Skip to main content

ကောင်းဆိုးနှစ်တန် သန်စွမ်းလှသော အမည်များ ================================



ရေးမှဖြစ်တော့မယ်ထင်လို့ ရေးလိုက်တာပါ။
လက်ရှိမြန်မာပြည်မှာ အမှည့်အများဆုံး အမည်တွဲမှည့်ခေါ်ပုံတစ်ခုကို မောင်ဖုန်းသတိထားမိတာကြာခဲ့ပါပြီ။
ဒီအမည်တွဲတွေကတော့ .....
(၁) တနင်္ဂနွေ + တနင်္လာ + ကြာသာပတေး တွဲ၍မှည့်ခြင်း
(၂) တနင်္လာ + အင်္ဂါ + သောကြာ တွဲ၍ မှည့်ခြင်း
(၃) အင်္ဂါ + ဗုဒ္ဓဟူး/ရာဟု+ စနေ တွဲ၍ မှည့်ခြင်း
(၄) ဗုဒ္ဓဟူး + ကြာသာပတေး+ တနင်္ဂနွေ တွဲ၍မှည့်ခြင်း
(၅) ကြာသာပတေး + သောကြာ + တနင်္လာ တွဲ၍ မှည့်ခြင်း
(၆) သောကြာ + စနေ + အင်္ဂါ တွဲ၍ မှည့်ခြင်း
(၇) စနေ + တနင်္ဂနွေ + ဗုဒ္ဓဟူး တွဲ၍ မှည့်ခြင်း တွေပါပဲ။
ဒီအမည်တွဲမျိုးတွေ မှည့်ခေါ်ခြင်းသည် ကောင်းမွန်ပါသလား
--------------------------------------------------------------------
သင့်ခဲ့ရင် သိပ်ကောင်းကျိုးပေးပါတယ်။ မသင့်ခဲ့ရင် သိပ်ဆိုးကျိုးပေးပါတယ်။
ဒီအမည်တွဲတွေ မှည့်ခေါ်တော့မယ်ဆိုရင် အလွန်သတိထားသင့်ပါတယ်။
ကလေးဖွားမြင်တဲ့ မဟာဘုတ်ဇာတာနဲ့မညှိနှိုင်းဘဲ...မွေးနံသက်သက်ဖြင့် လုံးဝ မမှည့်ပေးသင့်ပါ။
ဒီအမည်တွဲတွေသည်....အလွန်ကောင်းကျိုးပေးသော အချိန်ကာလ (ဒသာများ) ၊ အသက်ပိုင်းများ....ကြုံသလို..၊
အလွန်ဆိုးကျိုးပေးတတ်သော အချိန်ကာလ (ဒသာများ) နဲ့ အသက်ပိုင်းတွေလည်း ကြုံစေပါတယ်။
တနည်းအားဖြင့် ကောင်းကျိုးမှာထက်သန်စွာပေးနိုင်သလို...ဆိုးကျိုးပေးသည့်အခါတွင်လည်း လက်သံပြောင်ပြောင် ပေးတတ်ပါတယ်။ ကောင်းအားဆိုးအား သာမန်ထက် အတိုင်းအဆများသော အမည်တွဲတွေလို့ ဆိုနိုင်ပါတယ်။
ကောင်းကျိုး ပေးချိန် နဲ့ ဆိုးကျိုးပေးချိန်များကိုလည်း ဆိုင်ရာနေ့နံများအလိုက် ..အတိအကျ တွက်ယူလို့ရပါတယ်။
ကျွန်တော်အခုရေးသည့်စာသည် ...ဗေဒင်ပညာလုံးဝနားမလည်သေးသူများသာမက...
ဗေဒင်ပညာဖြင့် အသက်မွေးနေသူများအတွက်ပါ အရေးကြီးသော သတိပြုသင့်သော ...အချက်များ ဖြစ်ပါတယ်။
မှည့်သင့်သောဇာတာ နှင့် မမှည့်သင့်သောဇာတာ
----------------------------------------------------------
ဒီအမည်တွဲတွေကို ..
ဥပမာအားဖြင့် ယခု ကဲ့သို့သော ၁၃၇၉ခုနှစ်မျိုးမှာ ဆိုရင်..
(၃) အင်္ဂါ + ဗုဒ္ဓဟူး/ရာဟု+ စနေ တွဲ၍ မှည့်ခြင်း ဆိုသည့် အမည်တွဲတွေကို ..
ဘယ်နေ့သားသမီးမျိုးအတွက်ပဲ ဖြစ်စေ...လုံးဝ ရှောင်ရှားပြီး မှည့်သင့်ပါတယ်။
ဥပမာအားဖြင့် စိုးဝင်းထွန်း ၊ ထွန်းလင်းဇော် ..စသည်ဖြင့် ဘယ်နေ့သားသမီးအတွက်ပဲ ဖြစ်စေ...လုံးဝမမှည့်သင့်ပါ။
အရွယ်ရောက်နေပြီးဖြစ်သည့် ...ထိုကဲ့သို့သော အမည်ရှင်တွေကိုသာ ဒီတစ်နှစ်မှာ .ကြုံနေရသည့်..သူတို့ကံအခြေအနေကို ..စူးစမ်းကြည့်လိုက်ပါ။ အနဲနဲ့အများ ပုံပေါ်လာပါလိမ့်မယ်။ မနှစ်က (၁၃၇၈ခုနှစ်) တုန်းကဆို....တနင်္လာ+အင်္ဂါ+သောကြာ အမည်တွဲပိုင်ရှင်တွေ...ကံထူးထူးခြားခြား အညံ့ကြံုနိုင်သော နှစ်မျိုး ဖြစ်ခဲ့ပါတယ်။ (ဒီနေရာမှာ ...ထိုအမည်ရှင်တွေထဲက ဒသာပါတိုက်ဆိုင်ဆိုးရွားမှုကြံုနေသူမျိုးတွေ ဆို...အသက်အိုးအိမ်စည်းစိမ်ပျက်ပြား စေသည်အထိ...ကံအညံ့ပိုင်း ဖြတ်သန်းချိန်များ ဖြစ်လာစေပါတယ်။)
မှည့်သင့်သော ဇာတာအနေအထားအရ ကိုက်ညီခဲ့မယ်ဆိုရင်တော့...ဒီအမည်ရှင်တွေအဖို့ ...သာမန်ထက် ထူးခြားစွာ အောင်မြင်ထွန်းပေါက်ခြင်း၊ ကံကောင်းထောက်မမှု ဘဝတွင် သိသိသာသာ ကြုံရလေ့ရှိခြင်း ...တို့ကို ရရှိနိုင်စေပါတယ်။
ဘာပဲဖြစ်ဖြစ်...
ဗေဒင်ပညာကို နားမလည်ဘဲ မှည့်လို့ပဲဖြစ်ဖြစ်...
ဗေဒင်ပညာနဲ့ အသက်မွေးပြီး မှည့်လို့ပဲဖြစ်ဖြစ်....
ဒီအမည်တွဲတွေကို လက်လွတ်စပယ်တော့ ကလေးငယ်တွေကို မမှည့်ပေးစေလိုပါခင်ဗျာ။ မူလနေ့နံ ၊ မူလမဟာဘုတ်ဇာတာ စသည်ဖြင့် (အနုစိတ်အဆင့်မှာဆို မွေးချိန်မဟာဘုတ်ဇာတာအရပါ ထပ်ဆင့်ညှိသင့်ရင် ညှိပေးရပါတယ်။) တို့မှာ....တစ်ကယ်သင့်တင့်တယ် ဆိုမှသာ စိတ်ချလက်ချမှည့်ပေးသင့်ပါတယ်။
ကောင်းရင် ထက်ထက်မြက်မြက် ..သိပ်ကောင်းမှာ ဖြစ်ပေမယ့် ..
ဆိုးရင်လည်း ..လက်သံပြောင်ပြောင် ..အလွန်ဆိုးစေတတ်ပါတယ်။
ပညာရပ်ဆိုင်ရာ အကြောင်းအကျိုးတွေ ကျွန်တော့်ထည့်မရှင်းပြခဲ့ပါ။ သို့သော် ..ဘယ်အချိန် အသက်ပိုင်းတွေ...
ဘယ်နှစ်နှစ် ဘယ်နှစ်လ ဘယ်နှစ်ရက် ကနေ....ဘယ်အထိ....ကောင်းနိုင် ဆိုးနိုင်တယ် ဆိုတာကအစ...အတိအကျ တွက်ယူလို့ ရတယ်ဆိုတာ ပြောခဲ့ပါရစေ။
ကလေးအမည်ပေးတယ်ဆိုတာ...
ကလေးတွေရဲ့ ကံလမ်းကြောင်းပေါ်မှာ ...ကလေးမိဘတွေ ပူဇော်သော ဉာဏ်ပူဇော်ခကို ယူပြီး..ကလေးအတွက် မေတ္တာရှေ့ထား..
.ကောင်းစေလိုသော စေတနာရှေးရှုလျက် ...
အမည်သညာ ပေးရခြင်း ပါ။
ငါဆရာပဲ ၊ ငါလုပ်တာအမှန် ဆိုရုံနဲ့ ....အဖြေမှန် မထွက်နိုင်သလို....၊ စေတနာကောင်းရုံနဲ့လည်း ..ပညာအမှန် မရောက်နိုင်ပါ။
ပညာ နှင့် စေတနာ ထပ်တူကျ...မျှတစွာ ပေးနိုင်ကြသည် ဖြစ်ကြပါစေ။
လေးစားစွာဖြင့် 

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...