Skip to main content

ပျော်ရွှင်တဲ့တဲ့ဘဝ ....အောင်မြင်တဲ့ မိသားစု



    ဝါကျွတ်ပြီးကတည်းက လက်ထပ်ဖို့ ရက်ရွေးကြတဲ့ သူတွေ ၊ ဇာတာတိုက်စစ်ကြသူတွေ မကြာခဏရောက်လာတတ်ပါတယ်။ မင်္ဂလာရက် မင်္ဂလာအချိန် ရွေးချယ်ရုံမျှမက ဒီဘက်ခေတ်မှာ တရားရုံးလက်မှတ်ထိုးမဲ့နေ့၊ အသုံးပြုရမဲ့ မင်္ဂလာပန်း၊ မင်္ဂလာဝတ်စုံအရောင် ၊ အဆင်ပြေမဲ့ မင်္ဂလာခန်းမ စသည်ဖြင့် အသေးစိပ်ရွေးချယ်ပေးရလေ့ရှိပါတယ်။ 

  ဒါ့အပြင် လက်ထပ်ပြီးရင် အိမ်ထောင်ရေးသာယာချမ်းမြေ့ဖို့ ၊ရေရှည်မြဲဖို့၊ စီးပွားတတ်ဖို့ ၊သားကောင်းရတနာ ထွန်းကားဖို့ဆိုတာကလဲ ထပ်မံအကူအညီတောင်းကြပြန်ပါသေးတယ်။ 

 ဒါကလဲ မိမိတတ်နိုင်သ၍တော့ အကောင်းဆုံးအကူအညီပေးလိုက်တာပါပဲ။  အိမ်ထောင်ကျပြီး အိမ်ထောင်ရေးကံမကောင်းကြတာ ၊ စီးပွားရေးအဆင်မပြေကြတာ ၊ အလုပ်အကိုင်မကောင်းကြတာတွေလဲ ခဏခဏမြင်ရတွေ့ရနေဆဲပါ။ 

   အိမ်ထောင်ရေးတော့ အဆင်ပြေပါရဲ့ အလုပ်က 

မကောင်းဆိုတာတွေ ...

စီးပွားဖြစ်ပေမဲ့ အိမ်ထောင်ရေးကတော့  

တကျက်ကျက်ဆိုတာတွေ.....

အိမ်ထောင်ရေး စီးပွားရေးကောင်းပေမဲ့ ယောက္ခမနဲ့ အဆင်မပြေတာ/ယောက်ဖနဲ့ အဆင်မပြေတာ/ 

ယောင်းမတွေနဲ့ အဆင်မပြေတာတွေ ....

စသည်ဖြင့် တစ်မျိုးပြီး တစ်မျိုး ဖြစ်နေကြပါတယ်။ 

ကျွန်တော်ဘက်ကတော့ လာမေးသမျှလူအားလုံးကို မိမိတတ်သည့် ပညာဖြင့် ကူညီပေးနေကြပါပဲ။ 

   အိမ်ထောင်ရေးသာယာဖို့ အဆင်ပြေဖို့ စီရင်ပေးခဲ့ပေါင်းများပါပြီ။ အချိုယတြာတွေက အိမ်ထောင်ရေးတော့ အဆင်ပြေပါရဲ့ ...စီးပွားရေးကိုတော့ အထောက်အပံ့မဖြစ်စေပါဘူး။ အချို့အစီအရင်တွေဆိုလဲ စီးပွားရေးတော့ ကောင်းပါရဲ့ ...အိမ်ထောင်ရေးသာယာမှုကိုတော့ မပေးစွမ်းပါဘူး။ အခု ကျွန်တော်

ပေးမဲ့ ယတြာလေးက အိမ်ထောင်ရေးသာယာစေမည့်အပြင် စီးပွားရေး၊အလုပ်အကိုင်၊ လူမှုရေးစတဲ့ အဘက်ဘက်က အဆင်ပြေလာမဲ့ နည်းလေးပါ။ တစ်သက်တာ စီရင်လို့ ရတဲ့ ယတြာလေးပါ။ ကဲလိုက်မှတ်ထားလိုက်ရအောင်ဗျာ..

တနဂၤေႏြသားသမီး 

  တနင်္ဂနွေနေ့ မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ အုန်း ၆ညွှန့်၊ ရွက်လှ ၁၇ညွှန့် ၊ မေမြို့ပန်း ၁၉ပွင့် လှူဒါန်းဆုတောင်းရမည်

တနလၤာသားသမီး 

     တနင်္လာနေ့ မနက်၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ ကံ့ကော် ၁၅ညွှန့် ၊ သပြေ ၂၁ညွှန့်၊ မေမြို့ပန်း ၁၉ပွင့် လှူဒါန်းဆုတောင်းရမည်။

အင်္ဂါသားသမီးများ

      အင်္ဂါနေ့မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ  

ဇော်စိမ်း ၈ညွှန့်၊ နှင်းဆီ ၁၀ပွင့် ၊သပြေ ၂၁ညွှန့်

လှူဒါန်း ဆုတောင်းရမည်။ 

ဗုဒ္ဓဟူးသားသမီးများ 

      ဗုဒ္ဓဟူးနေ့မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ ရွက်လှ ၁၇ညွှန့် ၊ အုန်းညွှန့် ၆ညွှန့်၊ နှင်းဆီ ၁၀ပွင့် လှူဒါန်း ဆုတောင်းရမည်။ 

ကြာသပတေးသားသမီးများ 

    ကြာသပတေးနေ့ မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ မေမြို့ ၁၉ပွင့် ၊ကံ့ကော် ၁၅ညွှန့်၊ အုန်း ၆ညွှန့် လှူဒါန်း ဆုတောင်းရမည်။ 

သောကြာသားသမီးများ 

    သောကြာနေ့ မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ သီဟို ၂၁ညွှန့်၊ ဇီး ၈ညွှန့် ၊ ကံ့ကော် ၁၅ညွှန့် လှူဒါန်း ဆုတောင်းရမည်။ 

စနေသားသမီးများ 

     စနေနေ့ မနက် ၉:၄၅မိနစ်မှာ အိမ်ကဘုရားမှာ

ဒန်းပန်း/ဓနိ/ဒေါန/ထန်း -- ၇ပွင့်/ညွှန့် ၊ ရွက်လှ ၁၇ညွှန့်၊ ဇီး ၈ညွှန့်  လှူဒါန်း ဆုတောင်းရမည်။  

   ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။ ခက်ခဲတဲ့ အစီအရင်လဲ မဟုတ်ဘူးလေ...၊ 

မွေးနေ့တိုင်းပြုလုပ်ပေးရုံပါပဲ။ ၇ကြိမ်လောက်စီရင်လိုက်ပြီဆိုရင်တော့ ထူးထူးခြားခြားသိသာစွာ အဆင်ပြေလာပါလိမ့်မယ်။ သာယာတဲ့ အိမ်ထောင်ရေးကိုပျော်ရွှင်ချမ်းမြေ့စွာ တည်ဆောက်အောင်မြင်နိုင်ကြပါစေ။ 

       ၇ရက်သားသမီးအပေါင်း 

       ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

               ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

              Viber Only( 09775555695)

Comments