Skip to main content

မျက်နှာမများနဲ့ချစ်သူရယ် ...



တစ်နေ့သ၌ မိန်းခလေးတစ်ဦးသည် ကျွနု်ပ်ဆီ၌ လက္ခဏာလာကြည့်၏။ သူမ၏ညာလက်ဝါးပြင်ရှိ နှလုံးလမ်းကြောင်းသည် ကျွန်းသဏ္ဌာန်သံကွင်းဆက်အနည်းငယ်ရှိနေ၏။ လမ်းကြောင်းအဖျားသည် ခက်ရင်းခွသဏ္ဌာန်ဖြင့်အဆုံးသတ်ကာ လမ်းကြောင်းတစ်ခုက လက်မဘက်သို့ကွေးဆင်းသွား၏။ အိမ်ထောင်ရေးလမ်းကြောင်းမှာမူ အပြစ်ကင်း၏။ ထူးခြားချက်ကား ... အသက်လမ်းကြောင်းဘေး ( လက်မခြေရင်းအနီး ) ၌ရုတ်တရက်ကြည့်လျှင် အရံအသက်လမ်းကြောင်း ( အင်္ဂါလမ်းကြောင်း ) သဖွယ် လွမ်းရောင်ခြည်လမ်းကြောင်းလေးပါရှိနေခြင်းဖြစ်၏။ ထို့ကြောင့် ကျွနု်ပ်က ...
" လက္ခဏာအရ သမီးမှာ နှလုံးရောဂါအခံရှိနေတာကို ဆရာသိပါတယ်။ ဒါပေမယ့် ... ဟောသင့်ဟောထိုက်လှတဲ့ဟောချက်တွေကို ဆရာဟောပါရစေ။ ဒီအတွက် သောကရောက်နေဖို့တော့မဟုတ်ပါဘူး။ သမီးအနေနဲ့ဆင်ခြင်သင့်တာဆင်ခြင်ပြီး၊ ရှောင်သင့်တာရှောင်နိုင်အောင်လို့ပါ။ " ဟုနိဒါန်းပျိုးလိုက်ရာ မိန်းခလေးက ...
" ဆရာမြင်တာကိုရဲရဲသာဟောပါဆရာ၊ နှလုံးရောဂါရှိတယ်ဆိုတာကဟုတ်ပါတယ်။ ဒါပေမယ့် သမီးခံနိုင်ရည်ရှိမှာပါ။ ... " ဟုဆိုလေ၏။ ကျွန်ုပ်က ...
" သမီးလက္ခဏာက အချစ်ရေးကံမကောင်းဘူးကွဲ့ ... ချစ်သူတွေရဲ့လှည်းစားမှု၊ သစ္စာမရှိမှုကြောင့် သမီးဘဝမှာအမြဲစိတ်ဆင်းရဲနေရလိမ့်မယ်။ ဒါကြောင့် အချစ်ရေးနဲ့ပတ်သက်ရင် လူယုံမထားတာအကောင်းဆုံးပဲ ... " ဟုရှင်းပြလိုက်ရာ သူမကမျက်နှာလေးညှိုးငယ်သွားရင်း ...
" အခုကိုပဲကြုံနေတာပါဆရာ ... အခုသမီးချစ်သူကမျက်နှာများတယ်။ သူ့ဘက်ကသမီးကိုဘယ်လိုသဘောထားတယ်မသိဘူး။ သမီးကတော့သူ့ကိုဘဝလက်တွဲဖေါ်အဖြစ်စဉ်းစားထားတယ်။ ခက်တာက သူ့ရဲ့စိတ်ဟာ သမီးနဲ့တွေ့ရင်တမျိုး၊ ကွယ်ရာကျတမျိုးဖြစ်နေတယ်။ သူ့ရဲ့စိတ်ကလေးတည်ငြိမ်ပြီး သမီးအပေါ်သစ္စာရှိစေချင်တယ်ဆရာရယ် ... " ဟုညည်းညည်းညူညူလေးပြောလေ၏။ ကျွန်ုပ်က ...
" ဒီလိုလုပ်ကြည့်ပေါ့သမီးရယ် ... အခုဆရာပေးလိုက်မယ့် စမအင်းလေးကို သူ့ဓါတ်ပုံမှာ ညှပ်ထားရမယ်။ ဓါတ်ပုံမရှိခဲ့ရင် သူ့နာမည်ရေးထားတဲ့အဝါရောင်စာရွက်လေးကိုညှပ်ပေါ့။ ပြီးရင်တရားစာအုပ်တစ်အုပ်ကြားညှပ်ထားပေးလိုက်။ ရက်ပိုင်းအတွင်း သူဟာသမီးအပေါ်သစ္စာရှိလာပါလိမ့်မယ်။ " ဟုရှင်းပြလိုက်ပါသည်။ စမအင်းမှာအောက်ပါအတိုင်းဖြစ်၏။ မိတ္တူကူး၍ဆောင်ထားနိုင်ပါသည်။
( စာကြွင်း ) အထက်ပါမိန်းခလေး၏လက်ဝါးပြင်အရ အချစ်ကံခေသူဖြစ်သော်လည်း အိမ်ထောင်ကျလျှင်မူ အိမ်ထောင်ဘက်ကောင်းရတတ်ကြောင်းတွေ့ရပါသည်။
Posted by ဝေဒမောင်မောင်
Ref; thutasann

Comments

Popular posts from this blog

နေ့သားအသီးသီးအတွက် မဟာဘုတ်ဟောကိန်းများ

              အောက်ပါဟောကိန်းတွေက ၂၀၁၆လောက်ကတည်းကကျွန်တော့် page မှာတင်ပေးဖူးပါတယ်။ အခုလိုထပ် တင်ပေးရတာကတော့ #အတုအပဆင်တူရိုးမှားတွေ သိပ်များလာလို့ပါ။ ဗေဒင်ပညာကို စတင်ရင်းနှီးခွင့်ရသောအချိန်က   ၁၁နှစ်သားအရွယ် ၅တန်း ကျောင်းသားဘဝ။ ဗေဒင်အချုပ် မဟာဘုတ်ဆိုတဲ့အတိုင်း မဟာဘုတ်ပညာကို စတင်သင်ခဲ့ရသည်။ အဲဒီကစလို့ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇နဲ့စားအကြွင်းကိုဘင်္ဂအိမ်ကနေစပြီး '' အောင် လံ ထူ စစ် သူ ကြီး ပွဲ '' လင်္ကာအတိုင်မဟာဘုတ်တိုင် ထူရမှန်း သိခဲ့သည်။ ကျောင်းသားဘဝကစလို့ သူငယ်ချင်းတွေကို မွေးသက္ကရာဇ်မေးပြီး ဘာဖွားဆိုတာတွက်ပေးနေကြပင်။ ဒါပေမဲ့ ငယ်ရွယ်စဉ်ကာလဆိုတော့ မတွေးတတ် မစဉ်းစားတတ်သေးပေ။ " လှတောမြို့သား အကြွားဆင့် " ဆိုပြီး အိမ်ပိုင်ဂြိုဟ်တွေ သိပေမဲ့ အသုံးမချတတ်ပေ ။ ကျောင်းပညာပြီးဆုံးလို့ ဗေဒင်ပညာလိုက်စားခဲ့ပေမဲ့ မဟာဘုတ် ပညာကို မေ့ထားခဲ့မိတာတော့ ဝန်ခံရမည်သာ။ ဒါပေမဲ့ မဟာဘုတ်ပညာဟာမေ့ထားလို့မရဘူးဆိုတာ အသက်အရွယ်ရလာမှ သိလာခဲ့သည်။ အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့မိသည်။အခုမှမဟာဘုတ်ကို " က , ခ " စလ...

အထွန်းဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ အထွန်းဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသေ...

ရာဇဖွားဟောကိန်း

  မြန်မာ မဟာဘုတ်ဗေဒင်ပညာ ရာဇဖွားဟောကိန်း မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၀ ခုကြွင်းလျှင် ၀ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား ၀ခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား ၀ခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား ၀ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား ၀ခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား ၀ခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား ၀ခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၁ခုကြွင်းလျှင် ၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား ၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား ၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား ၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား ၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား ၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား ၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ ၂ ခုကြွင်းလျှင် ၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား ၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား ၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား ၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား ၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား ၂ ခုကြွင်းသောကြ...