Skip to main content

" ချစ်ခရီးလမ်း သာယာ ချမ်းမြေ့စေချင်"



တပို့တွဲလပြည့်ပြီးလေ အချမ်းပိုလာလေလို့ ပြောရမလိုပါဘဲ။ ဒီနှစ်ဆောင်းကတော့ အေးလွန်းသည်ဟုထင်မိသည်။ မနေ့ညက ချည်ထည်ပါးပါးလေးဝတ်ရင်း အိပ်ပျော်သွားတာကြောင့် ယနေ့အအေးပတ်ပြီးလူကဖျားချင်သလို ဖြစ်နေသည်။ နှာစေးနှာမွှန်ရာကစလို့ လူကခေါင်းပါကိုက်လာလေသည်။ ဒါကြောင့်ပဲ အိပ်ရာထဲမှာ ဆေးသောက်ပြီး မှိန်းနေမိသည်။ ဖုန်းတွေလဲ Silent လုပ်ပြီး ဝေးဝေးမှာထားလိုက်သည်။
အိပ်ရာဘေးမှာရှိတဲ့ နံရံကပ်စာအုပ်စင် ကနေစာအုပ်တစ်အုပ်ယူပြီး ဖတ်နေမိသည်။ ရသစာပေလေးတွေ ကျွန်တော်မြတ်မြတ်နိုးနိုး ဖတ်လေ့ရှိသည်။ ဦးဝင်းငြိမ်းရဲ့ ရွှေစုစည်းမှုတွေ၊ လင်းလွန်းခင်စိတ်ကြိုက် ၀တ္ထုတို စုစည်းမှုတွေကိုတခုတ်တရ ဖတ်မိနေသည်။
စာဖတ်ကောင်းတုန်း ကျွန်တော့မိတ်ဆွေ ဆရာလေးရောက်လာလေသည်။ ကျွန်တော်ထက်ငယ်ပေမဲ့ ဗေဒင်ဆရာပဲဖြစ်တာကြောင့် နာမည်တပ်ပြိးမခေါ်ဘဲ ဆရာလေးလို့သာခေါ်လေသည်။ သူကလဲကျွန်တော်ကို အဖျားဆွတ်ပြီး
ဆရာငြိမ်း ဟုခေါ်လေသည်။
“လာလေ ဆရာလေး လမ်းကြုံဝင်လာတာလား”
"လမ်းကြုံမဟုတ်ပါဘူးဗျာ ဒီကိုပဲသပ်သပ်လာတာ ဖုန်းဆက်တာမကိုင်လို့လေ နေများမကောင်းလို့လားလို့…..အခုတော့ထင်တဲ့အတိုူင်းပဲ "
ဆရာလေးကစိုးရိမ်တဲ့ အသံနှင့်ပြောလေသည်။
"နေမကောင်းတာရယ်လို့တော့ မဟုတ်ပါဘူး အအေးပတ်ပြိးဖျားချင်သလိုဖြစ်တာပါ"
"ဂရုစိုက်ဗျ …ဒီနှစ်က ဆရာငြိမ်းက ဘုမ္မိနှစ်ထပ်အပြင် မရဏသက်ရောက်ထဲရောက်နေတာဆိုတော့သတိထားနိုင်မှ တော်ကာကျမှာလေ"
မိတ်ရင်းဆွေရင်းတွေဖြစ်တာကြောင့် တစ်ယောက်မွေးသက္ကရာဇ်တစ်ယောက်သိနေသည်။
"အခုလိုစိတ်ပူပြီးတကူးတကလာမေးတာ ကျေးဇူးပါဆရာလေးရယ်"
"ဒါနဲ့ဆရာလေးရော ဗေဒင်ဟောရတာ အဆင်ပြေရဲ့လား"
သူက သိပ်မကြာသေးခင်ကမှ ဟောခန်းဖွင့်ထားတာဆိုတော့ တွေ့တိုင်း အဆင်ပြေလားမေးမိသည်။
"ပြေပါတယ် ဆရာငြိမ်းရယ်လူငယ်ဗေဒင်ဆရာမို့လားမသိဘူး အချစ်ရေးအိမ်ထောင်ရေးကိစ္စတွေအများဆုံးလာမေးကြတယ်"
လူငယ်ဗေဒင်ဆရာလေးဆီ လူငယ်တွေရဲ့ အခက်အခဲတွေလာမေးလေ့ရှိတာခဏခဏကြုံရစမြဲပင်။
"အချစ်ရေးကိစ္စတွေ ဟောမယ်ဆိုဆရာလေးသတိတော့ထားဗျ ..စကားမကျွံစေနဲ့ဗျ ..လူစိတ်ဆိုတာချစ်သူနဲ့ အဆင်မပြေရင် တစ်မျိုး...ပြေရင်တစ်မျိုးလေဗျာ...ကိုယ်က ကြားကငါပွကြီးဖြစ်တတ်တယ်နော်"
"သတိထားမယ်ဆရာငြိမ်းရေ "
ကျွန်တော်ပြောစကားတိုင်း သူကအလေးအနက် ခံယူတတ်သူပါ။
"ဒီဘက်ခေတ်က သစ္စာတရားကိုပြတိုက်မှာသွားရှာရမဲ့ခေတ်ဖြစ်နေတာလေ
အခုမြင်အခုကြိုက်ကတော်သေးတယ်…လိုင်းပေါ်မှာမြင်ပြီးလိုင်းပေါ်မှာကြိုက်ပြီး လိုင်းပေါ်မှာပဲအသည်းကွဲသွားကြသူတွေက ယတြာလာတောင်းတာတွေရှိသေးတယ်... လူလဲအပြင်မှာမတွေ့ဘူး၊ ဘယ်မှာနေလဲ မသိ ၊မွေသက္ကရာဇ်ဆိုဝေးရောပေါ့ "
ဆရာလေးက ကျွန်တော့်စကားကြားတော့အားရပါးရ ရယ်လေသည်။
"ဟုတ်တယ် ဆရာငြိမ်းရေ …အဆင်ပြေတုန်းဆို ဗေဒင်မေးဖို့ဇာတာတိုက်စစ်ဖို့ သတိမရဘူး..မရှူနိုူင်မကယ်နိုင်ဖြစ်ပြီး ချစ်သူက သစ်စိမ်းချိုးချိုးပြီဆိုမှပဲ ဗေဒင်ဆရာဆီပြေးလာကြတာလေ "
စကားပြောကောင်းနေတုန်း ကျွန်တော့်ဇနီးက ကော်ဖီနှင့်မုန့်လာချပေးလေသည်။
"သောက်အုံး ဆရာလေး"
"ဟုတ်ကဲ့ဆရာငြိမ်း"
"ဒါနဲ့စကားမစပ် ဆရာငြိမ်း က အချစ်ရေးသောကကြုံသူတွေကို ဘယ်လိုယတြာတွေ ပေးလဲ "
"ဒီလိုမေးတော့ ဖြေဖို့တော့ခက်တယ်ဗျ ၊ ရောက်ဆဲအသက်ရဲ့ ကံအနေအထားကိုချိန်ဆရသေးတယ်...အကြမ်းဖျင်း ပြောရရင်တော့
ပထမဦးစွာ ယတြာမပြောခင် သူတို့နှစ်ဦးရဲ့စရိုက်သဘာဝကိုပြောပြတယ်
စရိုက်နှစ်ခုဆန့်ကျင်ဘက်ဖြစ်တဲ့ အချက်လေးတွေထောက်ပြတယ် ဆောင်ရန်ရှောင်ရန်
သဘောမျိုးပေါ့ဗျာ ….အဲလိုပြောပြီးမှပဲ ယတြာကဏ္ဍကိုထပ်ပြောတာပေါ့ "
"ဆရာငြိမ်းပြောတာလဲဟုတ်နေတာပဲ သူ့စရိုက် ကိုယ့်စရိုက်သိမှပဲ သူမကြိုက်တာရှောင်နိုင်မှာပေါ့လေ"
ဆရာလေးက ခေါင်းတညိတ်ညိတ်နှင့် စဉ်းစားခန်းဝင်နေလေသည်။
"ယတြာကတော့ ဆရာလေးလဲသိမှာပါ ချစ်သူနှစ်ဦးရဲ့ နေ့နံပန်းတွေကို နှစ်မျိုးပေါင်းပြီး
မွေးနံထောင့်မှာလှူ ခိုင်းတာပါပဲ "
"ဒါဆို ဗုဒ္ဓဟူးသားနဲ့ ကြာသပတေးသမီးဆို ရွက်လှပန်းနဲ့မေမြို့ပန်းတွဲပြီး ဘုရားလှူရမှာ
ပေါ့နော်…အရေအတွက်က ဂြိုဟ်သက်အတိုင်းပဲလား….."
"ဂြိုဟ်သက်အတိုင်းဆိုလဲရတယ် …ဒါမှမဟုတ် ပန်းနှစ်မျိုးပေါင်းပြီးမိမိလက်နဲ့ ကိုင်ကြည်လို့ လက်တစ်ဆုပ်စာရှိတယ်ဆိုရင်လဲ ရတယ်ဗျ
နောက်တစ်မျိုးကတော့ ဗုဒ္ဓဟူးဂြိုဟ်ကို ကောင်းအောင်လုပ်ပေးတာပါပဲ။
ဘုရားရှင်ကို ရွှေဆိုင်း ရွှေသင်္ကန်းကပ်လှူတာ၊ ရေသပ္ပာယ်တာ ရေလှူတာ၊အအေး၊ကော်ဖီကပ်လှူတာမျိုးတွေ ခဏခဏလုပ်ပေးသင့်တယ်"
" နောက်ပြီး လသာတဲ့ရက်တွေဆိုရင် ဖန်ခွက်လှလှလေးတစ်လုံးထဲရေထည့် လရောင်ကျတဲ့နေရာမှာထား အဲဒီလရောင်ဆမ်းထားတဲ့ ရေကိုသောက်ပေးရင်လဲ စန်းကောင်းစေပြီး အချစ်ရေးကိုအထောက်အပံ့ဖြစ်စေတယ်ဗျာ"
ဆရာလေးက ကျွန်တော့်စကားကြားတော့ သောက်လက်စ ကော်ျှင်္ကို ချပြီး အားပါးတရ စကားဝင်ပြေသည်။
"ဟုတ်တယ်ဆရာငြိမ်း ..အဲဒီအစီအရင်ကတော့ ကျွန်တော်လဲကြားဖူးတယ် ...သူများတော့ မပေးဖြစ်သေးဘူး"
"ဒါနဲ့ ဆရာငြိမ်း .. ချစ်သူနှစ်ဦး ချစ်ခရီးလမ်းသာယာဖို့ ဘယ်အချက်တွေအဓိကကျမယ်ထင်လဲ.. "
"အဲဒါကတော့ နှစ်ယောက်စလုံးပေါ်မှာပဲမူတည်တယ်ဗျ ...ကျွန်တော့်စိတ်ထင်ပြောရရင်တော့ မေတ္တာနဲ့ သစ္စာပဲ...
အချစ်တစ်ခုတည်ဆောက်ရာမှ အဲဒီနှစ်ချက်က အဓိကမဏ္ဍိုင်ပဲဗျ"
ကျွန်တော်ပြောတဲ့စကား သိပ်နားလည်ပုံမရပေ။
ခေါင်းကုပ်ပြီး စဉ်းစားနေလေသည်။
"ဒီလိုဗ်
ချစ်သူအပေါ်မေတ္တာနဲ့ယှဉ်တဲ့ စိတ်ထားမျိုးထားနိုင်ရမယ်...ချစ်သူနှစ်ဦးလုံး အဲဒီစိတ်ရှိရမယ်ဗျာ။ ရှင်းအောင်ပြောရရင် မေတ္တာဆိုတာ..သူတစ်ပါးရဲ့အကျိုးကို လိုလားတဲ့စိတ်ကို မေတ္တာလို့ခေါ်တာဗျ ...အဲလိုစိတ်မျိုးချစ်သူနှစ်ဦးစလုံးမှာရှိသင့်တယ်..."
"သစ္စာကတော့ အထူးပြောစရာမလိုဘူးထင်ပါတယ်..
ချစ်သူဘဝ သစ္စာတရားတစ်ယောက်အပေါ်တစ်ယောက်ရှိရမယ်... လက်ထပ်ဖို့ ရည်ရွယ်ပြီးမှ ချစ်ခွင့်ပန်သင့်တာပေါ့ဗျာ ... ချစ်သူဘဝနှစ်ဦးသဘောတူ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲတာကတော့ ဘာမှပြောစရာမလိုဘူးပေါ့ဗျာ...လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ချစ်သူအပေါ် ကိုတော့ သစ္စာစောင့်သိရမယ်ဗျ၊ ကြောရုံမကြံရဘူး
ဒီလောက်ဆို ဆရာလေး နားလည်မှာပါ.."
"နားလည်ရုံတင်မကဘူး ...ခေါင်းထဲမှပါရှင်းသွားပါပြီ...ဆရာငြိမ်းလဲ နားလိုက်အုံး...နေကောင်းမှ ဆိုင်
တစ်ဆိုင်မှာ တစ်ခုခုလိုက်ကျွေးမယ်
ဟုတ်ပါပြီဗျာ....
၇ရက်သားသမီးအပေါင်း
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။
ငြိမ်းအေးလူ (ဗေဒင်သုတေသီ)
Viber Only( 09775555695)

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...