Skip to main content

ကလေးနာမည်ပေးကြရာဝယ်



ကလေးနာမည်ပေးတာမျိုးတွေ လုပ်ငန်းနာမည်၊
ဆိုင်နာမည်ပေးတာတွေက ဗေဒင်ဆရာတွေအနေနဲ့
လက်ပွန်းတသီးအမြဲကြုံရတဲ့ကိစ္စတွေပါ။ ဒါပေမဲ့ ထိုကိစ္စရပ်တွေ မေးတဲ့သူနဲ့ ဟောကြားသူတွေရဲ့ကြားမှာ နားလည်မှုတွေ အပြန်အလှန်လေးစားမှုတွေ ရှိဖို့တော့လိုပါတယ်။ အထူးသဖြင့်ယုံကြည်မှုပါ။ မယုံကြည်ရင် အစောကတည်းက မမေးတာပဲကောင်းပါတယ်။ ပြီးမှ "ဗေဒင်ဆရာပေးလိုက်တဲ့နာမည်ကောင်းမှကောင်းပါ့မလား "ဆိုတဲ့ သံသယဝင်နေရင်တော့မကောင်းပါဘူး။
အချို့က ဗေဒင်ဆရာပေါင်းစုံဆီက နာမည်တောင်းပါတယ်။ အဲဒီထဲကမှအဆင်ပြေရာ မိမိကြိုက်ရာရွေး
ပေးတာမျိုးတွေလဲရှိနေပါတယ်။ ဒါကတော့ မိမိငွေကြေးတတ်နိုင်လို့ မေးတာဆိုတော့ မတားလိုပါဘူး။
ဘယ်နာမည်ပေးပေး ကလေးအတွက် ကောင်းမွန်မှန်ကန်တဲ့ နာမည်ဖြစ်ဖို့လိုပါတယ်။ နာမည်ပေးကို
အချို့က ပုံသေပေးနေကြတာမျိုးတွေ မြင်ရမှာပါ။ ဘယ်နေ့ဆို ဘယ်နာမည် ....။ တနင်္လာဆိုဒီနာမည် ..
စသည်ဖြင့် ပုံသေကားချပ်ပေးနေကြပြန်သည်။
ကလေးရဲ့ ဇာတာက်ုမစစ်တော့ ။ နေ့နံကြားတာနဲ့ နာမည်ပေးလိုက်ကြပြန်သည်။
အဲဒီတော့ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကိုနာမည်မှည့်ခေါ်တော့မယ်ဆိုရင် ဆရာကောင်းတစ်ဦးရွေးချယ်ပါ။ ထိုဆရာကိုလဲ တကယ်ကောင်း၏မကောင်း၏ လေ့လာပါအုံး ။ အခုကာလက အလွယ်လမ်းလိုက်သော ခါတော်မှီ ဗေဒင်ဆရာတွေများနေလို့ပါပဲ။
ဗေဒင်ပညာနဲ့အသက်မွေးလာတဲ့ကာလရှည်ကြာလာတဲ့နဲ့အမျှ နာမည်တွေနဲ့ ပက်သက်ပြီး အားနည်းမှုတွေသတိထားမိပါတယ်။
နာမည်ရဲ့ ဆိုးကျိုးတွေအလှည့်ကျချိန်လဲဖြစ်၊ ကံအားကလဲနည်းနေချိန်နဲ့သာ တိုက်ဆိုင်လိုက်မယ်ဆိုရင် ပြင်းပြင်းထန်ထန် ဒုက္ခများရတာမျိုး မြင်ရတွေ့ရကြုံခဲ့ရပါပြီ။
ဒါကြောင့်နာမည်ပေး လာအပ်ကြပြီဆိုရင် ကျွန်တော်အနေနဲ့အချိန်ယူရပါတယ်။ ကလေးရဲ့ဇာတာစစ်ဆေးတာအပြင် မိဘတွေရဲ့နာမည်၊ ကလေးငယ်ရဲ့အသားအရောင် ၊ ကလေးငယ်ရဲ့အရပ်အမောင်း စသည်တို့ကိုချိန်ဆရပါတယ်။ ထိုသို့ ချိန်ဆပြီးကာမှ ပေးသင့်တဲ့အက္ခရာတွေ ရွေးထုတ်ရပါတယ်။ နောက်ပြီး ကလေးငယ်ရဲ့ဇာတာက အိမ်ထောင်ရေးအားနည်းသူဆို တနင်္ဂနွေဂြိုဟ်အားကောင်းအောင် စဉ်စားပေးရပြန်ပါတယ်။ နာမည်မှာ (- ှ) ဟထိုးတွေ မပါအောင်၊ (း)ဝစ္စနှစ်လုံးပေါက် နည်းအောင် ထပ်မံစဉ်းစားရပြန်ပါသေးတယ်။
ဒါတွေကိုမသိတဲ့ မိဘတွေက နာမည်ဆန်းဆန်းတွေ သူများနဲ့မတူတဲ့နာမည်တွေ ပေးဖို့ ထပ်တောင်းဆိုလာပြန်ပါတယ်။ နာမည်မဆန်းချင်ပါနဲ့ ။ နာမည်ရိုးလို့ ဘာမှမဖြစ်ပါ။ ဆန်းလွန်းရင်တောင် ဒုက္ခများပါလိမ့်မယ်။ ဗေဒင်ဆရာတွေလဲ ခေတ်ကို ရင်ဘောင်တန်းနေကြသူတွေပါ။ ခေတ်နဲ့အညီနာမည်လေးတွေရွေးချယ်ပေးပါလိမ့်မယ်။
ဒီနှစ် ၁၃၇၉ခုနှစ်အတွင်းမွေးဖွားလာကြမဲ့ ကလေးငယ်တွေကို နာမည်တွေချယ်ကြရာမှာတော့ အောက်ပါနာမည်တွဲတွေကို ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ။
တနင်္ဂနွေ နဲ့ သောကြာ နာမည်တွဲများ။
ဥပမာ.အောင်သိန်း၊ အောင်သန်း၊အိအိသင်း၊အေးမြတ်သူ၊သင်းသင်းအေး၊သန်းအောင် စတဲ့နာမည်များ
တနင်္လာ နဲ့..ကြာသာပတေး နာမည်တွဲများ
ဥပမာ...ကျော်ဖြိုးပိုင်၊ ခန့်မင်းပိုင်၊ ခင်ပွင့်ဖြူ ၊ ငြိမ်းမြင့်မိုရ်၊ပိုင်စိုးကျော်၊ မြတ်ကို၊ ဖူးပွင့်ခိုင်၊ ဖြိုးဖြိုးငြိမ်း စတဲ့နာမည်များ
အင်္ဂါ နဲ့ ..ဗုဒ္ဓဟူး/ရာဟု နာမည်တွဲများ
ဥပမာ..စိုးသူရ၊ စန်းဝင်း ၊ စံယုယ၊စွဲသီရိ၊ လင်းလင်းစိုး ၊ဝင်းဆွေ၊ လဲ့လဲ့စိုး ၊ယွန်းယွန်းစံ စတဲ့နာမည်များ
စနေ နဲ့ စနေ နာမည်တွဲများ
ဥပမာ..ထွန်းထွန်း၊ တင်ထွန်း၊ ထူးမြတ်နိုင်၊ တင်ကိုကိုထွဋ်၊ ထက်ရတီ၊ထွေးနု စတဲ့နာမည်တွဲများ
အထက်ပါနာမည်တွဲတွေက ပက္ခတွဲတွေပါပဲ။ အထူးရှောင်သင့်တဲ့ နာမည်တွဲတွေပါ။
ထိုပက္ခတွဲများဖြင့်...အမည်များကို အစ + အဆုံးပြုပြီး.လုံးဝ မမှည့်သင့်ပါဘူး။
ဒီ၁၃၇၉ ခုနှစ်အတွင်း ထိုအမည်တွဲ(ပက္ခအတွဲ)နာမည်တွေကို မိမိရင်သွေးငယ်အားမှည့်ခေါ်မိလိုက်ပြီ ဆိုရင်တော့ ကလေးငယ်အတွက် အနာဂတ်မှာဆိုးကျိုးလေးတွေကြုံ တွေ့ရလာနိုင်ပါတယ်။
ဒါကြောင့်မိဘတွေအနေနဲ့မိမိရင်သွေးငယ်ကို အမည်ရွေးချယ်ရာမှာ ပက္ခနာမည်တွဲတွေကို
ရှောင်နိုင်ဖို့ ရေးသားတင်ပြလိုက်ရပါကြောင်း......
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...