကြိုးစားပန်းစားလုပ်တဲ့ ဝန်ထမ်းကို တချို့ အထက်လူကြီးတွေက သဘောကျပြီး ရာထူးတိုးပေးတတ်တာ ရှိတယ်။
နောက်တစ်ခုကြပြန်တော့ လုပ်သက်အလိုက် ရာထူးတိုးစာမေးပွဲ ဖြေဆိုရတယ်။ ဌာနတစ်ခုနဲ့ တစ်ခုကတော့ စဉ်မျဉ်းဥပဒေခြင်း တူချင်မှတူမယ်ပေါ့။ တစ်နှစ်တန်သည် တစ်နှစ်၊ နှစ်နှစ်တန်သည် နှစ်နှစ်ပေါ့။ အဲဒီလို ရာထူးတိုး စာမေးပွဲဖြေဆိုပြီး ရာထူးတိုးသွားတဲ့ လူတွေရှိတယ်။
တစ်ချို့ကြပြန်တော့ လုပ်သက်အလိုက်အလိုလို အော်တိုမစ်တစ် ရာထူးတိုးကြတာရှိတယ်။ ဒီတစ်ခါပြောပြချင်တာက အခက်အခဲပါ။ အဲဒီလို ရာထူးတိုးဖို့ အချိန်အခါ ကျနေပါရက်နဲ့ ရာထူးမတိုးတဲ့ လူတွေလည်း ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရာထူးမတိုးနိုင်ဖြစ်နေကြတယ်။
အကြောင်း အမျိုးမျိုးနဲ့ ရာထူးတိုး ကိစ္စတွေမှာ ထစ်ငေါ့နေတယ်။ ကြန့်ကြာနေတယ်။ ခက်ခဲနေတယ်ဆိုရင် ဒီအောက်မှာ ဖော်ပြပေးလိုက်တဲ့ ရာထူးတိုးစေသောယတြာကို ဆောင်ရွက်လို့ရပါတယ်။
* တနင်္ဂနွေနေ့ နံနက်စောစောမှာ နီးစပ်ရာ တန်ခိုးကြီးဘုရားတစ်ဆူထံသွားပါ။
ထိုတန်ခိုးကြီးဘုရားတစ်ဆူဆူရဲ့တနင်္ဂနွေထောင့်မှာ
ပန်းဆီမီးရေချမ်းကပ်လှူပါ။
အထူးသဖြင့် ငွေပန်း ၊ကံကော်ပန်းတွေလှူဒါန်းပါ။
အိမ်ကနေမြေပဲလေးကြော်လာပြီးကပ်
လှူပေးပါ။
တနင်္ဂနွေဂြိုဟ်မင်းနှင့် တကွတနင်္ဂနွေသားသမီးအပေါင်းကိုမေတ္တာပို့ပါ။ ပြီးရင်ဘုရားဂုဏ်တော်ဖြစ်တဲ့ ဘဂဝါဂုဏ်တော်ကို
၁၀၈ လုံးပုတီးဖြင့် ၉ပတ်စိပ်ပါ။
ပုတီးကိုတော့ တစ်လတိတိမပျက်မကွက်စိပ်ရပါမည်။ မနက်စောစောထစိပ်နိုင်ရင်ကောင်းပါတယ်။ အထက်ပါ ပန်းရေချမ်းကပ်တဲ့ယတြာကိုတော့ တနင်္ဂနွေနေ့တိုင်း အိမ်နဲ့နီးတဲ့ဘုရားမှာလုပ်ရပါမည်။ အနည်းဆုံး တစ်လလုပ်ပါ။ ပုတီးစိပ်ပြီးတိုင်း
ရာထူးတိုး ကိစ္စ အောင်မြင်စေဖို့ ဆုတောင်းလိုက်ပါ။ပထမရက်ကလွဲလို့ ကျန်ရက်တွေကို အိမ်မှာပဲပုတီးစိပ်နိင်ပါတယ်။
* မနက် အရုဏ်တတ်ချိန်မှာ တန်းဆွမ်းကြွလာသော သံဃာတန်း၏ ရှေ့ဆုံးသံဃာအား
အားဆေးတစ်ဗူး(သို့) တစ်ကဒ်လှူပေးပါ။
ဘယ်အချိန် ၊ ဘယ်နေ့ရက် ၊ ဘယ်အားဆေးအမျိုးအစား ဆိုတာမျိုးမကန့်သတ်ထားပါ။ မိမိငွေလွယ်တဲ့အခါတိုင်းမှာ အားဆေးဝယ်ထားပြီး ကိုယ်တိုင်ကိုယ်ကျ စောစောထပြီး လှူဒါန်းစေချင်ပါသည်။
* မိဘ ၊အဖိုးအဖွား ၊ သက်ကြီးရွယ်အို များအား ဖီးကြမ်းငှက်ပျောသီးများဝယ်ပြီး ကန်တော့ပါ။ မိမိ၏အလုပ်ရှင် ၊ အထက်လူကြီးများအား အမြဲတမ်းမေတ္တာခဏခဏပို့ပေးပါ
*စေတီတစ်ဆူဆူရဲ့တနင်္ဂနွေထောင့်မှာ သစ် သားနဲ့ လေးထောင့်စပ်စပ်ရိုက်ထားတဲ့ နေကထိုင်လေး တစ်ခု ဝယ်လှူပါ။ စာသင်သားရဟန်းတစ်ပါးအား လွယ်အိတ်တစ်လုံးလှူဒါန်းလိုက်ပါဗျ။
အထက်ပါယတြာများကိုသာ ယုံကြည်စွာလုပ်ကိုင် ပံ့ပိုးလိုက်မယ်ဆိုရင်တော့
မုချ မလွဲမသွေ မိမိနှင့် ထိုက်တန်သော ရာထူးကိစ္စ အဆင်ပြေ သွားပါလိမ့်မယ်ဟု စေတနာ စကားဆိုရင်း.........
ငြိမ်းအေးလူ ဗေဒင်သုတေသီ

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...